Epilogue (5)
အထက်တန်းအလွှာတွေရဲ့ သားသမီးတွေပဲ တက်ခွင့်ရှိတဲ့ အထက်တန်းကျောင်းတစ်ခု။Renက ပန်းချီကိုစိတ်ဝင်စားတာကြောင့် ပန်းချီခန်းထဲမှာပဲ အမြဲအချိန်ကုန်ဖြစ်တယ်။အဲ့နေ့က Donghyuck ကို ပန်းချီဆွဲပေးမယ်လို့ ကတိပေးထားတာကြောင့် Donghyuck နဲ့Renတို့နှစ်ယောက် ပန်းချီအခန်းထဲ ကျောင်းမဆင်းခင် ရောက်နှင့်နေကြတယ်။Renက အဖြူရောင်ကော်လံပါလက်ရှည်နဲ့ pantအမဲကို သပ်သပ်ရပ်ရပ်ဝတ်ထားတယ်။အရင်တစ်ခေါက်က ညှပ်ထားတဲ့ ကတုံးစထောက်ကေဟာ အနည်းငယ်ရှည်လို့ နဖူးပေါ်ဝဲကြနေတယ်။Donghyuckက ဆံပင်ကောက်ကောက်လေးနဲ့ ဟူဒီကိုပဲ နှစ်နှစ်ခြိုက်ခြိုက်ဝတ်တတ်တဲ့ကလေးရယ်မို့ အခုလို သူကြိုက်တဲ့ပုံစံအတိုင်း ရိုးရိုးရှင်းရှင်းလေးရယ်။ကျန်းမာရေးချူချာသူမို့ အခုလဲ ကျောင်းတစ်လနားထားတဲ့ ကျောင်းသားလေးပေါ့လေ။
"Donghyuck က အဲ့ခုံပေါ်ထိုင်နေလိုက် ကောက ဒီကနေ ကြည့်ပြီး ဆွဲပေးမယ်"
"ကျွန်တော် ဘယ်လိုနေရမှာလဲ "
ပထမဆုံးပန်းချီဆွဲခံရမှာမို့ Donghyuck တစ်ယောက် စိတ်လှုပ်ရှားနေပုံပါ။
"အင်းး ဓာတ်ပုံရိုက်သလို လက်နှစ်ချောင်းထောင်တာတို့ ရယ်တာတို့ ဒီအတိုင်းထိုင်နေလဲရပါတယ်"
"ဟာ ဒီအတိုင်းကြီးကျ တစ်မျိုးပဲ လက်နှစ်ချောင်းထောင်လိုက်မယ် လှလှလေးဆွဲပေးနော်"
Donghyuck က သူ့လက်နှစ်ချောင်းကို ပါးနားထိ မြှောက်ထောင်ပြီး ရယ်ပြနေတာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ကလေးပါလိမ့်။ရယ်လိုက်လို့ မို့တက်သွားတဲ့ပါးလေး ဆွဲဖဲ့ပစ်ချင်လောက်အောင်ထိ အိစက်နေမှာပဲ။ဆံပင်ကောက်ကောက်လေးတွေမြင်တိုင်း Renမှာ အူယားလို့ မဆုံးပါပဲ။
"ကော မပြီးသေးဘူးလား ကျွန်တော် ညောင်းလာပြီ"
"အာ လက်ကို ချလိုက်လို့ရပြီ နည်းနည်းအချောသတ်ပြီးရင် ပြီးပြီရယ်"
"ကော ဘယ်သူ့ပုံတွေဆွဲပေးဖူးလဲ"
"Jenoပုံကို ပထမဆုံးဆွဲပေးဖူးတာ အဲ့တုန်းက သိပ်မဆွဲတန်သေးတော့ Lee jenoတစ်ယောက် သူ့ပုံက မလှပါဘူးဆိုပြီး စိတ်ဆိုးသေးတယ်"