INTO THE UNKNOWN (4)

84 11 8
                                    

INTO THE UNKNOWN (4)

Huang company ကိုသွားတဲ့ လမ်းတစ်လျှောက် Renjun ရဲ့ဒေါသတွေဟာ ကားအရှိန်ကိုပို‌မြန်သွားစေသလို။ကားနောက်ခုံမှာ ထိုင်ရင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိတယ်။

Lee Jeno ပြောတဲ့ ကျောက်သူဌေးယန်အကြောင်း Renjun သိပြီးသားပါရယ်။ထိုလူဘက်ပြောလာသောစကားများကိုတော့ Jenoမှ မသိပါဘဲ။

"ဟွမ်းသခင်လေး ကျွန်တော့်ကို လာတွေ့တာကောင်းမယ်ထင်တယ်နော် ဒေါက်တာက ကျွန်တော့်အပေးအယူလက်ခံတယ်တဲ့ ဘယ်လိုလုပ်မလဲ"

Renjun ရဲ့ ရှောင်းမိန်မိန်လေးအတွက် ဒုတိယအကြိမ်ခွဲစိတ်မှုအတွက် တာဝန်ယူထားသော နာမည်ကြီး ဒေါက်တာသာ သူဌေးယန်ဘက်ပါသွားလျှင် ရှောင်းမိန်မိန်လေးအတွက် ခွဲစိတ်မှုမလုပ်နိုင်တော့ပါ။ပထမခွဲစိတ်မှုကလဲ ဒီဒေါက်တာတစ်ယောက်နဲ့ပဲ ပြုလုပ်ခဲ့တာမို့ ခွဲစိတ်ဆရာဝန်ပြောင်းရန်ပင် မဖြစ်နိုင်ပါလေ။

Jenoဟာ သူ့ဘက်သူပဲ ကြည့်တတ်သူပါလေ။Renjun ဘက်ကို တစ်ချက်လေးတောင် ထည့်မစဉ်းစားတတ်တဲ့ လူတစ်ယောက်သာသာပါ။Renjunတစ်ယောက် ရှောင်းမိန်မိန်လေးအတွက် ဘယ်လောက်တောင် ကြိုးစားနေခဲ့လဲ မသိလေရော့လား။Jenoသိတာတစ်ခုက တစ်ခြားဘယ်သူ့ကြိမှမဟုတ်ဘဲ သူ့ကို ထိန်းချုပ်ထားဖို့ပါတဲ့လေ။

သက်ပြင်းတစ်ချက်ချလို့ ဖုန်းနံပါတ်တစ်ခုကိုနှိပ်၍ အဝင်ကောတစ်ခုကို တစ်ဖက်လူကိုင်ဖို့ မျှော်လင့်ရင်း..

"Hello ဒေါက်တာ ခွဲစိတ်မှုလုပ်ဖို့ အဆင်ပြေတယ်မို့လား"

တစ်ဖက်ဖုန်းက အတော်ကြာတိတ်ဆိတ်နေသည်။ခနအကြာမှာတော့ ကြည်လင်တဲ့ အသံနဲ့အတူ တုံ့ပြန်လာတယ်။ပြောထားခဲ့တဲ့အတိုင်း လာမယ့် သောကြာနေ့မှာ ခွဲစိတ်မှုလုပ်ပါမယ်တဲ့။ထိုမှသာ Renjun ရဲ့ တင်းကျပ်နေတဲ့ရင်ဘတ်ဟာ ပြေလျော့သွားတယ်။

"ဦးလေး လက်မှတ်က ဘယ်နှနာရီလက်မှတ်လဲ"

"၁၁နာရီပါ"

"၁၁နာရီ?ဒါဆို ကြားထဲတစ်နာရီလောက် အချိန်ပိုနေအုံးမှာ ပျင်းစရာကြီး"

Renjun က နောက်ကို အရမ်းမှီထိုင်လိုက်ပြီး ဖုန်းစခရင်ကို အပေါ်ဆွဲလိုက်အောက်ဆွဲလိုက်နဲ့ မျက်လုံးကစားနေတယ်။အမှတ်မထင် လူတစ်ယောက်ပုံဟာ Renjun မျက်လုံးဆီ တန်းတန်းဝင်လာခဲ့တယ်။တင်ထားသူက မိန်းကလေးတစ်ယောက် Lee Jeno ရဲ့ စီးပွားရေးပါတနာတွေထဲက တစ်ယောက်ဖြစ်မယ်ထင်။တင်ထားသောcaptionမှာ *ဝါးးးးမနေ့ညက ပါတီမှာတွေ့ခဲ့တဲ့သက်တော်စောင့်က အရမ်းချောတာပဲ ငါသူ့ကိုဘယ်မှာ ဝယ်လို့ရမလဲ* တဲ့။တင်ထားသောပုံမှာတော့ မြေကြီးလက်ခတ်မလွဲ Lee Haechan ပုံပါလေ။နက်ကတိုင်ကို လက်တစ်ဖက်နဲ့ပြင်စည်းနေတဲ့ပုံ။ဒီအမျိုးသမီးက ဒီပုံကို ဘယ်အချိန်မှာများရိုက်လိုက်တာလဲ။commentတွေမှာတော့
*Lee Jeno ဆီက သွားဝယ်လေ*
*ငါတို့ဆီမှာလဲ အဲ့လိုကောင်လေးချောချောလေးတွေရှိတယ်*
*ပါတီကဘယ်မှာလုပ်တာလဲ ငါလာခဲ့လိုက်ရမှာ*
*မမ အဲ့ကောင်ဘယ်သူလဲ*

INTO THE UNKNOWN Where stories live. Discover now