1

493 51 29
                                    

''One Championship ရဲ့Middle Weight ပွဲစဉ်အတွက်အနိုင်ရရှိသွားသူကတော့ Leo Wang ဖြစ်ပါတယ် ''

ဒိုင်လုပ်သူက Leo Wang ရဲ့လက်တစ်ဖက်ကိုမြှောက်ကာ အနိုင်ရသူဖြစ်ကြောင်း ေပြာလိုက်သည်။တစ်ဆက်တည်းမှာဘဲ အော်ဟစ်သံများဖြင့်ဆူညံ့သွားတော့သည်။

''ရွှီး ေဖြာက် ဖြောက် ''

ရုံတစ်ခုလုံးလက်ခုပ်သြဘာသံများဖြင့် ပြည့်နှက်သွားခဲ့သည်။

သိသာသော လက်ခုပ်သံများက Leo Wang ရဲ့ပရိသတ်များဆိုတာမလွှဲပေ။ Leo ကတော့ ချွေးအနည်းငယ်သာထွက်ပြီး ဒီပွဲစဉ်မှာပထမအချီနဲ့တင်ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။ Leo ပရိတ်သတ်တို့၏ မော်ကြွားမှုများက တစ်ကွင်းလုံးအား ဆူညံ့သွားစေခဲ့တော့တယ်။

''Congratulations Leo Wang .....ခင်ဗျားပရိတ်သတ်တွေကိုတစ်ခုခုပြောလိုက်ပါအုန်း အားလုံးကအရမ်းကိုအောင်ပွဲခံနေကြပြီ..... ''

အရပ်ခြောက်ပေရှိတဲ့ Leo က မျက်နှာအမူအယာကိုအနည်းငယ်အလိုမကျသလို ခက်ထန်နေသည်။သန်မာလှသော ကြွက်သားများက Leo အသက်တစ်ချက်ရှူလိုက်တိုင်း ပိုမိုပေါ်လွင်လာသည်။ထိုအချိန်တိုင်းမိန်းကလေးပရိတ်သတ်များ သာမက ယောကျာ်းတွေအတွက်ပါ ထအော်စေမိသည်အထိ။

Leo က ဆုတံဆိပ်လာပေးသော Model မိန်းကလေးနဲ့ နီးနီးကပ်ကပ်ရှိနေမှုမှ အနည်းငယ်ရှောင်လိုက်ကာ သူ့ရဲ့လက်တို့အား သူ့ပရိသတ်ရှိရာဆီဝှေ့ယမ်းပြလိုက်သည်။

Leo Wang ရဲ့အပြုအမူတစ်ခု လုပ်လိုက်တိုင်း အမျိုးသမီးတွေသာမက လူရွယ်တစ်ယောက်က
ပါ အသက်ရှူဖို့​ေမ့နေတဲ့အတိုင်း ငေးကြည့်နေခဲ့တယ်။

Leo Wang က host ကမ်းပေးတဲ့မိုက်အား လှမ်းယူလိုက်ကာ တည်ကြည်သော အမူအယာဖြင့်စကားစလိုက်သည်။

''ညမနက်ခင် ပြန်ကြ စောစောအိပ်ကြ လမ်းမတွေပေါ်မှာ အောင်ပွဲခံမနေကြနဲ့ ''

Leo Wang ရဲ့စကားအဆုံး ပွဲခင်းတစ်ခုလုံးခဏမျှတိတ်ဆိတ်သွားကာ Leo Wang က စည်းစနစ်ဘောင်နဲ့နေထိုင်တတ်ပြီး နိုင်ငံကြီးသားပီသကြောင်းမတ်တပ်ရပ်ကာချီးကျူးလာကြသည်။

''ရိပေါ်က ရင့်ကျက်လိုက်တာ ''

မတ်တပ်ရပ်ကာ လက်ခုပ်တီးနေတဲ့ ကောင်လေးက Idol ရဲ့အောင်မြင်မှုကို မျက်ရည်ဝဲကာ ကြည့်နေခဲ့သည်။

AnemoneWhere stories live. Discover now