5

193 35 22
                                    

ဘယ်ဘက်လက်သူကြွယ် သွယ်သွယ်လျလျ လေးကိုကိုင်တွယ်လိုက်ကာ ရိုးရှင်းသောလက်ထပ်လက်စွပ်လေးအား ဆင်မြန်းပေးလိုက်သည်။ရှောင်းကျန့်ကသူ့လက်ပေါ်ရောက်လာတဲ့ လက်စွပ်လေးအားပွတ်သပ်ကာ မျက်ဝန်းလေးများမှေးသည်အထိပြုံးလိုက်မိသည်။

''ခင်ဗျား သဘောကျလား ''

''အင်း....အရမ်းသဘောကျတယ် ''

လက်စွပ်အား ကိုင်ကာ လှုပ်ရှားခြင်းမရှိသောမျက်ဝန်းများဖြင့်ပြောနေပေမယ့် ရှောင်းကျန့်ကတစ်ကယ်သဘောကျနေပုံပင်။

''ကျုပ်ကို ဝတ်ပေ​း ''

''အားကျန့် မြန်မြန်ဝတ်ပေးလိုက်လေ.... မာမီ ဓာတ်ပုံရိုက်ထားမလို့ ''

မဒမ်ဝမ်ရဲ့ တက်ကြွသောစကားသံနှင့်အတူ ရှောင်းကျန့်ကသူ့လက်ထဲမှာရှိနေတဲ့ နောက်ထပ်ငွေရောင်လက်စွပ်ကို ဝမ်ရိပေါ်လက်မှာဝတ်ပေးရန် လုပ်လိုက်တယ်။

ရှောင်းကျန့်က သူ့လက်တစ်ဖက်ကို ထောင်လိုက်ကာ သူ့အရှေ့မှာရှိလောက်မယ့်ဝမ်ရိပေါ်လက်အား စမ်းလိုက်တယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်သူ့လက်ကိုဆုပ်ကိုင်နိုင်ရန်ရှောင်းကျန့်ရဲ့လက်ကို သူ့ရဲ့လက်ဖဝါးဖြင့်ဆုပ်ကိုင်လိုက်တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်လက်သူ့ဆီရောက်လာတဲ့အချိန်မှာပြုံးလိုက်ကာ ဝမ်ရိပေါ်ရဲ့ကြီးမားသောလက်ဆစ်တစ်ခုချင်းစီကို လိုက်စမ်းနေခဲ့သည်။

လက်ချောင်းတစ်ချောင်းစီကို ထိတွေ့ကာအသဲတယားယားဖြစ်အောင်လုပ်နေသော ရှောင်းကျန့်ကိုကြည့်ရင်း ဝမ်ရိပေါ်ရဲ့စိတ်တို့က အရင်ကထက်ပိုပြီးစိတ်ရှည်နေသည် ပြောရမလား။

ဒီနေ့မှ သည်းခံပါရမီနဲ့ပိုမိုပြည့်စုံနေသည့် ဝမ်ရိပေါ်က စိတ်ကြည့်နေလို့ထင်ပါရဲ့။ အပြုံးပါးပါးလေးတောင်ပေါ်နေခဲ့တယ်။

လက်ချောင်းတစ်ခုချင်းစီကို ရှောင်းကျန့်ရဲ့လက်ချောင်းလေးတွေကဆုပ်ကိုင်လိုက်တိုင်း ကျင်တက်သွားသည်က ဘာကြောင့်များလဲ။

''တွေ့ပြီ...... မင်းရဲ့လက်သူကြွယ်ကို ''

ရယ်မောကာ ကလေးတစ်ယောက်လိုပြောလာတဲ့ ဒီလူကသူ့ထက် 10 နှစ်ကြီးတယ်ဆိုတာ လက်ခံဖို့ခက်ခဲလှသည်။

AnemoneWhere stories live. Discover now