4

194 49 35
                                    

VIP room အခန်းကျယ်တစ်ခု ထဲမှာရှိတဲ့ လူနာကုတင်နှစ်လုံးစီပေါ်မှာ လူနာနှစ်ယောက်က လဲလှောင်းနေခဲ့တယ်။မဒမ်ဝမ်ရဲ့ညွှန်ကြားချက်အရ လူနာနှစ်ယောက်ကဆေးရုံရဲ့အကျယ်ဆုံး အခန်းသို့ရွေ့ပြောင်းကြရတော့သည်။

Leo က တစ်ဖက်ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ရှောင်းကျန့်ရှိရာသို့ ဘေးစောင်းအနေအထားလဲကာကြည့်လိုက်တယ်။ မျက်ဝန်းတို့ကိုဖွင့်လှစ်ထားကာ မျက်နှာကျက်ကိုကြည့်နေတဲ့ရှောင်းကျန့်က အတော်ကိုကြာနေပြီပင်။

''ရှောင်းကျန့် ''

ဝမ်ရိပေါ်ရဲ့ခေါ်သံကြားတော့ ရှောင်းကျန့်ကအသံကြားတဲ့ဘက်သို့သူ့ရဲ့ခေါင်းလေးအားစောင်းကာနားထောင်လိုက်တယ်။

''အင်း....ဝမ်ရိပေါ် ''

''ခင်ဗျား ဘာတွေကြည့်နေတာလဲ မြင်ရတာလည်းမဟုတ်ဘဲ.....ဟို ကျုပ်ပြောချင်တဲ့ အဓိပ္ပါယ်က.... ''

ဘာမှဆက်မပြောဘဲ ရပ်တန့်နေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ပြုံးလိုက်မိတယ်။

''မင်းအကြောင်းတွေးနေတာပါ ဝမ်ရိပေါ်''

''ကျုပ်အကြောင်း...''

''အင်း.....မင်း.... က ငါ့ကိုမျက်စိမမြင်ရတော့လို့လက်ထပ်ပြီးတာဝန်ယူမယ်ပြောတာမလား တစ်ကယ်လို့ ငါက မင်းနဲ့လက်ထပ်ပြီးမှမျက်ကြည်လွှာအလှူရှင်ပေါ်လာပြီး အမြင်အာရုံပြန်ရသွားရင်...အဲ့အချိန် မင်းနောင်တရလိမ့်မယ်ထင်တယ် ''

''...............''

ဘာမှမပြောဘဲ တိတ်ဆိတ်နေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်နာနာကျင်ကျင်ပြုံးလိုက်မိပြန်တယ်။

''ခင်ဗျား စိတ်ချပါ.....ကျုပ် ခင်ဗျားကိုလက်ထပ်တယ်ဆိုတာ အမည်ခံသက်သက်ပါ.... ကျုပ် က straight တစ်ယောက်မို့ ခင်ဗျားအပေါ်မှာဘာမှကျူးလွန်မှာမဟုတ်တာကိုတော့ အာမခံနိုင်တယ်''

''ခင်ဗျား အမြင်အာရုံပြန်ရသွားတဲ့အချိန် ကျုပ်တို့ပြန်ကွာရှင်းကြတာပေါ့ ''

''..................''

''ကျုပ် ကြောင့် ဆုံးရှုံးသွားတဲ့ ခင်ဗျားရဲ့အမြင်အာရုံအတွက် လက်ထပ်ပြီး ခင်ဗျားအတွက်မျက်ဝန်းတစ်စုံဖြစ်ပေးပါ့မယ် ''

AnemoneWhere stories live. Discover now