9

493 55 42
                                    

''ကျုပ် သွားတော့မယ် ရှောင်းကျန့် ''

''အင်း ဝမ်ရိပေါ် ''

ဝမ်ရိပေါ်က လွယ်အိတ်အားလွယ်ကာ ရှောင်းကျန့်ကိုနှုတ်ဆက်လိုက်တယ်။ ဒါပေမယ့် ရှောင်းကျန့်က မနေ့ကကိစ္စပြီးကတည်းက မေးထူးခေါ်ပြောသာလုပ်နေခဲ့တယ်။

''ကျုပ်.... တစ်ကယ် သွားတော့မှာနော် ''

''အင်း ''

မာမီပေးထားတဲ့ လိမ္မော်သီးကိုအစားမပြတ်ဘဲရှောင်းကျန့်က ခေါင်းငြိမ့်ပြလာပြန်တယ်။

''မင်းဘာသာ သွားစရာရှိတာသွားစမ်းပါ Leo ....ဘာဖြစ်လို့ အားကျန့်ကိုခဏခဏ လာပြောနေရတာလဲ ''

မာမီက ဆိုဖာပေါ်မှာထိုင်နေတဲ့ရှောင်းကျန့်အနားမှာဝင်ထိုင်ပြီးပြောလာခဲ့တယ်။

''ကျုပ်အမျိုးသားကို နှုတ်ဆက်တာ မာမီကိစ္စမဟုတ်ဘူးထင်တယ်......''

''ဝမ်ရိပေါ် ''

''အင်း......ရှောင်းကျန့် ''

''မားကို ကျုပ် လို့မပြောသင့်ဘူးထင်တယ် ''

ဝမ်ရိပေါ် က တစ်ချက်တွေဝေသွားကာ ရှောင်းကျန့်ကိုကြည့်လိုက်တယ်။ရှောင်းကျန့်ရဲ့ အမူအယာကအကြံပေးတာကို လက်ခံစေချင်နေပုံပင်။

''ကျုပ် ပြင်ပြီး ပြောကြည့်မယ် ''

''oh my god! Leo မင်း ....ငါ့သားမှဟုတ်ပါသေးရဲ့လား ''

မဒမ်ဝမ်က အံ့သြသွားကာ Leo ရဲ့အနားကိုလျှောက်သွားလိုက်ပြီး Leo ရဲ့မျက်နှာအားသေချာကြည့်လိုက်ကာ မယုံကြည်နိုင်သလိုပြောလိုက်တယ်။

''ကျစ်.....ဒယ်ဒီက နောက်မိန်းမယူပြီးမွေးထားတဲ့သား လား.......သွားတော့မယ် ''

''နေအုန်း ဝမ်ရိပေါ် ''

အိမ်ပြင်ထွက်ဖို့ကြံနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်ကလှမ်းတားလိုက်တယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ဆီအကြည့်ပို့လိုက်ကာ

''ဘာလို့လဲ ကလေးလေး ''

''မင်းရဲ့ချိုချဉ်လုံးကို ပြန်ယူသွား ''

''အဲ့တာကလေးလေး ဆေးသောက်ပြီးရင်စားဖို့ထားတာလေ ''

AnemoneWhere stories live. Discover now