ေဆးရုံအခန်းအတွင်းသို့ လျင်မြန်ဆန်စွာပြေးဝင်လာသောအမျိုးသမီးက ညအိတ်ဝတ်စုံကပိုကရိုဖြင့် အခန်းနံပါတ်88 အားတွေ့တာနဲ့ အလျင်တလိုဝင်ရောက်လိုက်သည်။သူမ၏အနောက်မှာလည်း အမျိုးသားတစ်ဉီးက တည်ငြိမ်စွာလိုက်လာသော်လည်း မျက်ဝန်းတို့ထဲမှာပူပန်မှုတွေကို တွေ့ရသည်။
လက်မှာ ပတ်တီးစီးကာ နဖူးပြင်ထက်က ဒဏ်ရာကိုပလာစတာဖြင့်ကပ်ထားတဲ့ Leo Wang ကို တွေ့တဲ့အခါမှ အမျိုးသမီးက သူမ ၏ပူပန်မှုတို့ကို လေျာ့ချလိုက်သည်။
''Leo.....''
ကုတင်ထက်မှာ လဲလှောင်းနေကာ မှိန်းနေသောဝမ်ရိပေါ်က ရင်းနှီးနေတဲ့အသံကြောင့်မျက်လုံးတို့ကို ဖွင့်ကာကြည့်လိုက်သည်။
''ရိပေါ်......နေသာရဲ့လား အရမ်းနာနေလား ''
ဝမ်ရိပေါ်က သူ့ရဲ့ခန္ဓာကိုယ်အား အားပြုကာထလိုက်ပြီးကုတင်ခေါင်းရင်းအားမှီလိုက်တယ်။
''မာမီ...... ကျုပ် ဘာမှမဖြစ်ဘူး.....ဒီဒဏ်ရာလောက်ကကြိုးဝိုင်းထဲမှာအမြဲရနေကြ..... ''
''ဖြန်း ''
ဝမ်ကတော်ရဲ့လက်က ဝမ်ရိပေါ်ရဲ့ကျောပြင်ပေါ်ထက်ကိုအရှိန်ပြင်းပြင်းရောက်ရှိသွားသည်။
''မာမီ! ! !''
''ဟန်နီ .....သားက ဒဏ်ရာရထားတာလေ ''
''သိတယ်.....ဒါကြောင့်ရိုက်တာ..... ဘာလို့ဒီလိုဒဏ်ရာရလာတာလဲ ......လူတစ်ယောက်ကိုလည်း တိုက်မိတယ်ဆို အခုဘယ်လိုနေလဲ......မင်းက ကားကိုအဲ့လောက်အထိမောင်းရလား ဝမ်ရိပေါ် ''
ဝမ်ကတော်က ဒေါသထွက်ကာသူမရဲ့သား ကို အော်ဟစ်ကာဆူပူနေခဲ့တယ်။ Leo ရဲ့အဖေက ဒဏ်ရာရထားတဲ့သားကို ရိုက်နှက်ချင်နေတဲ့ သူရဲ့ဇနီးကိုချုပ်ထားလို့ တော်ကာကြသည်။
''ကျုပ်..... ရှင်းပြမယ် မာမီ !!''
''ရိပေါ် ရှင်းပြတာ နားထောင်လိုက်ပါ ဟန်နီ ''
''ကောင်းပြီလေ...... မင်း.....မာမီကိုအရင်ရှင်းပြ ပြီးရင် ကားနဲ့တိုက်မိတယ်ဆိုတဲ့ကလေးဆီသွားပြီးတောင်းပန်ရမယ် ''
ဝမ်ရိပေါ် က ပြီးပြီးရော ခေါင်းအားတစ်ချက်ငြိမ့်ပြလိုက်တယ်။ ဒီတော့မှ ကျေနပ်သွားတဲ့ သူ့မာမီက အနည်းငယ်တည်ငြိမ်သွားတယ်။
YOU ARE READING
Anemone
Fanfictionမရေမရာတဲ့ ေမျှာ်လင့်ချက်လေးကို ဖမ်းဆုပ်ထားရတာကိုက ငါ့အတွက်တော့ ပျော်ရွှင်မှုလေးပါ... start-4.6.2024 end-