ကျင်းကော်ကို ပွတ်သပ်ေပးနေရင်းမှ ရှောင်းကျန့်က တစ်စုံတစ်ယောက်အကြောင်းကိုတွေးမိရင်း ပြုံးလိုက်မိတယ်။ အဲ့လူက သူ့ကိုဂရုမစိုက်သလိုပြုမူတတ်ပေမယ့် သူ့အပေါ်လည်း ကြင်နာတတ်သည်။ စကားပြောတာရိုင်းတယ်လိုထင်ရပေမယ့် သူ မကြိုက်ဘူးဆိုရင်ပြန်ပြင်ပြောတတ်သည်။
ရှောင်းကျန့်က အဲ့လူကိုလေးနှစ်လောက်နောက်က တစ်ကောက်ကောက်လိုက်ခဲ့ပေမယ့် အဲ့လူကတော့လေးနှစ်အတွင်းသတိတောင်ထားမိပုံမပေါ်ပေ။
ဒါပေမယ့်အခုလက်ရှိမှာတော့ ရှောင်းကျန့် က အဲ့လူနဲ့လက်ထပ်ခဲ့ပြီးတာကို အခုထိမယုံကြည်နိုင်သေးပေ။လက်ထပ်လက်စွပ်လေးကို စမ်းလိုက်ပြီးနောက် ဒီလက်ထပ်လက်စွပ်လေးကို ရှောင်းကျန့်ပထမဆုံးအကြိမ်မြင်ဖူးချင်လာတော့သည်။
ပြီးတော့အဲ့လူကိုရော... car accidentဖြစ်တုန်းကနောက်ဆုံးတွေ့ခဲ့ရတဲ့ အဲ့ဒီလူရဲ့မျက်နှာကိုလည်း အနီးကပ်တွေ့ဖူးချင်လာသည်။
ရှောင်းကျန့်က အနည်းငယ်ကိုက်ခဲလာတဲ့ သူ့ရဲ့မျက်လုံးတို့ကိုလက်ဖြင့်ထိတွေ့လိုက်ကာ သက်ပြင်းတစ်ခုကိုချလိုက်မိသည်။
''ခင်ဗျား ဘာဖြစ်လို့လဲ..... မျက်လုံးကိုက်လို့လား ''
ဝမ်ရိပေါ်က ဘယ်အချိန်က ပြန်ရောက်နေမှန်းမသိတာကြောင့် ဝမ်ရိပေါ်အသံကြားလိုက်ရတဲ့အခါ ရှောင်းကျန့်ကအနည်းငယ်ထိတ်လန့်သွားခဲ့ကာ ခန္ဓာကိုယ်တစ်ချက်တုန်သွားခဲ့တယ်။
''အရမ်းနာနေလို့လား ကလေးလေး ''
ဝမ်ရိပေါ်အသံက သြရှရှနိုင်ပေမယ့် အသံထဲမှာတော့အမှန်တစ်ကယ်စိုးရိမ်နေမှုတို့က ပါဝင်နေခဲ့တယ်။
''ငါ.... ဘာမှမဖြစ်ပါဘူး ဝမ်ရိပေါ် ''
''ဒါဆိုဘာဖြစ်လို့ မျက်လုံးတွေကိုအုပ်ထားတာလဲ ကျုပ်မှာ အိမ်ပြန်ရောက်ရောက်ချင်းဘယ်လောက်လန့်သွားခဲ့ရလဲ သိလား''
ဝမ်ရိပေါ်က ဘာမှမဖြစ်လို့ စိတ်သက်သာရာ ရသွားပုံပင်။
''ဝမ်ရိပေါ် ''
''အင်း ''
''မင်း ငါ့ကိုစိုးရိမ်လို့လား ဝမ်ရိပေါ်.....ဘာလို့လဲ ''
![](https://img.wattpad.com/cover/370202772-288-k315873.jpg)
YOU ARE READING
Anemone
Fanfictionမရေမရာတဲ့ ေမျှာ်လင့်ချက်လေးကို ဖမ်းဆုပ်ထားရတာကိုက ငါ့အတွက်တော့ ပျော်ရွှင်မှုလေးပါ... start-4.6.2024 end-