အိပ်ရာဘေးနားက အံဆွဲကို လက်ဖြင့်စမ်းသပ်ကာ ဖွင့်လိုက် ပြီး ဒီနေ့စားခဲ့တဲ့ ချိုချဉ်အခံွလေးကိုထည့်သိမ်းလိုက်တယ်။ အံဆွဲထဲမှာတော့ချိုချဉ်ခံွလေးတွေက အများကြီးဖြစ်နေပြီကို လက်ဖြင့်စမ်းမိလိုက်တာကြောင့် နှုတ်ခမ်းပါးပါးလေးက ကော့တက်သွားခဲ့တယ်။
''ဒီနေ့နဲ့ဆိုရင် 38 ခုမြောက် ရောက်ပြီ ''
ရှောင်းကျန့်က သကြားလုံးခံွလေးတွေရဲ့အရေအတွက်ကြောင့် ထပ်ပြီးပြုံးလိုက်တယ်။
''လက်မထပ်ခင် ေကျွးတာကချိုချဉ် 10 လုံး လက်ထပ်ပြီးသွားတော့ ကျွေးတာက 28 လုံးရှိပြီ ''
''ဒီနေ့က ငါတို့လက်ထပ်တာ 28 ရက်မြောက် ရှိပြီ ကျင်းကော် ''
ရှောင်းကျန့်က သူ့ဘေးနားက ကျင်းကော်ကိုပါ ပွတ်သပ်ရင်းပြောလိုက်တယ်။
''ကျင်းကော်ရော....ဝမ်ရိပေါ်က သဘောကောင်းတယ်ထင်လား ''
''မြောင် ''
''ကောကောကတော့....စကားပြောတာ ရင့်သီးပေမယ့် မဆိုးဘူး လို့ထင်တယ်........ ''
ရှောင်းကျန့်က အံဆွဲကိုသေချာပြန်ပိတ်ကာ သော့ဖြင့်သေချာခတ်လိုက်တယ်။ ပြီးတော့ သော့ကို ကျင်းကော်ရဲ့အိပ်ယာခင်းအောက်ကို လက်ဖြင့်စမ်းပြီးဖွတ်ထားလိုက်တယ်။
''ကျင်းကော်.....ဒီအိမ်မှာနေရတာ ပျော်လား ''
''မြောင် ''
''ငါတို့အိမ်လေးဆီ တစ်ရက်လောက်တော့ပြန်သွားကြမယ် သူခွင့်ပြုရင်ပေါ့ ''
ရှောင်းကျန့်က သူ့ရဲ့အကူတုတ်ဖြင့် အိပ်ခန်းထဲကနေ ဝရံဒါဆီ ထွက်သွားလိုက်တယ်။ ဝရံဒါရောက်တော့ သူ့ရဲ့မျက်လုံးတို့ကိုမှိတ်လိုက်ကာ တိုက်ခတ်လာတဲ့လေညှင်းလေးကို ခံစားလိုက်တယ်။
''အွန်း လန်းဆန်းသွားတာဘဲ...''
''တော်တော် ပျော်နေလား ''
နောက်ကျောဘက်မှ ထွက်လာတဲ့အသံကြောင့် ရှောင်းကျန့်က လန့်ဖြတ်သွားခဲ့တယ်။
''ဝမ်ရိပေါ်.....ဘယ်အချိန်က ပြန်ရောက် နေတာပါလဲ ''
''အခုလေးဘဲ....ပြန်ရောက်တာ.....ကျုပ်မရှိတော့ လွတ်လပ်ရေးရနေတာပေါ့ ဟုတ်လား''
![](https://img.wattpad.com/cover/370202772-288-k315873.jpg)
YOU ARE READING
Anemone
Fanfictionမရေမရာတဲ့ ေမျှာ်လင့်ချက်လေးကို ဖမ်းဆုပ်ထားရတာကိုက ငါ့အတွက်တော့ ပျော်ရွှင်မှုလေးပါ... start-4.6.2024 end-