28

1.2K 58 2
                                    

UNICODE

အခန်း - ၂၈

"အစ်ကို... နေပူတယ်"

ရှုံ့မဲ့မဲ့မျက်နှာနှင့် စူပွပွ အသံလေးကြောင့် မစ်ခေးလ်လ ဗျာများသွားရသည်။ ဖြူလွန်းသော ဩဂတ်စ်အသားအရည်သည် နေရောင်အနည်းငယ် ထိမိသည်နှင့် အဖြူမှ ပန်းရောင်ပြောင်းကာ တချို့နေရာများတွင် နီစပ်စပ်ဖြစ်နေပြီ။

"ဒီဘက်ကိုလာ။ အစ်ကို ကာထားပေးမယ်"

နေရောင်လာရာဘက်ကို သူ့ခန္ဓာကိုယ်နှင့် ကာထားပေးတော့လည်း စိတ်ကောက်နေသော မင်းသားလေးက အကာမခံ၊ တွန်းထုတ်ပြန်သည်။

"အစ်ကို့အရပ်ကြီးက ဘာလို့ အဲ့လောက် ရှည်နေရတာတုန်း"

ဒီနေ့မနက် မစ်ခေးလ်လ၏ အပြစ်သည် အရပ်ရှည်မိသည့်အပြစ်။

ဒယ်လ်ဖီနတ်ကွန်း၏ တန်းစီစနစ်က စည်းကမ်းကြီးသည်။ ရှေ့ဆုံးတွင် ဒယ်လ်ဖီမြို့သူမြို့သားများကို ဦးစားပေးရသည်။ ထို့နောက် နတ်ကွန်းနှင့် မဟာမိတ်ဆက်ဆံရေးရှိသော ဂရိမြို့များမှ လာသူများ၊ နောက်ဆုံးကမှ ဂရိလူမျိုး မဟုတ်သူများဆိုပြီး အစဥ်လိုက်သွားရသည်။

ထို့ကြောင့် နေထွက်ချိန်တည်းက ရောက်ကြသော်လည်း ဒယ်လ်ဖီမြို့သား မဟုတ်သည့် ဩဂတ်စ်နှင့် မစ်ခေးလ်လသည် လူတန်းကြီး၏ အလယ်လောက်မှာ ရောက်နေသည်။ များပြားလှသော လူတွေကြားထဲ အထင်ပေါ်ဆုံးသည် မည်သူဖြစ်မည်နည်း။ အားလုံးထက် ခေါင်းတစ်လုံးမက မြင့်မားနေသော မစ်ခေးလ်လထံသို့ စိတ်ဝင်တစား အကြည့်များ ရောက်လာလေလေ၊ ဩဂတ်စ်မျက်နှာ မှုန်မှိုင်းလာလေ။

"ခေါင်းငုံ့ထားလေ။ မော့တော့မော့တော့ လုပ်မနေနဲ့။ လူဝိုင်းကြည့်ခံရတာကို တော်တော် ကျေနပ်နေတာလား"

တကယ်တော့ လူတွေသည် မစ်ခေးလ်လ တစ်ယောက်တည်းကိုသာ ကြည့်ကြတာမဟုတ်။ ဩဂတ်စ်မျက်လုံးက ဒါမျိုးဆိုလျှင် တစ်ဖက်ကန်းသည်။ မျက်လုံးများ ကျွတ်ကျမတတ် သူ့ကို ငေးမောနေကြသော အပျိုချောလေးများကို သူမမြင်။ မစ်ခေးလ်လကို စူးစမ်းနေကြသော အဘိုးကြီး၊ အဘွားကြီးများကိုပဲ ဒေါသဖြစ်လို့ မဆုံးနိုင်တော့။

Heaven in AugustWhere stories live. Discover now