46

1.1K 45 0
                                    

UNICODE

အခန်း -၄၆

"ကျေးဇူးပဲ အစ်ကို... ကျေးဇူးပဲ... ကျွန်တော့်ကိုရွေးပေးလို့ ကျေးဇူးအများကြီးတင်တယ်... အရမ်းချစ်တယ်နော်"

ပေါင်ပေါ် ခုန်တက်လာသော ဩဂတ်စ်၏ ကိုယ်အလေးချိန်သည် အရင်ကထက် သိသိသာသာ လျော့နည်းနေသည်ပဲ။ မစ်ခေးလ်လရင်ထဲ ဆို့နင့်တင်းကျပ်သွားရသည်။ သူသာ ဒီ့ထက်စောစော ပြန်လာနိုင်ခဲ့ပါလျှင်...။

"အခုမှ ကျေးဇူးတင်တယ်တွေ၊ ချစ်တယ်တွေ လာလုပ်မနေနဲ့။ ဖယ်... အစ်ကို မင်းကို စိတ်ဆိုးနေတာ"

"ဟင် ဘာလို့လဲ အစ်ကိုရဲ့"

"မင်းမရှိဘဲ မနေတတ်တော့အောင် အစ်ကို့ကို အကျင့်လုပ်ပေးထားပြီးမှ ထွက်သွားဖို့ ပြောရသလား"

"အာ... အဲဒါ ကျွန်တော် မှားသွားတာလို့။ မပြောတော့ဘူး နောက်မပြောတော့ဘူး။ လိမ္မာတယ်နော် အစ်ကိုက... စိတ်လည်း မဆိုးတတ်ဘဲနဲ့ မဆိုးရဘူး"

"အဲ့လိုလေသံလေးနဲ့ မျက်နှာချိုသွေးလိုက်တာနဲ့တင် စိတ်ဆိုးပြေသွားမယ် ထင်လို့လား"

"ထင်တာပေါ့။ ပြုံးပြဦး"

"မပြုံးချင်ပါဘူး"

"အဲဒါဆို ကျွန်တော့်ကိုနမ်း"

"ဘာဆိုင်တုန်း"

"ဆိုင်ဆိုင် မဆိုင်ဆိုင်"

ဖြူဖတ်ဖြူလျော် ဩဂတ်စ်နှုတ်ခမ်းပါးလေးများထဲ သွေးရောင်များလျှမ်းလာသည်။ စိုစွတ်သွားသည့် အောက်နှုတ်ခမ်းဆီ လက်မနှင့် ပွတ်သုတ်ပေးရတာသည် အရင်လိုမဟုတ်၍ လက်၏လှုပ်ရှားမှုတို့က ကချော်ကချွတ်။ ပါးပြင်ဆီ လက်သည်းနှင့်ခြစ်မိတော့ ဩဂတ်စ် မျက်မှောင်ကုတ်သွားသည်။

"အစ်ကို့လက် ပြဦး"

"ဘာလုပ်မှာလဲ။ မကြည့်နဲ့"

"ပြဆို"

ဝတ်ရုံစနှင့် အုပ်ထားလို့လည်း မရတော့။ သူ့လက်နှစ်ဖက်လုံးကို ဩဂတ်စ် ဆွဲယူသွားသည်။ ဘယ်ဘက်လက်က အကောင်းပကတိ။ ညာဘက်လက်တွင်တော့ ပခုံးမှစ၍ တံတောင်ဆစ်အထိ အပြင်ဘက် တစ်ခြမ်းလုံးသည် မီးကျွမ်းထားသည့် သစ်တုံးတစ်တုံးလို ခြောက်သွေ့မည်းနက်ကာ အသားဆို၍ တစ်စမှ မရှိတော့ဘဲ ‌အရေပြားများသက်သက်သာ သားရေပြားတစ်ချပ်လို မာခေါက်တွန့်ရှုံ့ပြီး အရုပ်ဆိုးစွာ ရှိနေသည်။

Heaven in AugustWhere stories live. Discover now