L

822 87 5
                                    

မွေးနေ့လက်ဆောင်လေးအား တသသနှင့်
Jungkook ပြုံးရွှင်နေမိသည်။
အကို့အတွက်လို့ တွေးလိုက်တိုင်း
ပန်းတွေဝေပါသည်ဟု ပြောခဲ့သည့်
အချစ်တွေသာပန်းတပွင့်ဖြစ်ခဲ့ရင် ဇာတ်လမ်းထဲက
အမူစစ်ကြီးလိုတော့ မတင်စားတော့ဘူး။

ဟော့ဒီက ချာတိတ်က
အကို့အကြောင့်တွေးရသည်နှင့်
ရူးရပါ၏ ဗျာ။

လူတွေ၏ အတွေးတွေသည် ကြောက်ဖို့ကောင်း၏
ပစ္စည်းဉစ္စာမဲ့တတ်သောသူများအား
လူကုံထံအသိုင်းအဝိုင်းတို့က ရွံစရာသတ္တဝါတွေလို
သူတို့စိတ်ဖျေဖျောက်စရာတခုလို
အသုံးချတတ်ကြောင်းကို
ဘဝက သင်ပေးခဲ့၍ ဂျောင်ကုနားလည်ထားပြီးသားပါ။

ထို့ကြောင့် ဂျောင်ကုသည် လူကုံထံများနှင့်ဝေးသတဲ့ဝေးအောင် နေခဲ့သည်။

Jeon Jungkook ဝေးဝေးမနေနိုင်သူ
လူကုံထံလေးသည် ချွင်းချက်မရှိ park jimin တစ်ဦးသာ။

***********
မိမိခြံလေးထဲမှာ ရင်းနှီးသော လူနည်းစုနှင့်သာ
မွေးနေ့ပါတီလုပ်ဖို့ ရည်စူးထားသော
ဒေါက်တာပတ်သည် ကြားထဲရက်ပိုင်းအတွင်း
ချာတိတ်ပေါ်မလာ၍ မျှော်ရသည်မှာ အခါခါပါလေ။

" ဟယ်လို ဘိုးဘိုး"
"မြေးငယ် ဒီနေ့ဖိုးဆီလာမှာလား"
" ဟို ဘိုးဘိုး သားဒီနေ့မလာတော့ဘူး"
"မွေးနေ့မှာတောင်မြေးငယ်မလာချင်တော့တာလား"
" ခွဲစိတ်လူနာရက်ချိန်းနဲ့ တိုက်နေလို့ပါ
ပြီးတော့သူငယ်ချင်းတွေနဲ့
ညမှာ မွေးနေ့ပါတီသေးသေးလေး လုပ်မလို့ပါ"
" အဲ့ဒါကြောင့် သားဂျွန်ချော တို့ လုပ်ငန်းစုက ဆေးရုံမှာ
ဘိုးက လုပ်စေချင်တာ အခုတော့သားကို အရမ်းခိုင်းကြတာပဲ "
" သားကိုက လုပ်ချင်တာပါ ဖိုး ခိုင်းတယ်မခေါ်ပါဘူး"
" မြေးငယ် အဘိုး ရှယ်ရာပါတဲ့ မြေးချွဲဂျွန်ချောရဲ့
ဆေးရုံကို ပြောင်းဖို့တွေးထားပါ မဟုတ်ဘူး
စီစဉ်ထားတော့သားအဲ့ဒီဆေးရုံနဲ့
စာချုပ်ရက်ပြည့်တော့မှာပဲလေ"

" ဘိုး မြေးကို မွေးနေ့တရက်လောက်တော့
လွှတ်ထားပေးပါလား"

တဖက်က တူကနဲ ကျသွားသော ဖုန်းကြောင့်
ဒေါက်တာပတ် သက်ပြင်းကိုသာ ရှိုက်မိသည်။
အချို့ရှင်သန်ခြင်းတွေက နူးညံ့လွန်းပေမယ့်
မွန်းကြပ်တယ်။
အချို့ရှင်သန်ခြင်းတွေကတော့ ကြမ်းတမ်းပေမယ့်
လွတ်လပ်ခြင်းတွေကိုပိုင်ဆိုင်ကြတယ်။

ရူးWhere stories live. Discover now