လိုက်ခဲ့ဆိုတော့လည်း ထပ်ကြပ်မခွါပါဘူးအကိုရယ်
နေခဲ့ ဆိုတဲ့အခါမှာတော့ အကို့အမိန့်တွေကို
နာခံနိုင်မယ်မထင်ဘူးအကို။" ဘယ်တုန်းကတည်းက ရိုင်းစိုင်းနေတာလဲ ချာတိတ်"
" ဗျာ"
"ငါနဲ့စတွေ့တုန်းက အခုလိုပုံစံမဟုတ်ပါဘူး
ဒါမှမဟုတ် အစကတည်းက မင်းရိုင်းနေရသလား"" မဟုတ် မဟုတ်ပါဘူး"
" မကြိုက်ဘူး အဲ့လိုရိုင်းစိုင်းနေတာတွေကို"
" မလုပ်တော့ပါဘူး စိတ်မဆိုးပါနဲ့"
"ဆိုးတယ်"" အကို....."
" ဘာလဲ""လိမ်မာပါ့မယ်"
" အပြောတခြားအလုပ်တခြားတွေကိုဆို
သိပ်စိတ်ပျက်တာ""လိမ်မာပါ့မယ်ဆို အကိုကလည်း"
" ဘာ အကိုကလည်းလဲ
သူသေသွားရင် မင်းထောင်ထဲရောက်သွားမှာသိလား
ငါ့ကိုအတွန့်တက်နေသေးတယ်"" မတက်ပါဘူး"
" အချိုးကိုက ဘာလို့ပျောက်နေတာလဲ"" မပျောက်ပါဘူး"
" ဒါဆိုဆေးရုံဘာလို့မလာတာလဲ"လေသံပြင်းပြင်းကြီးနဲ့ အကိုက ငေါက်ငေါက်မေးနေတော့
ဗလတွေဘာတွေရှိနေတာလည်း မသိတော့ဘူး အော်အော်ငိုချင်တော့တာပဲ
တကယ်လဲ ငိုနေပါပြီလေ" အလုပ် အင့် လုပ် နေ လို့ ...."
ချက်ချင်းကြီးထိုင်ငိုချလိုက်တာမို့
ဒေါက်တာသည် ခြေမကိုင်မိလက်မကိုင်မိ" ဟာ ဘာလို့ငိုတာလဲ ချာတိတ်"
" အကိုက မုန်းတဲ့လေသံကြီးနဲ့ ပြောနေတာ...ဟမ်းးး"
" ငါခက်ပြီ"
" လိမ်မာပါ့မယ်ဆိုတာကို လက်မခံဘူးးးးးဝူးးးးး"
"ဟာချာတိတ် အဲ့တာငိုစရာလား"
" မခံစားနိုင်ဘူးးဝူးး အ..ကို..ရဲ့"
"သွေးထွက်သံယိုတွေဖြစ်မှာစိုးလို့လေ
မင်းကငါ့စကားနားထောင်လို့လား""ထောင်တယ်လေ....ထောင်လို့
ဟိုလူ့ကို ဘာမှမလုပ်လိုက်တာ"" ကဲတိတ်တော့ လိမ်မာမယ်မလား"
"အကိုဆုံးမရင် လိမ်မာတဲ့ သူပါ"
" အံမယ် မင်းကတော့ကွာ"
" ဟင့် ရွှတ်"
" ကလေးကျနေတာပဲ"
" စိတ်မဆိုးပါနဲ့"
" ဟုတ်ပါပြီ ညနေငါ့မွေးနေ့လာမှာလား"
" ဟုတ်"
" လိမ်မာတယ်"
" စိတ်မဆိုးတော့ဘူးမလား"
" အင်း"
" တော်ပါသေးရဲ့"
YOU ARE READING
ရူး
Fanfictionပိုချစ်ရတဲ့သူက ပိုရူးရတယ် အကိုရဲ့ မောင်တော့ရူးရချည်ရဲ့ဗျာ Jeon Jungkook အချစ်ခံရခြင်းခေါင်းစဉ်အောက်မှာ ငါရူးသွားပြီ ထင်ပါရဲ့မောင်ရယ် Park jimin