L

728 72 16
                                    

"မောင်တဲ့"

အကို့ရဲ့နှင်းဆီဖူးနုတ်ခမ်းလေးက ကျန်ော့ကို မောင်တဲ့လေ။

မကြားရလောက်ဘူးထင်ထားတာ။ ခေါ်ဖို့လည်းမဖြစ်နိုင်ဘူးထင်ခဲ့တာ။ အခုတော့ ဖြစ်မလာနိုင်ဘူးလို့ ယုံကြည်မိထားတဲ့ မောင်ဆိုတဲ့ခေါ်သံလေးကို ကျန်ောကြားလိုက်ရပြီ။ ခံစားလိုက်ရပြီ။ သိပ်ကိုအစွမ်းထက်တန်ခိုးကြီးမှန်းလည်း သိလိုက်ရပါပြီ။

မောင်ဆိုသောခေါ်သံတခွန်းဟာ သိပ်ကိုတန်ခိုးကြီးလွန်းပါသည်။

တင်းထားသော မှေးရိုးတွေသည် ပြေလျော့သွားသည်အထိကိုတန်ခိုးကြီးလွန်းသည်။

ရဲရဲတောက် ဒေါသမျက်ဝန်းတွေ တလက်လက် လင်းလက်သွားအောင်ကို တန်ခိုးကြီးလွန်းသည်။

ဓါးကိုင်ထားသောလက်သည် ပန်းပျိုးချင်သည်အထိ ခေါ်သံလေးသည် တန်ခိုးကြီးသည်။

တင်းစေ့ထားသော နုတ်ခမ်းတွေ ပြုံးသွားသည်အထိကိုတန်ခိုးကြီးလွန်းသည်။

"မလုပ်ပါနဲ့အဲ့လိုတွေ ငါ့ကြောင့်အသိစိတ်တွေလွတ်ပြီးရူးခါနေရတာမျိုးတွေမလုပ်ပါနဲ့။ "

"မငိုပါနဲ့ အကိုရယ် မောင်ကြောင့်မငိုရဘူး ဓါးလည်းမကိုင်တော့သလို မောင်ခေါ်သံတခုနဲ့တင်မောင် လိမ်မာနေပါပြီ"

ဆရာဝန်လေးသည် မောလျသွားသည်ဟန်ဖြင့်ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။

ပြီးတော့ အသံတိတ်ငိုကြွေးနေမိသည်။ မသိဘူးမွန်းကြပ်တယ် ပစ်မထားနိုင်ဘူး ပြီးတော့မလွန်ဆန်နိုင်ပြန်ဘူး။ မိုက်ပြစ်လိုက်ဖို့ သတ္တိလည်းမရှိသလို လျစ်လျူရှုဖို့ အင်အားလည်း ဒေါက်တာပတ်မှာ ရှိမနေပါ။

မိမိမပြတ်သားလေ အရူးရင့်လေဖြစ်ရမယ့် ဒီချာတိတ်ရဲ့မျက်ဝန်းတွေကြောင့် မိုက်ပြစ်လိုက်ဖို့ကိုပဲ အားယူနေမိသည်။

မချစ်ပါဘူးလို့သာအခါခါငြင်းနေတာ။ အပြစ်တွေ ကျူးလွန်ထားသူ အပြစ်သားလေးကို ရင်ခွင်သေးသေးလေးထဲထည့်ကာဖွက်ထားချင်တဲ့လောဘတွေ ဒေါက်တာပတ်၏နှလုံးသားထဲစီးဝင်နေပြန်သည်။

"ဒီလိုဒဏ်ရာတွေရနေတာကို ငါမကြိုက်ဘူးမောင် မလုပ်ပါနဲ့အဲလိုတွေ"

ရူးWhere stories live. Discover now