ချွဲဂရုဆေးရုံကြီးမှ ဝန်ထမ်းများသည် VIP အခန်းရှေ့တွင် သဲသဲလှုပ်ပျာယာခတ်နေကြသည်။
ချွဲဂျွန်ချောသည်လည်း အေးစက်လှသော ရာသီဉတုနဲ့
မလိုက်အောင် နဖူးတွင်ချွေးများပင် စို့၍နေလေသည်။လက်သီးကိုဆုပ်ကာ ကုသခန်းရှေ့
ခေါက်တုန့်ခေါက်ပြန်လျှောက်နေသော
ခြေလှမ်းတွေသည်မှာလည်း
ခြေလှမ်းတွေပင်ထောင်ချင်လုပြီ။ဘေဘီကိုသူစိတ်ပူလှသည်။
ဘေဘီကိုသူပိုင်ဆိုင်ချင်သည်။
ဘေဘီသူ့ကို ပြုံးပြသည့်အပြုံးတွေကို ခုံမင်လှသည်။ ခပ်အီအီပူဆာသံလေးတွေကိုလည်းလွမ်းလှသည်။အခုလိုနေမကောင်းဖြစ်မှာကို
သေလောက်အောင်ကြောက်ခဲ့ရတာမဟုတ်လား။
ဒီကလေးလေး နေမကောင်းသည်နှင့် ဂျွန်ချောမှာ
ပျာယာခတ်ခဲ့ရသည့်နေ့ရက်တွေ မဟုတ်ပါလော။ဘေဘီဆေးကျောင်းတက်မည်ကိုလည်း
ကျနော်ကိုယ်တိုင်ပဲ ဖိအားပေးခဲ့ရတာ။လူနာလေးလိုမနေစေချင်တာမို့ ဆေးပညာအသိတွေရပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ
နေနိုင်လိမ့်မည်ဟုယုံကြည်တာမို့ ကျန်ောကိုယ်တိုင်
ဘေဘီကို ဒီလမ်းကိုခင်းပေးခဲ့ရတာ။အပ်ကလေးတွေ သူ့လက်ကိုဖောက်ရင်ဘေဘီက
သိပ်ကိုစိတ်ကောက်တတ်တာ ။ဆရာမတွေကိုဂျီကျတတ်လွန်းလို့ ကျနော်ကိုယ်တိုင်ပဲ ဘေဘီ့ တကိုယ်တော့် နာ့စ် လုပ်ခဲ့ရတာလည်း
အကြိမ်ကြိမ်ပါပဲ အသက်အရွယ်တွေ
အနည်းငယ်ကွာတာမို့့ဒီကလေးလေးကို မနိုင့်တနိုင်
ချီပိုးခဲ့ရတဲ့ နေ့ရက်တွေကလည်း မနေ့တနေ့ကလိုပါပဲ။ဘေဘီဆရာဝန်ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ
အရင်ကထက်ကျန်းမာလာတာမို့
ကျန်ောအလုပ်တွေဘက်ကို အာရုံရောက်ပြီး
ဘေဘီ့အနားမရှိခဲ့ဘူး။ အဲ့တာကြောင့်များ
နေမကောင်းဖြစ်လေသလားဆိုတဲ့စိတ်နဲ့
ကိုယ့်ကိုကို ခွင့်မလွှတ်စိတ်ကလည်း အကြိမ်ကြိမ်ပါပဲ။********************************
လောကကြီးနဲ့ အဆက်အသွယ်ပျက်သွားပြီးခဏမှာ လက်ဖမိုးဆီက စူးကနဲ နာကျင်မူရယ်။ တတီတီ
အသက်ရှုစက်ဆီက ချက်ကျကျအသံတွေ
ပိုးသတ်ဆေး နံ့ တွေကို ထိတွေ့မိတယ်ဆိုမှ သေချာတယ် ကျနော် ဆေးရုံရောက်နေခဲ့ပြီ။
YOU ARE READING
ရူး
Fanfictionပိုချစ်ရတဲ့သူက ပိုရူးရတယ် အကိုရဲ့ မောင်တော့ရူးရချည်ရဲ့ဗျာ Jeon Jungkook အချစ်ခံရခြင်းခေါင်းစဉ်အောက်မှာ ငါရူးသွားပြီ ထင်ပါရဲ့မောင်ရယ် Park jimin