H

748 76 5
                                    

"အကို"

အကိုသည်ပြန်မထူးပဲ အကြည့်စူးစူးကလေးနှင့်
ကြည့်သည်။

"မောင်မျှော်နေတာ "

အကို့အကြည့်လေးသည် စားပွဲပေါ်က
ပန်းအိုးလေးဆီရောက်သွားခဲ့ပြီ။

**ပန်းအိုးလေးပဲ ဖြစ်ချင်ပါရဲ့အကိုရယ်
အကိုအာရုံစိုက်တဲ့ ဘယ်လိုပစ္စည်းလေးမဆို ဖြစ်ချင်ပါရဲ့လေ**

"နေမကောင်းဘူးလားဟင် နုတ်ခမ်းတွေ ဖျော့လွန်းတယ်"

အကိုသည် ဒီတခါ တိတ်ဆိတ်နေရင်းကို
ကျနော့်ကိုစူးစိုက်ကြည့်နေပြန်သည်။
အကို့အကြည့်စူးစူးတွေမှာ အပြစ်လုပ်ထားတဲ့ ကျောင်းသားလေးပမာ ကျန်ောသည် ရိုကျိုးနေမိပြန်သည်။

"ကျစ် မင်းသိပ်ဆိုးလွန်းတယ် ဂျောင်ကု"
"ခင်ဗျာ"
"အကိုကျနော့်ကို စိတ်ဆိုးနေတာလား
ကျန်ောအမှားလုပ်ထားလို့လားဟင်"

****အမှားလုပ်ထားလို့လားတဲ့လား ချာတိတ်ရယ်
မင်းလုပ်ရပ်တွေက ရာဇဝတ်မူတောင်မြောက်နေပြီလေ ဒါကို မမှားဘူးလို့ခံယူထားတာလား***

"မင်းငါ့တိုက်ခန်းမှာလာနေရမယ်"
"ဗျာ"

"ဟုတ်တယ် ဒီဆေးရုံရဲ့ အနောက်တလှမ်းမှာငါတိုက်ခန်းတလုံးဝယ်ထားတာ"

"အကြွေးတွေသိပ်များနေပြီမနေချင်ဘူး"

"စကားနားထောင်မှပေါ့ ပြောတော့လိမ်မာမယ်ဆို"

'သိမ်ငယ်ရတယ်အကိုရဲ့"

"ဒါဆိုမင်းအိမ်မှာ ငါလာနေလို့ရမလား"

'မဖြစ်ဘူး မရဘူးအကို"

"ဟ... ဘာလို့မရရတာလဲ အတိုက်အခံကြီးကိုငြင်းနေတော့တာပဲ မသိရင် မင်းအိမ်မှာ လူတွေသတ်ပြီးအလောင်းတွေ သိမ်းထားတဲ့အတိုင်းပဲ"

" ဗျာ မဟုတ် မဟုတ်ပါဘူးအကိုရယ် မပြည့်စုံတော့လေ အကိုမနေနိုင်မှာ စိုးလို့ပါ"

"မင်းတောင်နေနိုင်သေးတာပဲ ငါလည်းမနေနိုင်စရာတော့မရှိပါဘူး"

"ကျနော်လာနေပါ့မယ် အကို့တိုက်ခန်းကို"

"ငါနဲ့အတူနေရမှာ"

ရူးWhere stories live. Discover now