V

679 60 5
                                    

အားကြီးမားကို လက်ကဆွဲခေါ်ထုတ်လာကာ

" ဘာလို့ အဲ့လိုမျက်နှာကြီးပျက်နေရတာလဲ အားကြီးမား"
" မဟုတ်ပါဘူး သားလေးရယ်
ငါ့သားအဖိုးတန်လေးရယ် ဘယ်လိုဖြစ်လို့....."
" ခွဲခြားတာတွေမကြိုက်ပါဘူးဆို ဆက်မပြောနဲ့ဗျာ"
" အင်းပါကလေးရယ် အားကြီးမားအခုပြန်ရဦးမယ်"
" သောကြာနေ့ပြန်လာမှာနော်ဟုတ်လား"
" အွန်း ကလေးရဲ့ ပတ်စပို့ကို အားကြီးမားက မင်းဘိုးဘိုးအပြင်သွားချိန်ခိုးပြီးလာခဲ့မယ် စောင့်နေနော်"
" အားကြီးမားက အိမ်က password နံပါတ်တွေသိတာပဲနော်"
" ဟုတ်တယ် အားကြီးမား မသိတာ အဲ့အိမ်မှာဘာမှမရှိဘူး မသိရင် အားကြီးမားအိမ်လိုပဲ အဟင်း"
" လာပါဦးသား အားကြီးမားဖက်ထားချင်လို့"
" အားကြီးမားဝမ်းနည်းနေတာလား"
" အင်းကလေးလေး အရမ်းဝမ်းနည်းနေလို့"
" မောင်နဲ့သားကိုသဘောမတူလို့လားဟင်"
" ကလေးလေးပျော်ရင်ရပါပြီ
အားကြီးမားကို သားလေး တို့နဲ့အတူ
လာနေစေချင်တယ်ဆိုရင် အပေးအယူတခု လုပ်ရမယ်"
"ဘာလိုချင်လိုလဲသားဆီက"
" မေတ္တာတွေပါ ကလေးလေး"
" သားပေးထားတယ်လေ"
"ဒါမယ့် သားအားကြီးမားလို့ မခေါ်ပဲ
အိုမားလို့ခေါ်ပေးမလား"
" အားကြီးမားငိုနေတယ်"
ဖက်ထားရာမှ ပခုံးပြင်လေး
စိုစွတ်လာတာမို့ခပ်ဖွဖွမေးလိုက်သည်။

" ဟုတ်တယ်သား သားဆေးတွေမသောက်လို့ငိုချင်တယ်"
" အားကြီးမား ဖက်ထားတာလွှတ်တော့နော်
အကြာကြီးဖက်ထားရင် မောင်စိတ်ဆိုးလိမ့်မယ်"

" အဲ့လောက်တောင်ချစ်လားမောင့်ကို"
" မောင်ကပိုချစ်လောက်တယ်ထင်တယ် အားကြီးမား"
"အများကြီးပြုံးနေတာပဲ အိုမားသားလေး"
"မငိုပါနဲ့ အားကြီးမား အာညှီး အိုမား"
" သားရယ်"
"ပြန်တော့မှာလား"
" အွန်း passport တွေယူပြီးပြန်လာမယ်
မင်းဖိုးဖိုးဒုက္ခမပေးနိုင်တဲ့နေရာထိ သားကိုခေါ်သွားမယ်"
" သားကိုပဲ မဟုတ်ဘူးလေ မောင့်ကိုကျရော
မောင့်မှာ passport မရှိလောက်ဘူး
မောင်မပါရင်သားမလိုက်ဘူး"

" ဪဟုတ်သားပဲ ခေါ်မှာပေါ့ ရအောင်ခေါ်ပေးမယ်သားလေး"

********************

"မောင် အားကြီးမားပြန်သွားပြီ ပုန်းမနေနဲ့တော့"

ခေါင်းငိုက်စိုက်ကောင်လေးသည် သူတခုခု ကို
မကျေနပ်နေတာ သေချာသည်။

ရူးWhere stories live. Discover now