Uni
ပန်းချီပြခန်းတခုတွင်
" ပန်းချီတွေကလှတယ်နော် "
စန္ဒီသည် သူ့အနောက်မှ ရုတ်တရက်အသံကြားလိုက်၍ ကြောင်အသွားသည် ။
" ရှင် ! "
" အာ.... ကိုယ့်နာမည်က မေလှဟေမာပါ "
" ဟုတ်ကဲ့ စန္ဒီပါ "
" ပန်းချီလာအပ်တာလား "
စန္ဒီလက်မှာ ကိုင်ထားသောပန်းချီကားချပ်ကိုတွေ့၍မေးပုံပေါ်သည် ။ စန္ဒီလဲ ခေါင်းငြိမ့်ပြကာ
" ဟုတ်ကဲ့ "
" အင်း... တည့်တည့်လျှောက်သွားပြီး ညာကွေ့လိုက်နော် ပထမဦးဆုံးတွေ့တဲ့အခန်းပဲ အခန်းနံပါတ် ၅၆ "
" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့် အဲ့ဆိုခွင့်ပြုပါဦးနော် "
ဟေမာလဲခေါင်းငြိမ်းပြလိုက်သည် ။ သူ့ရှေ့မှ ထွက်သွားသော စန္ဒီကို ကြည့်နေမိသည် ။ သူ့မြင်ကွင်းမှ ထိုပုံရိပ်လေးပျောက်သွားတော့မှ သတိဝင်ကာ တခြားပန်းချီကားအား ပတ်ကြည့်တော့သည် ။
" ဒေါက် ဒေါက် ! "
" အင်း ဝင်ခဲ့ "
အထဲမှဖြေသံအဆုံး စန္ဒီလဲ အခန်းထဲသို့ဝင်လိုက်သည် ။
" မင်္ဂလာပါရှင့် စန္ဒီပါ ပန်းချီလာအပ်တာပါရှင့် "
" အိုကေ "
" ဒီနားမှာထားခဲ့လိုက်မယ်နော် "
" အင်း "
စားပွဲခုံပေါ်သို့တင်ထားပြီးနောက် ထိုအခန်းမှ ထွက်လာလိုက်သည် ။
At night...
" ဟူး နောက်ဆုံးတော့ပန်းချီအပ်ပြီးပြီ "
စန္ဒီသည် သက်ပြင်းချကာညီးညူလိုက်သည် ။ သူ့ကိုကြည့်နေသော သူငယ်ချင်း နှစ်ယောက်မှ ခေါင်းခါကာ ပြောတော့လေသည် ။
" စိတ်အပန်းဖြေလိုက်အုံးဟယ် နင့်ကိုကြည့်လိုက်တိုင်း အမြဲမျက်ကွင်းညိုနေတော့တာပဲ "
" ဟုတ်ပါ့ ခရီးထွက်ကြမလား "
စန္ဒီသည်လဲ ယုဇနရဲ့ ခရီးထွက်မဲ့အကြံကို လက်ခံလိုက်သည် ။
YOU ARE READING
နေရောင်ခြည်ရဲ့တစ်ဖက်ကမ်း
RomanceUni ကလျာစန္ဒီ "တို့နှစ်ယောက်သာ ကောင်းတဲ့တွေ့ဆုံမှုတစ်ခုရှိခဲ့မယ်ဆိုရင် တို့ မင်းကိုချစ်ခဲ့မိမှာ မဟုတ်ဘူး ချစ်ခဲ့မိပြီ " ယမင်းသိင်္ဂီ "ကောင်းခြင်းဆိုးခြင်း တွေ့ဆုံမှုကို ငါကိုယ်တိုင် သတ်မှတ်မယ် " aon 11,8,2024 Zawgyi ကလ်ာစႏၵီ "တ...