Uni
" ကလျာ ကားပေါ်ကဆင်းခဲ့ ! "
စန္ဒီလဲ ကားပေါ်က ဆင်းလိုက်ပြီး သိင်္ဂီရှေ့တွင်ရပ်လိုက်သည် ။ ထို့နောက် သိင်္ဂီစီမှ ကျလာခဲ့သော လက်သီးတစ်စုံ ။
' ခွပ် ! '
" ကလျာစန္ဒီ ! ငါပြောထားပြီးသား ငါ့လူကိုလာမထိနဲ့ဆိုတာ "
" ဘာ ! "
" ကြောင်သူတော်ကြွက်သူခိုး လုပ်နေတုန်းလား သတ်မှကျေနပ်မှာလား ဟမ် ! "
" မှူးစဝ်ခွင် မသေဘူး "
" ဘာ ! အလောင်းတောင်ပေါ်နေပြီဟ အဲ့တာတောင်မသေသေးဘူးလား "
" အဲ့ကြောင့် နင်ငါ့အပေါ်လက်ပါစရာမလိုဘူး မင်း "
" ဟက် ! လက်သီးတစ်ချက်ကြောင့် နာနေတာတဲ့လား ဟာသပဲ "
" နင်တောင် နင်ခိုးယူခဲ့တဲ့ကောင်မလေးပျောက်လို့ အရူးမီးဝိုင်းဖြစ်နေတာပဲမဲ့လား ကောင်မတစ်ယောက်အတွက်နဲ့လေ ဟာသပဲ ! "
" ခွေးစကားတွေပြောပြီး အချိန်ကုန်နေမဲ့အစာ ငါ့မေးတာသာဖြေ မှူးလေးဘယ်မှာလဲ "
" ခွေးစကားက ဘယ်ကောင်အရင်လာစပြောတာလဲ "
" ငါမေးတာသာဖြေ "
" ငါသတ်သေတုန်းကတောင် ပေါ်မလာခဲ့ဘူးနော် ကိုယ့်အပိုင်မဟုတ်တဲ့သူက ပိုင်ရှင်စီ ပြန်သွားတာကိုကြ ကြောက်နေလိုက်တာ မင်းရယ် "
" နင်သတ်သေတာ ငါနဲ့ဘာဆိုင်နေလို့ ငါကရောက်လာရမှာလဲ မှူးလေးကဘယ်သူ့အပိုင်ဖြစ်နေပစေ သူက ငါချစ်နေသရွေ့ ငါအပိုင်ပဲ "
" ဟား ငါ့အစ်မအပိုင်ကို လုယူထားပြီ မျက်နှာပြောင်တိုက်လိုက်တာ မင်းရယ် နင်သာ ဆွန်းစီကနေ လုမယူခဲ့ဘူးဆို ဆွန်းလဲ အခုလိုပြန်လုပ်နေစရာအကြောင်းမရှိဘူး အင်း အခုလဲငါ့အစ်မစီမှာ ဒါနဲ့တခါထဲပြောလိုက်မယ် ယမင်းသိင်္ဂီ ဒါနဲ့ဆို နှစ်ကြိမ်မြောက်ရှိပြီထင်တယ် "
ထိုမျှသာပြောပြီး ကားပေါ်သို့ပြန်တက်လာကာ အိမ်သို့သာမောင်းပြန်လာခဲ့သည် ။ ယမင်းသိင်္ဂီကတော့ ထိုနေရာတွေသာ ရပ်နေမိသည် ။
" မှူးစဝ်ခွင် ငါပြန်မိရင် နင်မလွယ်ဘူး "
စန္ဒီ အိမ်သို့ပြန်ရောက်သည်နှင့် သူ့ပန်းချီအခန်းကိုသာ တန်းဝင်သွားသည် ။ ထို့နောက် ဆွဲလက်စပန်းချီကိုသာ ဆက်ဆွဲနေလိုက်သည် ။ ယုနှင့်သွန်းသည် အိမ်ထဲသို့ဝင်လာပြီး သူတို့ကိုပင်မမြင် အခန်းထဲသို့ တန်းဝင်သွားပြီး တိတ်နေသည်ကို မြင်ကာ လန့်နေမိသည် ။ ထို့နောက် ယုနှင့်သွန်းသည် စန္ဒီရဲ့ ပန်းချီခန်းစီသို့ အပြေးသွားကာ တခါးကိုခေါက်လိုက်သည် ။
YOU ARE READING
နေရောင်ခြည်ရဲ့တစ်ဖက်ကမ်း
RomanceUni ကလျာစန္ဒီ "တို့နှစ်ယောက်သာ ကောင်းတဲ့တွေ့ဆုံမှုတစ်ခုရှိခဲ့မယ်ဆိုရင် တို့ မင်းကိုချစ်ခဲ့မိမှာ မဟုတ်ဘူး ချစ်ခဲ့မိပြီ " ယမင်းသိင်္ဂီ "ကောင်းခြင်းဆိုးခြင်း တွေ့ဆုံမှုကို ငါကိုယ်တိုင် သတ်မှတ်မယ် " aon 11,8,2024 Zawgyi ကလ်ာစႏၵီ "တ...