Uni
" စန္ဒီ "
ဟန်စောမှ အစားစာကိုသာ ခေါင်းငုတ်စားနေသည့်ကို ကြည့်ရင်ခေါ်လိုက်တာဖြစ်သည် ။
" အင်း ဘာပြောစရာရှိလို့လဲ "
" အန်တီက ကိုယ်တို့ကို စေ့စပ်ထားချင်တယ်တဲ့ အဲ့တာစန္ဒီရော "
ထိုအချိန်စန္ဒီသည် စားလက်စ ထမင်းကို ပါးစပ်ထဲထည့်ကဇွန်းအား အားနှင့်ချလိုက်သည် ။
" တို့လက်မခံဘူးဆိုရင်ရော ဟန်စောအပိုင် "
" အန်တီကိုလွန်ဆန်နိုင်လို့လားစန္ဒီ "
" အမားကိုမလွန်ဆန်နိုင်ဘူးဆိုတာကို သိနေတာပဲ "
" မဟုတ်ပါဘူးဗျာ အဲ့တော့ စန္ဒီမှာ လက်ခံရုံအပြင် မရှိဘူးမဲ့လားဟင် "
" အဲ့နေ့ရောက်မှ ပြောကြတာပေါ့ အခုတော့ ခွင့်ပြုပါအုံး ဟန်စောအပိုင် ယုနဲ့သွန်း တခါထဲပြန်မှာလား နေအုံးမလား ငါသွားစရာရှိလို့ "
ယုနှင့်သွန်းလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စန္ဒီကို ခေါင်းငြိမ့်ပြလိုက်သည် ။
" အဲ့ဆိုသွားမယ် "
" အိုကေ "
ဟန်စောအပိုင်အား နှုတ်ပင်မဆတ်ပဲ သုံးယောက်သားထွက်လာလိုက်သည် ။ စန္ဒီကားပေါ်ရောက်သည်နှင့် ဖုန်းမြည်လာသည် ။
' ယုနှင့်သွန်း '
" ဟယ်လို "
" စန္ဒီ နင့်စံအိမ်ကိုသွားမှာမဲ့လား "
ယုမှမေးလိုက်သည် ။
" အင်း "
" စန္ဒီ ငါတို့ပါလိုက်ခဲ့မယ် "
" အင်း "
သွန်းကတော့ ဖုန်းချခါနီးတွင်သာ တစ်ခွန်းထဲပြောလိုက်သည် ။
" စန္ဒီနဲ့ယု ဖြေးဖြေးမောင်း အနောက်မှာ ငါရှိမယ် ဂရုစိုက် "
" အိုကေ "
ထို့နောက်ဖုန်းကျသွားသည် ။ စန္ဒီ စံအိမ်သို့ရောက်သည်နှင့် ယုနှင့်သွန်းက ကားပေါ်တွင်သာ စောင့်ကျန်နေခဲ့သည် ။ စန္ဒီသည် စံအိမ်ထဲကို ဝင်သွားသည်နှင့် စံအိမ် ဧည့်ခန်းတွင် စန္ဒီအမေနှင့်အဖေက ထိုင်နေသည် ။ အဖေဖြစ်သူက သတင်းစာဖတ်နေကာ အမေဖြစ်သူက ဖုန်းကြည့်နေသည် ။ စန္ဒီဝင်လာသည်ကိုပင် မတွေ့သေးပုံပင် ။ စန္ဒီလဲချောင်းဟန့်လိုက်သည် ။
YOU ARE READING
နေရောင်ခြည်ရဲ့တစ်ဖက်ကမ်း
RomanceUni ကလျာစန္ဒီ "တို့နှစ်ယောက်သာ ကောင်းတဲ့တွေ့ဆုံမှုတစ်ခုရှိခဲ့မယ်ဆိုရင် တို့ မင်းကိုချစ်ခဲ့မိမှာ မဟုတ်ဘူး ချစ်ခဲ့မိပြီ " ယမင်းသိင်္ဂီ "ကောင်းခြင်းဆိုးခြင်း တွေ့ဆုံမှုကို ငါကိုယ်တိုင် သတ်မှတ်မယ် " aon 11,8,2024 Zawgyi ကလ်ာစႏၵီ "တ...