ep-2

28 3 2
                                    

Uni

" ဝမ်းသာစရာလဲမလိုပါဘူး ကလျာစန္ဒီ "

စန္ဒီ၏ အနောက်မှ လူတစ်ယောက်၏အသံကို ရုတ်တရက်ကြားလိုက်ရသည် ။ ထိုအချိန်တွင် စန္ဒီသည် လှည့်ကြည့်လိုက်သည် ။ ထိုလူအားဂရုမစိုက်ပဲ ဈန်ကိုသာပြန်လှည့်ကြည့်နေလိုက်သည် ။

" ဈန်ဏီယွန်း ဒါဘာသဘောပဲ "

စန္ဒီလဲ စိတ်ရှုပ်စွာ ဈန်ဏီယွန်းအား မေးလိုက်သည် ။ စန္ဒီ၏ အသံသည်လဲ အတော်ပင်စိတ်ပျက်နေသည့် အသံပင်ပေါက်နေလေပြီ ။

" ဘာသဘောရယ်လိုတော့မဟုတ်ဘူး ပြန်တွေ့လို့လာနှုတ်ဆတ်တာ "

" ဘာ ! အခုကနှုတ်ဆတ်တာရောဟုတ်ရဲ့လား ပြန်ပေးဆွဲနေသလိုပဲနော် "

ဈန်ဏီယွန်းလဲ တစ်ချက်ဟန်ပါပါရီလိုက်ပြီး

" စန္ဒီ သတိရနေတာ "

ဟု ပြောကာ စန္ဒီအား ပြေးဖတ်လိုက်သည် ။ စန္ဒီလဲ ဈန်ဏီယွန်းအားပြန်ဖတ်လိုက်သည် ။

" သတိရတယ်သာပြောတာ ၂ နှစ်ကြာမှ ပြန်လာတွေ့တယ်တဲ့လား "

" အချိန်တွေမရလို့ပါဟာ "

" အွန်းပါ "

ထိုနောက် ခုနကလူဖက်အားပြန်လှည့်ကာ

" အော် ပြန်တွေ့ရတာဝမ်းသာပါတယ် ယမင်းသိင်္ဂီ "

စန္ဒီဖက်မှ စတင်နှုတ်ဆတ်နေသောလဲ ထိုလူသည် သူ့ကိုသာ တစ်စိုက်မတ်မတ်စိုက်ကြည့်နေသည် ။ ၁ မိနစ်လောက်နေမှသာ ပြန်နှုတ်ဆတ်လာသည် ။

" အင်း ကိုယ်ကတော့ဝမ်းသာမနေဘူး "

" လူမှုရေးအရလို့သာမှတ်လိုက်ပါ တို့လဲအရမ်းဝမ်းသာနေတာမဟုတ်လို့ ဒါနဲ့ကောင်မလေးကချစ်ဖို့ကောင်းသားပဲ အရင်လူပဲနော် "

စန္ဒီ၏ အပြောကြောင့် သိင်္ဂီဒေါသထွက်သွားပြီး

" ကလျာစန္ဒီ ဒါဘာကိုပြောချင်နေတာလဲ "

" ဟွန်း ဘာမှမဟုတ်ပါဘူး ချစ်ဖို့ကောင်းလို့လေ  ဒါနဲ့ဈန် ငါ့တဲကိုသွားမလား သွန်းနဲ့ယုလဲရှိတယ် "

သိင်္ဂီသည်လဲ စိတ်ကိုသာလျော့လိုက်သည် ။
စန္ဒီစကားလမ်းကြောင်းလွဲလိုက်သည်မို့ ပြန်လဲမေးမနေတော့ပေ ။

နေရောင်ခြည်ရဲ့တစ်ဖက်ကမ်းWhere stories live. Discover now