Part-3

158 18 12
                                    

" အဲဒီစာအုပ်ပုံကို ဟိုဘက်စာအုပ်တွေနဲ့ မရောပစ်နဲ့လေ !!
ရှကျစ်...ရှအကြီးအကဲကလည်း ~"

စာကြည့်တိုက်ထဲမှာ အသစ်ရောက်လာတဲ့ စာအုပ်တွေနဲ့ အရင်ရက်တွေကတည်း ရှင်းပစ်ဖို့ကျန်နေတဲ့ စာအုပ်တွေကို စင်တွေပေါ်မှာ နေရာတကျ ပြန်စီနေရတာဖြစ်လို့ ကူညီသလိုလိုနဲ့ အရှုပ်တွေလုပ်နေတဲ့ ရှအကြီးအကဲကို ပိစိလေး မျက်စိနောက်လာတာပဲဖြစ်ပါတယ်။

သူက တစ်အုပ်ချင်းစီကို စီစစ်လို့ ပုံစံတူရာလေးတွေခွဲပြီး သက်သက်ဆီ ထားပေမယ့် ရှအကြီးအကဲကတော့ စာအုပ်စင်တွေပေါ် ကူစီပေးဖို့ဆိုပြီး အဲ့ဒီစာအုပ်အပုံလိုက်ကို ဆင့်လို့ မသယ်လိုက်တာပါပဲ။

" အာ ဟုတ်လား၊ အမ်း... ကိုယ့်အနားလာပြီး ဒီစာအုပ်လေးတွေ ပြန်လာခွဲပေးပါလား။သေချာလိုက်မှတ်ထားပေးမယ်လေ"

"ဟမ်းး"

သက်ပြင်းလေး သေးသေးချလို့ ဆန်ကိတ်ဘူးအဖုံးလေးကို ပိတ်ကာ စာအုပ်တင်စားပွဲအမြင့်‌ပေါ်မှာ ထိုင်နေရင်း မြေကြီးပေါ်ခုန်လို့ ဆင်းလိုက်ရပါတယ်။

"ဟေး ချော်လဲမယ်လေ"

ဆူသလို အသံတည်တည်နဲ့ ပြောလာသူကြောင့် စော‌စောက ခုန်ဆင်းလိုက်ရင်း တချွင်ချွင်မြည်နေတဲ့ ခါးပတ်အနားစလေးတွေကို လက်ကလေးနဲ့ပွတ်လို့ရယ်နှင့် ထိုလူအနားကို သွားရပါတယ်။

ဟမ့်...ဆူတယ်နော် အခုသိကြတာကိုများ~

ပြီးနောက် စာအုပ်ပံုတွေကြားကို ထိုင်ချလိုက်ရင်း မတ်တပ်‌ရပ်နေသေးတဲ့ ရှအကြီးအကဲရဲ့ လက်၀တ်ရုံအဖျားအနားစလေးကိုဆွဲလို့ ခေါ်လိုက်ပါတယ်။

"ထိုင်ပါဦးနော် စာအုပ်ခွဲပြမယ်လေ"

ရှီးကျန်းမြောင်ကျေးရွာအလည်မှာ တည်ထားတဲ့ စာကြည့်တိုက်လေးက ဟွမ်အကြီးအကဲရဲ့ဦးဆောင်ညွှန်ကြားမှုအောက်မှာ
ပုံပေါ်လာတာဖြစ်ပြီးကျေးရွာထဲက လူငယ်တွေအားလုံးကလည်း စာကြည့်တိုက်နဲ့သက်ဆိုင်တဲ့ ဝေယျာဝေစ္စ မှန်သမျှကို တာ၀န်ယူဆောင်ရွက်ပေးရပါတယ်။

ဒီတစ်လ အတွက် စာကြည့်တိုက်ထိန်းသိမ်း‌ရေးကို ဟွမ်ကျွင့်ကျယ် တာ၀န်ယူရကာ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်အသစ်တွေရောက်လာတာဖြစ်လို့ လုပ်ရမယ့်တာ၀န်တွေအရမ်းများပါတယ်။ ဒါတောင်ပွဲတော်ရက်ထဲရောက်ခါနီးဖြစ်လို့ လူသိပ်မလာကြလို့သာ အများကြီးသက်သာနေတယ်လို့ ပြောလို့ရတာပါ။

Match Made In Heaven (zhijun)Where stories live. Discover now