Part - 10

131 12 22
                                    

" ဟွမ်ဟွမ် "

" ဗျာ~"

"ဘာလို့ ဒီနားလေး လာလာ ရပ်နေတာလဲ ကလေး။ ဘာစားချင်လို့လည်း "

အမြဲတစေကို တစ်ခုမဟုတ်တစ်ခု ချက်နေရမှ ကျေနပ်နေတဲ့ ကြီးကြီးက မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတုန်း ဘေးနားလေး လာရပ်တဲ့ ကောင်လေးခ‌မျာ တစ်ခုခု လိုချင်ပေမယ့် မပြောရဲဟန်
ရှိတာကြောင့် ခေါ်မေးတော့ လက်ထဲက စူးယုံလက်ဖက်ရည် ပန်းကန်လေးကို ပင့်ပြသည်။

"ဒါကလေ သောက်ရ အရမ်းခက်တယ်။ ကျ..ကျနော် မကြိုက်ဘူး"

" အိုကွယ်~~ ဒါသောက်မှ သားနေကောင်းမှာပေါ့။ အခုတောင် နှာသံလေးပေါက်နေတာ "

" ကျွန်တော်သောက်တော့သောက်မှာပါ ကြီးကြီးကလည်း "

အလိုလိုက်ခံရသူဖူးပီပီ ဘယ်သူကိုအနားကပ်ပူဆာလျှင်လိုချင်တာ ရမည်ကို ကောင်းကောင်းနားလည်သည်။
"ဒါဖြင့် ဟွမ်ဟွမ်က ဘာလိုချင်လို့လဲ"

"သကြားချိုချိုလေးတွေ~~နော့်လို့... စူးယုံလက်ဖက်ရည်ကို ခါးခါးကြီး မသောက်ချင်ဘူး"

" သကြားခဲလေးတွေ ပေးလိုက်လို့ ချောင်းဆိုးကုန်မှဖြင့်တော် "

" နည်းနည်းလေးပါလို့ ~နော် ကြီးကြီး"

သက်ပြင်းသဲ့သဲ့ချလိုက်သည့် ကြီးကြီးက မျက်နှာလေးငယ်လို့ထားသည့် ဟွမ်ကျွင့်ကျယ် ပုံလေးကိုမြင်တော့ စိတ်ပျော့ရပြန်သည်။ မီးဖိုဆောင် တံခါးအပြင်ကို တစ်ချက်အကဲခတ်သလို လှမ်းကြည့်ရင်း

"ကဲ ဒီတစ်ခါပဲ ရမယ်နော် " ဟုဆိုကာ သကြားခဲ လေးတွေ သွားလို့ယူရန်ပြင်သည်။

" ညက ကောင်းကောင်းအိပ်ပျော်လား သား။ နှင်းမုန်းတိုင်းကြောင့် လန့်မယ်ထင်ပေမယ့် သားအခန်းဘက်က ဘာသံမှ သိပ်မကြားတာနဲ့ လာမကြည့်ဖြစ်တာ "

" ဟုတ် ပြေပါတယ်ကြီးကြီး "

လက်ဖက်ရည်ခွက်လေးထဲ သကြားခဲလေးထည့်ကာ မွေှလို့သောက်ခိုင်းတော့ မျက်နှာလေးက ပြုံးလို့လာသည်။

"ရှောင်ဟွမ်ပြီးပြီလား။ ကိုယ်တို့သွားရအောင် "

"ဟဲ့ ဘယ်သွားကြမှာတုန်း "

Match Made In Heaven (zhijun)Where stories live. Discover now