part-4

127 16 17
                                    

" ဟဲ့ နင်တို့အကမတိုက်ပဲ ဘာလုပ်နေကြတာတုန်း "

အကြီးအကဲ အိမ်တော်ရဲ့ နားနေဆောင်နားမှာ တပူးပူးကပ်ကာ တံခါးအနား ကပ်လို့ နားထောင်လိုက်၊ တီးတိုးပြောလိုက်၊ တံခါးအကာအဟကြား တိုးဝှေ့လို့ မရမကကြည့်နေကြတဲ့ သူတွေကို
မေးမိတော့

"ရူးး တိုးတိုးပြော...ကျဲရဲ့ ။ Tsi Gao လေးအဆူခံနေရတာလားမသိဘူး။ စောစောက သူ့အစ်ကိုရောက်လာပြီး ခဏကြာတော့ ဆူလိုက်တဲ့အသံတစ်ခုကြားလိုက်တယ်"

ဟွမ်အကြီးအကဲ အိမ်တော်ရဲ့ ဥယျာဉ်ခင်းရှိရာဘက်မှာ ပွဲတော်အတွက်အဆိုအက လေ့ကျင့်နေကြတဲ့ အဖွဲ့သားတွေက အချိန်တော်တော်ကြာနေသည့်အထိ မလာကြတာကြောင့် အိမ်တော်ဘက်ဆီကိုလာခဲ့ရတဲ့ ဟွမ်ဟွားလီ က ဟွမ်ကျွင့်ကျယ် လက်ထဲထည့်ပေးသွားတဲ့ ခေါင်းဆောင်းလေးကို ကိုင်ထားလို့ရယ်ပါ။

အစောတုန်းက တွေ့ခဲ့ရတဲ့ ဟွမ်ဟွမ်မျက်နှာလေးက ငိုထားဟန်တူသည့် နီတာရဲလေးဖြစ်နေပေမယ့် ဘေးက ဧည့်သည်ဖြစ်သူ
တိဗက် အကြီးအကဲရဲ့ မျက်နှာတည်တည်ကြောင့် သူ့ခင်မျာ ဟွမ်ဟွမ် မျက်နှာလေးကို ကိုင်ဖို့ရွယ်မိတဲ့ လက်ကို ယောင်လို့တောင် ရုတ်မိခဲ့ရပါသေးတယ်။

" ဟယ်မဟုတ်သေးပါဘူး တိဗက်အကြီးအကဲ ကများ တခုခု လန့်အောင် ခြောက်လိုက်လို့များလား "

တွေးလို့ကာရယ် ကြည့်မိတော့ ဟွားလီတစ်ယောက် လက်သီးလက်မောင်းတန်းမိတယ်။ ငါ့တို့ ဟွမ်ဟွမ့်ကို ဘယ်သူအနိုင်ကျင့်ရဲသလဲ!!

စိတ်မရှည်သည့်ဟန်နှင့် သူ့လူကောင်သေးသေးလေးကို အသုံးပြုကာ လူအုပ်ကြားထဲ တိုးဝှေ့လို့ တံခါးနားထိရောက်အောင် သွားလိုက်သည်။

"ဖယ်စမ်းပါတော် နင်တို့ နားထောင်တာ ကြာတယ်။ ငါနားထောင်မယ် "

........  ..................................................... .........

" ဘာ... အိပ်နေတဲ့သူကို ရေနဲ့လောင်းတယ်!"

ဟွမ်ကျယ်ကောရဲ့ ဒေါသကို ရိပ်မိပုံရတဲ့ ဟွမ်ကျွင့်ကျယ်က
ရှအကြီးအကဲ ကျောပြင်ကျယ်နောက်မှာ ကွယ်လို့ တစ်ဖက်က ဟွမ်ဘိုးဘိုး ကိုလည်း မျက်နှာငယ်လေးနဲ့ ကြည့်ကာ အကူအညီတောင်းမိပြန်ပါတယ်။

Match Made In Heaven (zhijun)Where stories live. Discover now