ဒိပေါင် ဘုန်းတော်ကြီး ကျောင်းကပြန်လာပြီး နောက်ရက်တွေများမှာ တော့ ဟွေ့ဟွေ့တို့ သူငယ်ချင်း သုံးဦးသားက ဟွမ်ကျွင့်ကျယ်ဆီ အလည်လာကြပြီး စကားတွေပြောဖြစ်တာကြောင့် သူတို့သုံးဦးသားနဲ့ ရင်းနှီးလာစ ပြုပြီဖြစ်သလို ရှအကြီးအကဲ မှာလည်း မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာတွေကြောင့် အများကြီး အလုပ်ရှုပ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။
မနက်မိုးလင်းတာနဲ့ စာကြည့်ခန်းထဲမှာ အလုပ်လုပ်ရင်လုပ် မလုပ်ရင် လာဆာ့မြိုတော်ရဲ့ အလည်ဗဟိုမှာ တည်ထားတဲ့ ပိုတာလာ နန်းဆောင်ထဲမှာ အစည်းအဝေး လုပ်ရလေ့ရှိတာကြောင့်
တွေ့ဖို့အချိန်လေးတောင် သိပ်မရှိကြတော့ဘူးလို့ တွေးနေမိသေးပါရဲ့။ဒါပေမယ့် ရှအကြီအကဲက အိမ်တော်ကို ပြန်ရောက်ပြီးဆိုတာနဲ့
သူ့နာမည်ကို အရင်မေးတတ်သလို မုန့်အသစ်အဆန်းလေးတွေကိုလည်း တစ်ခါတလေ လုပ်ကျွေးတတ်ပါတယ်။နေ့ခင်းဘက်မှာဆို အကြီးအကဲ စာကြည့်ခန်းထဲမှာပဲ ယုန်ကောင်ပုစိလေးလို ၀င်ကွေးနေတတ်တဲ့ ဟွမ်ကျွင့်ကျယ်က စာဖတ်စရာ မရှိရင် ညဘက်မှာ အချိန်အားတိုင်း ရှအကြီးအကဲ တခါတလေ သင်ပေးတတ်တဲ့ တိဗက် ရိုးရာ စာလုံးလေးတွေကို လည်း
ရေးကျင့်နေတတ်တာပါသေးတယ်။ တစ်လုံးလောက် ရေးတတ်ရင်ကို ရှအကြီးအကဲတင်မဟုတ်ပဲ ကြီးကြီးကပါ အားပါတရ ချီးကျူးတတ်ကြတာကြောင့် အဲ့ဒိလိုအချိန်တွေမှာဆို ဟွမ်ကျွင့်ကျယ် မျက်နှာလေးက ကိုယ်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့မျက်နှာထားလေးနဲ့ ပင့်ချီလို့နေတတ်ပါသေးသည်။တစ်ခါတုန်းကဆို ကြီးကြီးက လန်ယင်းစုလို့ ခေါ်တဲ့ တိဗက်မှာ ပွင့်တတ်တဲ့ အပြာရောင်ပန်းလေးတွေကို ပြဖို့ ခေါ်သွားပြီးအိမ်တော် ပြန်အလာမှာ စာမေးမြန်းဖို့ လာဟန်တူတဲ့ ဟွေ့ဟွေ့တို့ သုံးယောက်သား စာကြည့်ခန်းအပြင်မှာ ငြိမ်လို့ရပ်နေတာကို တွေ့လိုက်ရ၏။
စပ်စပ်စုစု မေ့လေးငေါ့မေးရန်ဟန်ပြင်ရုံပဲ ရှိပါသေးရဲ့ စာကြည့်ခန်းထဲကနေ "ဝုန်းခနဲ "ဆိုတဲ့ စားပွဲပေါ် အရာတစ်ခု ရိုက်ချလိုက်တဲ့ အသံမျိုးနဲ့ အကြီးအကဲရဲ့ ပုံမှန်ထက် အနည်းငယ်
ပိုမြင့်ကာ ဒေါသသံစွက်တဲ့ အသံတို့ကိုပါ ကြားလိုက်ရပါတယ်။