Part-12

129 19 23
                                    

လာဆာမြို့ရဲ့ မနက်ခင်းမှာတော့ နေရောင်ဖျော့ဖျော့လေး သန်းလို့ရယ်နှင့် ရာသီဥတုတို့ ကြည်သာလျှက်ရှိပုံက မနေ့က သည်းထန်စွာခဲ့သည့် မိုးရေတို့နှင့် လားလားမျှ မဆိုင်သလိုပင်။

အအေးဓာတ် လွန်ကဲလို့ ရှိနေသေးပေမယ့် မိုးရွာထားသည့်အရှိန်နှင့်ရော နေရောင်ခြည်‌တလက်လက်တို့ရယ်ကြောင့် သစ်ပန်းမန်တို့ စိမ်းစိုကာ ရေစက်မွှားလေးတို့ဖြင့် ရောင်ပြန်ဟပ်ကာ တဖျက်ဖျက် တောက်ပနေပုံက မနက်ခင်းမှာ စိတ်ကြည်နူးစရာပင်ဖြစ်သည်။

ယခုလို ပတ်၀န်းကျင်ရာသီဥတု အလှတို့က ကြည်ရသူတိုင်းအတွက် စိတ်ကြည်နူးစရာဆိုသော်လည်း လာဆာမြို့ရဲ့ တိဗက်အကြီးအကဲ ရှကျစ်ကွမ်းအတွက်တော့ ဟုတ်ဟန်မတူပေ။

စာဖတ်ခန်းထဲတွင် အစီရင်ခံစာတစ်ချို့ကို ဖတ်နေရသည်ဆိုသော်လည်း အာရုံတို့က အပြင်ဘက် ပြတင်းက လှမ်းမြင်နေရသည့် ဒေါ်ဒေါ် နှင့်အတူ အရွက်လေးတွေ ကူခူးပေးနေရှာသည့် ဟွမ်ကျွင့်ကျယ်ဆီမှာသာဖြစ်သည်။

မနေ့က အဖြစ်နှင့်ပတ်သတ်လို့ ဟွေ့ဟွေ့တို့သုံးဦးသားကိုပါ ဆူလို့ ထားသည်ကြောင့် ထိုကလေးတွေမှာလည်း အခုရက်ပိုင်း ဟွမ်ဟွမ့်ဆီ လာလည်ဖို့မရဲကြပေ။ သေချာသည်ကတော့ အိမ်တော်မှာ သူရှိနေခြင်းကြောင့်သာဖြစ်၏။

အဖော်မရှိတော့ ပျင်းလို့နေရှာသည့် ဟွမ်ကျွင့်ကျယ်က ပုံမှန်ဆိုလည်း စာဖတ်ခန်းထဲ လာကာ ငြိမ်ငြိမ်လေးစာဖတ်နေတတ်ပေမယ့် ဒီနေ့မနက်ကတည်းက သူ့အနားကိုမလာ။ ဒေါ်ဒေါ်အနားသာကပ်နေလို့နေသည်။ သေချာသည်က စိတ်ကောက်နေသည်ဖြစ်မည်။

တွေးလို့ကာကြည့်မိတော့ ရယ်ရ ငိုရ အခက်သားပင်။ သူ့အပေါ် မကြည်သည်က မှန်သော်လည်း တအားလည်းမဆိုးရဲရှာတာကြောင့် ‌တခြားနည်းလမ်းလေးတွေနဲ့ လုပ်ပြနေပြန်တာက ရယ်စရာလေးပေမယ့် ပုံမှန်လို့ သူ့အနားမှာကပ်နေတတ်သည့် အမွှေးလုံးလေးက မရှိပြန်တော့ မြင်ရက်နှင့်ပင် လွမ်းရပြန်သည်။

ဒေါက်ဒေါက်...

"အင်း ၀င်ခဲ့"

စကားသံဆုံးတော့ မိုးပြာရောင် တိဗက်ရိုးရာအ၀တ်အစားလေး ၀တ်ဆင်ထားသူလေးက အထဲသို့ နှစ်လှမ်းမျှ၀င်လို့ ရောက်လာသည်။

Match Made In Heaven (zhijun)Where stories live. Discover now