Part - 13

194 19 23
                                    

ညနေပိုင်း အိမ်တော်၀န်း ခြံရှေ့က ဆူညံသံ သဲ့သဲ့တို့ကို
ကြားမိတာကြောင့် အပြင်ထွက်ကာကြည့်မိတော့ မြင်းလှည်းတစ်စီးကို တွေ့လိုက်ရသည်။

ရပ်‌ေနရာဘေးမှ ဖြတ်လို့သွားသည့် ကြီးကြီးက အထုပ်ကြီး တစ်ထုပ်ကို ပိုက်လို့ရယ်နှင့် ပြုံးရွင်လို့နေသည်။

‌" ဟွမ်ဟွမ်ရေ။ ကြီးကြီး သားဖို့ သစ်တော်သီးကိတ်မုန့်လေး မီးဖိုဆောင်က လူတွေကို ပြင်ခိုင်းထားတယ်နော်သား "

ဒါတင်မကသေး ရာသီဥတုမမှန်တာကြောင့် နွေးနွေးထွေးထွေး နေရန် အပြင်လျောက်မသွားရန် စသည်ဖြင့်တစ်ခုပြီးတစ်ခု မှာလို့ပင် မပြီးနိုင်တော့သည်မို့ ခေါင်းလေးတငြိမ့်ငြိမ့် လုပ်နေရင်း

" ကြီးကြီးက ဘယ်သွားမှာလဲလို့ "

"အော်... ‌ဟိုဘက်မြို့က တူမလေးဆီ အလည်သွားမလို့ဟွမ်ဟွမ်ရဲ့ "

ကြီးကြီးက တစ်ကိုယ်တည်း အပျိုကြီး ဖြစ်သော်လည်း
တူ။တူမများက တလေတစားနှင့် ချစ်ခင်ကြသည် ထင်၏။
ကြီးကြီးမှာ မွေးချင်းငါးယောက်ရှိသည်ဖြစ်ပြီး အကြီးဆုံးဖြစ်ကာ ရှအကြီးအကဲ၏ မိခင်မှာတော့ ဒုတိယယောက်မြောက်ဖြစ်တာကြောင့် အသက်ချင်းသိပ်မကွာသည်မို့ ပို၍ရင်းနှီးကြသည် ဖြစ်ရာ  ရှအကြီးအကဲကိုလည်း မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် သားအရင်းလို စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်တို့ကို အားပေါင် ပြောဖူးလို့သိခဲ့ရဖူးသည်။

တိဗက်ရဲ့ အကြီးအကဲ အဖြစ်နေရာလွဲပြောင်းပြီးခဲ့သည့် အချိန်မှစ၍ အရင်အကြီးအကဲ ဖြစ်တဲ့ ရှကျစ်ကွမ်း ဖခင်မှာ ဒိပေါင်
ဘုန်းတော်ကြီးကျောင်းမှာ တရားအားထုတ်ဖို့ရွေးချယ်ခဲ့တာကြောင့် ကြီးကြီးကိုယ်တိုင်က ဒီအိမ်တော်အတွင်းမှာ ရှအကြီးအကဲနှင့် အဖော်ပြုပေးရန် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး
တခါတရံတော့ တခြားသော တူ၊တူမ များဆီသို့လည်း တပတ်၊ နှစ်ပတ် လောက်သွားနေတတ်သည်ပင်။

" ကြီးကြီးက ကြာမှာလားနော် "

"အေး ..သားလေး မကြာပါဘူး လေးရက်လောက်ပေါ့ " 

ပစ္စည်းတွေတင်နေရင်း သူ့ကို စကားလှည့်ပြောလာသည်မို့
ကျန်ပစ္စည်းတို့ကိုပါ ကြီးကြီး လက်ထဲက ကူဆွဲလို့ သယ်ထည့်ပေးလိုက်သည်။

Match Made In Heaven (zhijun)Where stories live. Discover now