သွေ့ဟွားအင်ပါယာရဲ့ မြောက်ဘက်ဂိတ်နယ်စပ်တွင် ကျူးကျော်နေသည့် လျန်လူမျိုးသူပုန်များကို သွေ့ဟွား
မင်ကြီးရဲ့အမိန့်အရ အိမ်ရှေ့စံ ကိုယ်တိုင်ဦးဆောင်သည့်တပ်က ရက်၄၀ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ၄၇ရက်မြောက်တွင်အောင်ပွဲခံနိုင်ခဲ့သည်။စစ်သည်ရဲမက်များ၏ တိုက်ပွဲအောင်မြင်ကြွေးကြော်သံများဖြင့် ဆူညံနေသည့် စစ်မြေပြင်.....
ကြယ်ရောင်စုံ နှင်းတွေဝေကာ အအေးဓာတ်က အသည်းခိုက်မတတ်ချမ်းနေသော်လည်း အောင်ပွဲခံနေကြသည့် သွေ့ဟွားစစ်သည်တော်များကတော့ အအေးဒဏ်ကိုမမှုပါပေ
ရွက်ဖျင်တဲထဲတွင် ဆိတ်ငြိမ်စွာထိုင်နေသည့် အိမ်ရှေ့စံ ဟွားရန်တစ်ယောက်လက်နှစ်ဖက်တွင် စွန်းပေနေသောသွေးများကို ဘယ်နှကြိမ်မြောက်ဆေးကြောနေမိသလဲ
မသိတော့။အကြိမ်ကြိမ်ဆေးကြောနေသည့်တိုင် စွန်းထင်းနေသည့်သွေးများက မပျောက်ကွယ်သွားသလိုပင်။ဖခမည်းတော်၏ ထီးနန်းကိုတည်မြဲလိုစိတ်နဲ့ နယ်မြေချဲ့ထွင်ချင်သည့်စိတ်ကြောင့် မိမိနယ်မြေကိုကာကွယ်လိုသည့် လူမျိုးစုတချို့က အရင်တိုက်ပွဲစခေါ်ခဲ့ခြင်း ဖြစ်သည်။ဖခမည်းတော်အတွက် ထီးနန်းက ဘယ်လောက်အထိ အရေးကြီးတယ် ဆိုတာ မသိပေမယ့် မိမိအမြင်မှာတော့ သက်ရှိသတ္တဝါတိုင်း၏ အသက်ကအဖိုးတန်သည်။မတူညီတဲ့သဘောထားတွေရှိကြတဲ့ မိမိတို့သားအဖကြား အခွန်အမတ်ဟန်က သွေးခွဲချင်ဟန်ရှိသည်။အခွန်အမတ်ချုပ်ဟန်ဆိုသည်မှာ ယခု မိဘုရားကြီး၏အကို။နန်းတွင်းရေးရာ အ၀၀ကိုစီမံနိုင်သူ။သူ့လက်ထက်တွင် အခွန်တိုးကောက်ကာ ခမည်းတော်အတွက် ယခင်ကထက်အခွန်ဘဏ္ဏာဆက်သနိုင်သဖြင့် ခမည်းတော်၏ယုံကြည်ခြင်းခံရသူ
"၀င်ခဲ့လို့ရမလား အိမ်ရှေ့စံ"
"ချန်ဖေး"
"အောင်ပွဲခံရမယ့် အချိန်မဟုတ်ပါလား"
အနက်ရောင် သံချပ်ကာကို ၀တ်ဆင်ကာကို ၀တ်ဆင်ထားကာ စူးရှသည့်မျက်၀န်းတစ်စုံပိုင်ဆိုင်ထားသည့် စစ်သူကြီး ချန်ဖေး။မိမိအနားတွင် မိမိကိုနားလည်ပေးနိင်သည့် လူနည်းစုထဲမှတစ်ယောက်
YOU ARE READING
Falling for you
Historical Fictionချစ်ရသူကို ကာကွယ်ဖို့အတွက် မိမိတိုင်းပြည်ကို ပုန်ကန်ခဲ့သူ စစ်သူကြီး(ချန်ဖေး) ဖခင်ရဲ့ လျစ်လျူရှုမှုဖြင့်နေထိုင်လာခဲ့ရသော အိမ်ရှေ့စံမင်းသား ဟွားရန်