ချန်ဖေး တစ်ရေးနိုးထလိုက်တော့ ဘေးတွင်အားရန်မရှိသည်မို့ ခုတင်ပေါ်မှထလိုက်ကာ ဘေးနားစားပွဲရှိ သားမွှေးခြုံလွှာကိုလှမ်းယူကာ လေသာဆောင်ဘက်ထွက်ခဲ့လိုက်သည်။ငယ်ရွယ်နုပျိုကာ ရာဇမာန်အပြည့်နဲ့ အရှင်ချန်ဖေး။လေသာဆောင်တစ်လျှောက် ဖြတ်လျှောက်လာသည့်တစ်လျှောက် လျှောက်လမ်းတစ်ဖက်တစ်ချက်စီတွင် ထွန်းထားသည့်မီးအိမ်များ၏ အလင်းက အရှင်ချန်ဖေး၏ခန့်ညားမှုကို ပံ့ပိုးနေသလိုပင်။ချန်ဖေးတစ်ယောက် လေသာဆောင်ရှိအစွန်ဆုံးကျောက်ခုံပေါ်တွင်ထိုင်နေသော ဟွားရန်ကိုတွေ့လိုက်မှ အလျင်လိုမိနေသော ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။
ဟွားရန်က ညအိပ်၀တ်စုံအဖြူရှည်ကို၀တ်ဆင်ထားကာ ဆံနွယ်ရှည်များကို ဖြန့်ချထားသည်။သာနေသော လကို မော့ကြည့်နေပုံရသည်။
"လေအေးတိုက်နေတာ အားရန် အအေးမိမယ်။ညသန်းခေါင်ပဲရှိသေးတာ ပြန်အိပ်ရကြရအောင်"
"ငါခဏလောက်ဆက်ထိုင်နေချင်တယ် ချန်ဖေး"
ချန်ဖေး ဟွားရန်ထိုင်နေသောဘေးတွင်၀င်ထိုင်ကာ
သူ၀င်ထိုင်လိုက်တော့ ကိုယ်ကိုအနည်းငယ်ကျုံ့လိုက်သည့်
ဟွားရန်
"စဉ်းစားကြည့်လိုက်တော့ ဒီအတောတွင်းမှာ ကိုယ်မင်းကို ဘယ်လောက်ချစ်နေတာဆိုတာပဲ ပြောခဲ့တာ။မင်းကို ဘယ်လိုလုပ်ချစ်မိသွားလဲဆိုတာ မပြောပြခဲ့ဖူးဘူးပဲ"သူ့ကိုငေးကြည့်လာသည့် ဟွားရန်ကိုစိုက်ကြည့်ကာ
"ကိုယ် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှမပြောဘူးလို့တွေးခဲ့တာ။တစ်ကယ်တော့ ကိုယ်က နာကြည်းချက်တွေအပြည့်နဲ့
ကိုယ့်ရဲ့ငယ်ဘ၀ကို ဖြတ်သန်းခဲ့တာ အားရန်။မင်းလည်း ရိပ်မိမှာပါ ကိုယ့်မိဘတွေသေဆုံးခဲ့ရတာ သွေးရိုးသားရိုးမဟုတ်တာကို။မိဘတွေရဲ့ မတရားမှုကိုဖော်ထုတ်ဖို့က ကိုယ်ကိုယ်တိုင်က နေရာတစ်ခုရှိဖို့ လိုအပ်တယ်တွေးခဲ့တယ်။အဲ့ဒါကြောင့် ၁၅နှစ်ကတည်းက စာသင်တာအပြင် စစ်ရေးလေ့ကျင့်ခဲ့တာ။ကလေးပီပီ နေချင်ခဲ့ပေမယ့် ကိုယ့်ရဲ့အပြုအမူအမှားကို ကိုယ့်ညီတွေ အတုယူမှာစိုးလို့ သူတို့ရှေ့မှာ ကိုယ်ခံစားရတာတွေကို ထုတ်မပြခဲ့ဖူးဘူး။သူတို့အပေါ်မှာလည်း အမြဲတင်းကြပ်ခဲ့တာ။အများအမြင်မှာ ကိုယ့်ကိုသန်မာတယ်ထင်ကြပေမယ့် တစ်ခါတစ်လေ တော့ ကိုယ်တစ်ယောက်တည်းလို့ ခံစားရလောက်အောင် အထီးကျန်ခဲ့တယ်။အဲ့ဒီလိုခံစားခဲ့ရတဲ့ ကိုယ်က မင်းနဲ့တွေ့တော့ ကိုယ့်ကိုယ်ကို လူငယ်တစ်ယောက်ဆိုတာ ခံစားခဲ့ရတယ်။ကျောင်းတော်မှာတုန်းက ကိုယ့်ကိုလူတိုင်း ခပ်ခွာခွာနေကြပေမယ့် မင်းကတော့ ကိုယ့်ကိုအမြဲအဖော်ပြုပေးခဲ့တယ်။ကိုယ် လေ့ကျင့်ရေးပြီးမဲ့အချိန်ကို မင်းကိုယ်တိုင်ကအိပ်ချင်ပေမယ့် ထိုင်စောင့်ပေးခဲ့တယ်။ကိုယ်နေမကောင်းဖြစ်တဲ့အချိန် စာသင်ချိန်အပျက်ခံပြီး ကိုယ့်ကိုစောင့်ရှောက်ပေးခဲ့တယ်။ကိုယ့်မွေးနေ့အတွက် မင်း ကိုယ့်ညီတွေနဲ့ ကိုယ်မသိအောင်ကြိုးစားပမ်းစား ပြင်ဆင်နေတာကို ကိုယ်သိသွားလို့ စိတ်ပျက်သွားတဲ့ မင်းရဲ့မျက်နှာ။အဲ့မြင်ကွင်းတွေက ကိုယ့်နှလုံးသားထဲမှာ သံမှိုရိုက်ထားသလိုစွဲနေခဲ့တယ် အားရန်"
YOU ARE READING
Falling for you
Historical Fictionချစ်ရသူကို ကာကွယ်ဖို့အတွက် မိမိတိုင်းပြည်ကို ပုန်ကန်ခဲ့သူ စစ်သူကြီး(ချန်ဖေး) ဖခင်ရဲ့ လျစ်လျူရှုမှုဖြင့်နေထိုင်လာခဲ့ရသော အိမ်ရှေ့စံမင်းသား ဟွားရန်