Episode 2

36 2 0
                                    

သွေ့ဟွား‌ရဲ့ မြို့တော်မိန်ရှ၏ ဆောင်းရာသီညမှာ နှင်းတွေနှင့်ဖုံးလွှမ်းကာ လေအေးများပါ တိုက်ခတ်နေသောကြောင့် အအေးကခါတိုင်းထက် ပို‌ကဲနေသည်။နန်းတော်နှင့် ၅မိုင်သာဝေးကွာသည့်နေရာတွင် နှစ်စဉ်နှစ်တိုင်း အမှုထမ်း၊အရာရှိ၊သမားတော်များကို မွေးထုတ်ပေးနေသည့် ယွင်ရှန်းကျောင်းတော်တည်ရှိနေသည်။
ယွင်ရှန်းကျောင်းတော်တွင် ယခင်မင်းအဆက်ဆက်ထဲက
တိုင်းပြည်၏ အိမ်ရှေ့စံများနှင့် မှူးကြီးမတ်ရာများ၏ သားသမီးများတက်ရောက်ကြကာ ကျောင်းတော်တည်ရှိလာသည်မှာ နှစ်၁၀၀ ကျော်ခန့် ရှိနေပြီဖြစ်သည်။ပညာရှိအမတ်ကြီးများက နိုင်ငံတာ၀န်ထမ်းရွက်ပြီးချိန်တွင် ထိုကျောင်းတော်သို့သွားကာ အနာဂတ် မင်းမှုထမ်းများ အမတ်များကို စာပေများသင်ကြပေးလေ့ရှိကြသည်။ယခု ကျောင်းတော်ကို ဦးစီးနေသည်မှာ ဘုရင့်၏တူတော်
မင်းသားယွင်ဖြစ်သည်။

မင်းသားယွင်၏ မိဘများမှာ လွန်ခဲ့သည့် ၂၅နှစ် အနောက်ဘက်နယ်စပ်တွင် နယ်စပ်ကိုကျူးကျော်လာသည့် ဟောင်ကျင့်ပြည်နှင့် တိုက်ပွဲအတွင်း အသက်ကိုပေးဆပ်ခဲ့သည့် သူရဲကောင်း လင်မယားဖြစ်သည်။မင်းသားယွင်သည် ငယ်စဉ်ကတည်းက နန်းတွင်းတွင်မနေထိုင်ဘဲ မိခင်၏အဖေဖြစ်သူရှိသည့် ယွင်ရှန်းကျောင်းတွင်သာနေထိုင်ခဲ့သည်။စာပေပညာတွင် ထူးချွန်ကာ အနေအေးသည်။မင်းသားယွင်၏ ထူးခြားသည့် အချက်မှာ နူးညံ့လွန်းသော ရုပ်အဆင်းရှိခြင်းဖြစ်သည်။မင်းသားယွင်နှင့် တွေ့ဖို့ပေ၁၀၀၀ကျော်မြင့်သည့် တောင်ကိုတက်ကာ ယွင်ရှန်းကျောင်းသို့ လာကြသူများမနည်း။တောင်ပေါ်တက်လာရသည့် အမောဒဏ်မှာ မင်းသားယွင်မျက်နှာမြင်ရလျှင် ဘယ်ရောက်သွားမှန်းမသိဟု သွေ့ဟွားပြည်တွင် ပြောစမှတ်ပြုကြသည်။အမြဲတမ်း အဖြူရောင် ကိုသာ ၀တ်ဆင်လေ့ရှိပြီး လူကြားထဲသွားစရာရှိလျှင် အဖြူရောင်ခေါင်းဆောင်းကို ဆောင်းလေ့ရှိသူ။

"အကိုတော်ယွင် ဘာတွေလုပ်နေတာလဲ"

"ဟွားမေပြောထားတဲ့ ပုံတူလေ"

"‌တကယ်ကိုအသက်၀င်တာပဲ အကိုတော်ယွင်
မကျွမ်းကျင်တဲ့အရာကော ရှိသေးလား"

Falling for youWhere stories live. Discover now