မနက်ခင်းနေအလင်းရောင်က တစ်စတစ်စနှင့် တစ်မြို့လုံးလွှမ်းခြုံသွားသည်။မိန်ရှနန်းတွင်းရှိ မင်းသားချန်ပေ၏
နန်းဆောင်တွင် မင်းသားယွင်နှင့်မင်းသားချန်ပေတို့မနက်စာသုံးဆောင်နေကြသည်။"ငါ ရုံရှန်းပြည်နယ်ကို သွားမယ် ချန်ပေ။အဲ့ဒီကို လိုက်ပို့ပေးပါ။"
"ကျွန်တော်တို့ လက်ဆက်ပွဲပြီးရင် သွားမယ် ရှစ်စွင်း။
အကိုတော်နဲ့ ဟွားရန်တို့လည်း သန်ဘက်ခါပြန်ရောက်ကြမှာ""အဲ့ဒီက ပြန်လာရင် ငါမင်းကိုလက်ထပ်ပါ့မယ် ချန်ပေ။ကျေးဇူးပြုပြီး"
မျက်၀န်းညိုတွေက သူ့ကိုအမြဲကျရှုံးစေတာပဲ။အနားက ထွက်သွားတာစာရင် အရာအားလုံးကိုယ်ခွင့်ပြုပါတယ်
"အကိုတော်တို့လာရင် ခွင့်တောင်းပြီးသွားတာပေါ့"ယွင်ရှန်း သိချင်သည့်မေးခွန်းကိုမေးသင့်မမေးသင့် ချင့်ချိန်နေခဲ့သော်လည်း ထုတ်မေးဖို့ဆုံးဖြတ်လိုက်သည်
"ချန်ပေ မင်းရဲ့ညာဘက်ရင်ဘတ်မှာ အမာရွတ်တစ်ခုခုရှိနေလား"
"ရှစ်စွင်း ဘယ်လိုလုပ်ပြီးသိတာလဲ"
"အဲ့ဒါက မင်းမွေးရာပါ အမှတ်လား"
"မယ်တော်ကပြောတာတော့ ကျွန်တော်မွေးတုန်းက အမှတ်ကပါတယ်ဆိုရုံပဲလို့ပြောတယ်။ကျွန်တော်အရွယ်ရောက်လာလေလေ
တဖြည်းဖြည်းနဲ့ အမှတ်ကထင်ရှားလာတယ်။ရှစ်စွင်း ဘာဖြစ်လို့ ကျွန်တော့်ကိုဒီလိုမေးတာလဲ""မင်းယုံမလားတော့မသိပေမယ့် ငါအခုမက်နေတဲ့အိပ်မက်တွေက မင်းနဲ့အတူရှိတဲ့နေ့တွေဆို ပိုပြီးထင်ထင်ရှားရှားဖြစ်လာတယ်။တိတိကျကျပြောရရင်မင်း ကျောင်းတော်ကိုစရောက်တဲ့နေ့ကစပြီး ဖြစ်တာပဲ။အိပ်မက်ထဲမှာ မင်းကိုမက်တယ်။မင်းရဲ့ ညာဘက်ရင်အုံကို ငါဓားနဲ့ထိုးခဲ့တယ်လို့မက်တယိ"
"ရှစ်စွင်း မက်တဲ့အိပ်မက်တွေက အိပ်မက်တစ်ခုကိုပဲဆက်တိုက်မက်တာလား"
"တစ်ခုတည်းလို့ပြောရမလားပဲ။ငါမက်ခဲ့တဲ့အိပ်မက်တော်တော်များများက လူနှစ်ယောက်ကိုပဲ ဦးတည်ပြီးမက်တာ။သခင်မဖိန်ထားခဲ့တဲ့ ပန်းချီကားထဲမှာ ရုံအန်းပန်းပင်တွေကိုဆွဲထားတယ်။ရုတ်တရက်ကြည့်လိုက်ရင် ချယ်ရီရိုင်းတွေနဲ့တူပေမယ့် သေချာကြည့်ရင် ရုံအန်းပင်တွေပဲ။အဲ့ပန်းပင်တွေက ရုံရှန်းပြည်မှာပဲရှိတာ။အဲ့ဒီနေရာကိုသွားမယ်ဆိုရင် ငါလိုချင်တဲ့အဖြေကို ရှာတွေ့နိုင်မယ်လို့ ထင်တယ်"
YOU ARE READING
Falling for you
Ficción históricaချစ်ရသူကို ကာကွယ်ဖို့အတွက် မိမိတိုင်းပြည်ကို ပုန်ကန်ခဲ့သူ စစ်သူကြီး(ချန်ဖေး) ဖခင်ရဲ့ လျစ်လျူရှုမှုဖြင့်နေထိုင်လာခဲ့ရသော အိမ်ရှေ့စံမင်းသား ဟွားရန်