Episode 5

16 2 0
                                    

ဥယျာဥ်ကအပြန်လမ်းလျှောက်လာရင်း ၀တ်စုံကိုတက်နင်းမိကာ လဲတော့မယ့်အခိုက် ချန်ဖေးကလှမ်းထိန်းထားသည်။

"ဘာတွေတွေးနေတာလဲ အားရန်"

"ငါ...ဒီအတိုင်း သတိမထားမိလို့ပါ"

"သတိထားလေ။၀တ်စုံတွေက ရှည်ပြီး မင်းနဲ့ အကိုက်ဖြစ်မနေဘူးပဲ။ကိုယ် အပ်ချုပ်ဆရာလွှတ်လိုက်မယ်"

"ရပါတယ် ငါအတွေးလွန်သွားတာ"

လေပြင်းတာကြောင့် ရှေ့သို့ကျနေသော မင်းသားဟွားရန်၏ ဆံပင်တချို့အား အရှင်ချန်ဖေးက သပ်တင်ပေးနေသည်မှာ တစ်ကယ့်ကို နူးနူးညံ့ညံ့နှင့်ပင်။စစ်မြေပြင်တွင်တော့ မတူကွဲပြားသည့် သူတစ်ယောက်ဖြစ်သည်

"အဆောင်ပြန်ပြီး နားလိုက်ပါအားရန်။မြို့တော်ထဲက အခြေနေသွားစစ်ဆေးစရာရှိလို့ ညနေပြန်လာခဲ့မယ်"

ဟွားရန် အိပ်ဆောင်ကိုပြန်ရောက်ပြီးနောက် ဘာလုပ်ရမယ်မှန်းမသိဘဲ ‌ပြတင်းပေါက်ဘေးတွင် ထိုင်နေမိသည်။စားပွဲခုံပေါ်တွင်ရှိသော စာရွက်နှင့် စုတ်တံကိုကိုင်ပြီးနောက် စိတ်ထဲရှိရာကို ရေးဆွဲနေမိသည်။

ယွင်ရှန်း နန်းတော်၏ ညတာမှာ တိတ်ဆိတ်ငြိမ်သက်ပြီးအရာအားလုံး၏ လှုပ်ရှားသံများရပ်တန့်နေသည်။နန်းဆောင်တစ်ခု၏ကြေးမုံပြင်တွင် မင်းသားယွင်၏မျက်နှာနှင့် မင်းသားယွင်၏ဆံနွယ်များအားဖြီးသင်ပေးနေသော လက်ရှိအိမ်ရှေ့စံချန်ပေ

"နောက်ဆို ဒီဆံပင်တွေကို ကျွန်တော်ပဲဖြီးသင်ပေးမယ်"

ဆံနွယ်တွေဆီကိုအနမ်းပေးကာ ပြောလာသည့်သူ။ဘာကိုမှ မပြောလိုတော့။မိမိကသူ၏ လှောင်အိမ်ထဲကငှက်တစ်ကောင်လိုပင်မဟုတ်လား

"ကျွန်တော့်ကို အရှုံးပေးထားတဲ့ပုံစံမလုပ်ပါနဲ့။ဒီလို လျစ်လျူရှုခံနေရတဲ့ ကျွန်တော်ကသာ ရှုံးနေရတဲ့သူပါ"သိနေခဲ့တယ်မလား ကျွန်တော်တို့နှစ်ယောက်ရဲ့ ရှေ့ဖြစ်ဟောအကြောင်းကို"

သူဘယ်လိုလုပ်ပြီး ဒီအကြောင်းကိုသိနေခဲ့တာလဲ

"ချန်ပေ ငါ ......"

"အဲ့ဒါကြောင့်မလို့ စတွေ့ခဲ့တုန်းက ကျွန်တော့်ကို ရှောင်နေခဲ့တာမလား"

Falling for youWhere stories live. Discover now