Episode 7

39 1 0
                                    

ညသန်းခေါင်ယံအချိန်တွင် အနောက်ဘက်နယ်စပ်သို့ဦးတည်နေသော အရှင်ချန်ဖေးနှင့် စစ်သည်တော်၁၀၀။အဓိကအကြောင်းရင်းက နှစ်ရှည်လများစစ်ဘေးဒဏ်ခံခဲ့ရ‌သောပြည်သူများ၏ လိုအပ်ချက်များကို ကိုယ်တိုင်မေးမြန်းချင်သည့်အတွက်သာမို့ ဝေငှရမည့်ပစ္စည်းသယ်ဖို့လူနှင့် အတိုက်ခိုက်ကျွမ်းကျင်သော ရဲမက်များသာခေါ်ခဲ့လိုက်သည်။ဟွားရန်ကိုတော့ လှည်းနဲ့သာ လိုက်စေခဲ့လိုက်သည်။

"အရှင် ကျွန်တော်မျိုးတို့သတိရှိစွာနဲ့ ဦးဆောင်သွားမှာမို့ အရှင်လှည်းထဲ၀င်နားလိုက်ပါ"

အလိုက်တသိပြောလာသော ဟွမ်မိန့်ကြောင့် လှည်းထဲ၀င်သွားကာ ဟွားရန်ထိုင်နေသည့်ဘက်ရဲ့ မျက်နှာချင်းဆိုင်သွားထိုင်လိုက်သည်။မိမိ၀င်လာသည်ကို သေချာစိုက်ကြည့်နေသော အားရန်
"ကိုယ် ဒီဘက်မှာ ထိုင်မယ်"

ကိုယ်ကပဲ ခံစားချက်တွေရှိနေသူမို့လားမသိ၊ တစ်ဖက်သူ ကိုယ့်အပေ့ါ်ကို အကောင်းပဲမြင်စေချင်သည့်စိတ်ဖြင့် အရာရာသတိထားနေမိသည်။

"ထိုင်လေ ချန်ဖေး
ငါတို့မနက်ဆိုရင် သွမ်းရွာဘက်ကိုရောက်မယ်ထင်တယ် ဟုတ်တယ်မလား "

"ဟုတ်တယ် ကိုယ်တို့ရောက်လက်စနဲ့ ရွာထဲ၀င်ကြည့်ကြမယ်လေ"

အပြုံးဖြင့်ခေါင်းငြိမ့်လာသည့် အားရန်ကိုကြည့်ရင်း
ချန်ဖေးအလိုလိုပြုံးနေမိသည်။

မနက်နေထွက်သည့်အခါ သွမ်းရွာကိုရောက်ရှိခဲ့သည်။စစ်သည်များအား ရွာထိပ်တွင်နားခိုင်းလိုက်ကာ သူနှင့်ဟွားရန်သာ ရွာထဲ၀င်ခဲ့လိုက်သည်။သွမ်းရွာက အိမ်ခြေများပြီးမနက်ပိုင်းဈေးအရမ်းစည်ကားသော နေရာဖြစ်သည်။ရောင်းချသည့် အစားအသောက်များက အမျိုးစားစုံလင်ကာအရသာရှိလှသည်။စာသင်သားဘ၀တုန်းက သူတို့ကျောင်းတော်မှ ခဏခဏခိုးထွက်ကာ လာတတ်သောနေရာများထဲမှ တစ်ခုလည်းဖြစ်သည်။
ပေါ့ပေါ့ပါးပါးနှင့် ဈေးတန်းကိုပတ်ကြည့်နေသော အားရန်အားကြည့်ရင်း ကြည်နူးနေမိသည်။

"အားရန် မင်းအရမ်းပျော်နေတာပဲ"

"ဒီနေရာက ငါတို့လူငယ်ဘ၀ကိုပြန်ရောက်သွားသလိုခံစားရတယ် ချန်ဖေး။ဟိုရှေ့နားက ခေါက်ဆွဲဆိုင်ဆို မင်းအရမ်းကြိုက်တာလေ၊ငါတို့သွားထိုင်ကြစားမလား"

Falling for youWhere stories live. Discover now