လရောင်တို့၏ နေ့ရက်တွေဟာပုံမှန်အတိုင်းဘဲ လည်ပတ်နေသည်။ မောင်ထွက်သွားသည်မှာလဲ 3လပြည်ခဲ့ပြီဖြစ်သည်။ မောင့်လုပ်ခဲ့သည့် အလုပ်တော်တော်များများကို လရောင်ကဘဲ ဆက်လက်လုပ်ကိုင်ပေးနေသည်။ အန်ကယ်၏ ကျန်းမာရေးမှာလဲ မကောင်းသေးသည်ဖြစ်၍ အန်ကယ်က လရောင်၏ ဖေဖေတို့ဖြင့် လုပ်ငန်းကို လွဲထားရသည်။
အမျိုးသားဆုံးပြီးနောက် လုပ်ငန်းအားလုံးကို လုပ်ကိုင်ပေးနေသည် လရောင်အနေဖြင့် ပထမဦးဆုံးရင်ဆိုင်ရသည်မှာ ကိုယ့်အား အထင်သေးစွာဖြင့် ချဉ်းကပ်လာသည့်သူများဖြစ်သည်။ နောက်ကွယ်တွင် စကားအဖြစ်ကြောရုံ အားမရကြဘဲ ယခုအခါတွင် ထင်ပေါ်စွာ လရောင်အား အထင်သေးစွာဆက်ဆံလာသည်။ တစ်ချို့က လရောင်ယခုအချိန်ထိ စံအိမ်ကြီးတွင် နေသည်ကိုပင်သဘောမကျကြပေ။
"သား လရောင် "
"ဗျာ ဖေဖေ"
လရောင် ဖေဖေနှင့်အတူ စကားပြောနေချိန် လရောင် အတွေးထဲနစ်သွားမိသည်။
"Sorry ဖေဖေ ကျွန်တော် အတွေးလွန်သွားလို့ပါ"
"ရတယ်သား အလုပ်ဘဲ အရမ်းမလုပ်နဲ့အုံးသား ကြာရင် သားကျန်းမာရေးထိခိုက်လာနိုင်တယ်"
"ဟုတ်ကဲ့ ဖေဖေ ၊ အန်ကယ်ကော သက်သာလားဖေဖေ ကျွန်တော့်ကို မြင်ရင် ဝမ်းနည်းနေမှာ စိုးတာနဲ့ မတွေ့ဖြစ်ဘူး"
"စိတ်က မကျန်းမာသေးတာပါ၊ စိတ်က နေမကောင်းတော့ နှလုံးက အဆင်မပြေဘူးထင်ပါတယ်၊ သားကို ဖေဖေပြောစရာရှိတယ်"
"ဟုတ် ဖေဖေပြောပါ ကျွန်တော် နားထောင်နေပါတယ်"
"သား နောက်ပိုင်းဘယ်လိုလုပ်မယ်စဉ်းစားထားလဲ သားနဲ့ဒီအိမ်က သားအမျိုးသားမရှိတော့တဲ့ နောက်ပိုင်းဘာမှ မသက်ဆိုင်တော့ဘူးသား ဒီလိုဘဲ အချိန်အကြာကြီးနေမယ်ဆိုရင် မကောင်းဘူးသား"
"ကျွန်တော် နားလည်ပါတယ် ဖေဖေ အခုက မောင့်အလုပ်တွေ မပြီးသေးလို့ပါ အန်ကယ်ကတော့ ကျွန်တော့်ကို မောင့်အစ်ကိုနဲ့ လက်ထပ်စေချင်နေတယ် ဖေဖေ ကျွန်တော်က သူ့ကို ထိန်းပေးနိုင်လိမ့်မယ်တဲ့"
"ဖေဖေအနေနဲ့ အမျိုးသားဆုံးထားတာ သုံးလဲဘဲ ရှိသေးတဲ့သူတစ်ယောက်ကို အခုလို မပြောသင့်ပေမယ့် သေသွားတဲ့သူက သေသွားပြီဘဲသား၊ သားလဲသိတဲ့အတိုင်း သားက အပြင်မှာ တစ်ယောက်ထဲ နေမယ်ဆိုလဲ အန္တရာယ်များတယ်သား၊ သားအနေနဲ့ ဘယ်အကြောင်းက ဘယ်လ်ုရှိတယ်ဆိုတာကို နားအလည်ဆုံးဖြစ်မှာပါ၊ "
YOU ARE READING
My Brother in Law is Mine(Ongoing)
Romanceအတ္တခရာ+နွေလရောင် Start Date - 1/6/2024 End Date - Written by PyoeOuYim "ခင်များကို ယောက်ဖလို့ ခေါ်ရမှာလား ခယ်မလို့ခေါ်ရမှာလား" အမျိုးသားကိုယ်ဝန်ဆောင်အကြောင်းပါမှာပါရှင့် အမျိုးသားကိုယ်ဝန်ဆောင်တာကို သဘောမကျတဲ့သူက နားလည်ပေးပါနော်။ စိတ်ကူးယဉ်ဇာတ်လမ်...