လရောင်တို့ ဖေဖေတို့အိမ်တွင် သုံးရက်နေပြီး စံအိမ်သို့ ပြန်လာခဲ့သည်။ လရောင်ဖေဖေတို့ အိမ်တွင် ရှိနေသည့်သုံးရက်လုံး အတ္တကကော ဖေဖေတို့အိမ်တွင် ရှိနေခဲ့သည်။
"လရောင် "
"ဟုတ်အန်တီ "
"အန်တီလို့ မခေါ်ပါနဲ့တော့လားကွယ် မေမေလို့ မခေါ်နိုင်ရင်တောင် သားခေါ်သလို မာမီလို့ဘဲ ခေါ်ပေါ့ "
"ဟို ကျွန်တော် နှုတ်ကျိုးနေပြီမလို့ပါအန်တီ ကျွန်တော့်ကို ပြောစရာရှိလို့လား အန်တီ"
"ပြောစရာဆိုတာထက် အကူအညီတောင်းမလို့ပါ "
"ဟုတ်အန်တီ ပြောပါ"
"အင်း သားနဲ့ အတ္တက အခုဆို အိမ်ထောင်ဖက်တွေဖြစ်နေခဲ့ပြီလေ၊ အခုသားအန်ကယ်ကလဲ ကျန်းမာရေးမကောင်းတာ သားလဲအသိဘဲလေ၊ သားအနေနဲ့ အတ္တကို အလုပ်လေးတွေ လုပ်ပေးဖို့ ပြောပေးပါလား၊ သားအန်ကယ်ကလဲ ထုတ်မပြောပေးမဲ့ အတ္တကို လုပ်ငန်းတွေ ဦးစီးစေချင်နေတယ်သား၊ အခုလိုပြောလို့ သားလုပ်ကိုင်ပေးနေတာမကြိုက်လို့မဟုတ်ဘူးနော် သား"
"ဟုတ် ကျွန်တော်နားလည်ပါတယ် ကျွန်တော် ကူလုပ်ပေးတယ်ဆိုတာကလဲ အနည်းငယ်လောက်လေးပါဘဲ ကျန်တာက သူစိမ်းနဲ့လွဲထားတာဆိုတော့ အန်ကယ်စိတ်ပူတာ မမှားပါဘူး၊ ဒါပေမယ့် အတ္တကို ပြောဖို့က ကျတော့..."
"......"
လရောင် စကားပြောရင်းရပ်လိုက်သည်ဖြစ်၍ အန်တီက လရောင်ကို စိုက်ကြည့်လာသည်။
"အန်တီပြောတာဘဲ ပိုကောင်းမလားလို့ပါ"
"အန်တီတို့ ပြောပေါင်းလဲ မနည်းတော့ပါဘူးသားရယ် ၊ အန်တီက သားကို ပြောခိုင်းတယ်ဆိုတာ သားပြောရင် ရမလားဆိုတဲ့ စိတ်လေးနဲ့ပါ သားပြောလို့ အဆင်မပြေဘူးဆိုလဲ ရပါတယ်ကွယ်"
"မဟုတ်တာ အန်တီ ကျွန်တော်ဘဲ ပြောကြည့်လိုက်ပါမယ်၊ သူလုပ်မယ်လို့တော့ အရမ်းမမျှော်လင့်ပါနဲ့နော်အန်တီ"
"အေးပါကွယ် သားအခုလိုပြောပေးမယ်ဆိုတာကိုဘဲ ကျေးဇူးတင်နေပါပြီ"
"ဟုတ်ကဲ့"
"ကျွန်တော် အလုပ်လေးသွားလုပ်လိုက်အုံးမယ်နော် အန်တီ "
YOU ARE READING
My Brother in Law is Mine(Ongoing)
Romanceအတ္တခရာ+နွေလရောင် Start Date - 1/6/2024 End Date - Written by PyoeOuYim "ခင်များကို ယောက်ဖလို့ ခေါ်ရမှာလား ခယ်မလို့ခေါ်ရမှာလား" အမျိုးသားကိုယ်ဝန်ဆောင်အကြောင်းပါမှာပါရှင့် အမျိုးသားကိုယ်ဝန်ဆောင်တာကို သဘောမကျတဲ့သူက နားလည်ပေးပါနော်။ စိတ်ကူးယဉ်ဇာတ်လမ်...