Part(5)Uni+Zaw

457 10 0
                                    

"တီ... တီ.... တီ"

"ဟဲလို "

"ဟေ့ကောင် အတ္တမင်း ဒီတစ်သက်အိမ်ပြန်လာအုံးမှာလား"

အတ္တ ဖုန်ုးထဲမှာတစ်ဆင့် ဒယ်ဒီ၏ အော်သံကြောင့် အိပ်ချင်နေသည့်စိတ်မှာ အတော်ပင်ပြေသွားသည်။

"ပြန်လာမှာပေါ့ ဒယ်ဒီရာ အခုမှ ကျွန်တော် အိမ်ပြန်မလာတာ သုံးရက်ဘဲ ရှိပါသေးတယ်"

"အခုချက်ချင်းပြန်လာခဲ့ အတ္တ မနက်ပြန်လာမယ်ပြောသွားတဲ့ကောင်က သုံးရက်လုံးအိမ်ကို ပြန်မလာဘူး အခုလာခဲ့"

ဒယ်ဒီကတော့ သူပြောချင်ရာပြော၍ ဖုန်းအားချသွားလေသည်။ ဒယ်ဒီတို့ကတော့ အတ္တကို ဒီရက်ပိုင်းတအား ချုပ်ချယ်ချင်နေသည်။ ဒယ်ဒီတို့ ရန်ငြိုးဘယ်သူနဲ့ ရှိရှိ အတ္တနဲ့ မဆိုင်ပါ။ တစ်ဖက်ကလူတွေမှာလဲ ငကြောက်တွေဟုပင် အတ္တထင်နေသည်။ အမှောင်ထဲမှ နေ၍ တုတ်ပြ ဓားပြချိန်းခြောက်နေသည်။ အတ္တအတွက်တော့ ရှင်းသည်။ ဘယ်သူနဲ့ ဘယ်လိုကိစ္စရှိရှိ စိတ်မဝင်စားပေ။ သို့သော် အတ္တနှင့် အတ္တအပိုင်ဟု သတ်မှတ်ထားသော အရာများကိုတော့ လုံးဝလာမထိမိစေနှင့်။ အတ္တခရာဆိုတဲ့ကောင်က ဘာကောင်‌လဲ သိသွားစေရမည်ဖြစ်သည်။ ဒယ်ဒီတို့လိုတော့ စကားနဲ့ရှင်းနေမှာ မဟုတ်ဘူး၊ အတ္တက လက်တွေ့ လုပ်ပြရတာကို ကြိုက်သည်။

အတ္တအိပ်နေရာမှ ထကာ ရေချိုးခန်းထဲဝင်လိုက်သည်။ သုံးရက်လုံး အရက်ပုလင်းခေါင်းစိုက်ထား၍ လူတစ်ကိုယ်လုံး နံစော်နေပြီဖြစ်သည်။ ဒီပုံစံအတိုင်းသာသွားလိုက်လျှင် ဒယ်ဒီကတော့ ပြော၍ပြီးမည်မဟုတ်တော့ပါ။ အတ္တရေချိုးအဝတ်အစားလဲပြီးသည်နှင့် အတ္တ၏ ကားကို ထုတ်ကာ အိမ်ရာသို့မောင်းလာခဲ့လိုက်သည်။

***********

"မောင် ဒီတစ်ခေါက်ခရီးက မောင်မလိုက်လို့မရဘူးလား"

လရောင်တကယ် မောင်အား ယခုခရီးကို မသွားစေချင်ပါ။ ပုံမှန်မောင်ခရီးထွက်မည်ဟုဆိုလျှင် လရောင်သဘောမကျသော်လည်း မောင့်အား တစ်ခါမျှ မတားဆီးဖူးပါ။ သို့သော် ယခုမောင်ခရီးသွားမည့်ကိစ္စကို လရောင်စိတ်ထဲတွင် ထစ်နေသည်။

My Brother in Law is Mine(Ongoing)Where stories live. Discover now