Part(10)Uni+Zaw

466 9 0
                                    

"ဘယ်သူက သူ့ယောက်ျားကို တောင်းမှာကို လွယ်လွယ်ထည့်ပေးမှာလဲ ခင်များရယ်"

"ဒါဆို မင်းအနှစ်သက်ဆုံးဆိုတာက "

"ခင်များပေါ့!!"

"ဘာ မင်းဘာပြောလိုက်တယ်"

"ဟုတ်တယ် ကျုပ်လို့လူက တစ်ခြားလူတစ်ယောက်ဆီမှာ တောက်တိုမယ်ရ လုပ်ရတဲ့အထိ ခင်များက ကျုပ်ကို ဆွဲဆောင်ထားတယ်၊ တစ်ချိန်မှာ ခင်များကို ရမယ်ဆိုတဲ့ စိတ်နဲ့ အရာအားလုံးကို သည်းခံခဲ့တာ၊ ဒါပေမဲ့ ခင်များသိလား နွေလရောင် ကျုပ်သည်းခံမှုက အခုအချိန်မှာဘဲ ကုန်ဆုံးသွားပြီ၊ မင်းတို့ အပြင်မှာ စောင့်နေလိုက် အထဲကို တစ်ယောက်မှ ဝင်မလာစေနဲ့"

လရောင် အနောက်မှာ ရှိနေသည့် သူ့လူများကို အမိန့်ပေးကာ အပြင်ထွက်ခိုင်းနေသည်။ လရောင် သူ့ကို နားမလည်နိုင်သည့် အကြည့်ဖြစ်ကြည့်လိုက်လျှင်

"ခင်များကို ကျုပ်အပိုင်တံဆိပ် ကပ်တော့မှာမလို့ ထွက်သွားခိုင်းလိုက်တာ"

"မင်း ငါ့အပေါ်လာမယုတ်မာနဲ့ ဒင်နန်း"

"ယုတ်မာချင်လွန်းလို့ ခေါ်ထားပါတယ်ဆို မယုတ်မာနဲ့ဆိုတော့ ခင်များက ဟာသတွေ သိပ်ပြောတာဘဲ နွေလရောင်"

"မင်း သတ္တိရှိရင် ငါ့ကို ချည်ထားတဲ့ ကြိုးဖြေပေးလိုက် အခုလို သူရဲဘောကြောင်ပြီး ကြိုးတုတ်ထားမနေနဲ့"

"ဟားဟား ကျုပ်အကုန်ပြီးရင် ခင်များကို ကြိုးဖြည်ပေးမှာပါ နောက်တစ်နေ့မှာ ခင်များနဲ့ ကျုပ်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးကြတာပေါ့ "

"နင့်လိုအောက်တန်းကျတဲ့သူကို လက်ထပ်မယ့်အစား ငါ့ကိုယ်ငါဘဲ သတ်သေလိုက်မယ် မင်းသဘောပေါက်ထား"

"ဟား...ဟား....နွေလရောင် ... နွေလရောင်.... ခင်များက ကျုပ်ကို အဲ့လောက်တောင် မုန်းနေတာလား"

"မုန်းနေတာမဟုတ်ဘူး ဒင်နန်း မုန်းသွားခဲ့တာ၊ မင်းသာ ငါ့အပေါ်အခုလို မလုပ်ခဲ့ရင် မင်းက မောင့်အပေါ် အခုလို မလုပ်ခဲ့ရင် ငါမင်းကို မုန်းမှာ မဟုတ်ဘူး"

"ဘာဘဲဖြစ်ဖြစ် ကျွန်တာ် စတင်တဲ့အကြောင်းအရာကိုက ခင်များမုန်းစေနိုင်တဲ့ ကိစ္စ တစ်ခုဘဲလေ၊ ခင်များသိလား ကျွန်တော် ခင်များကို စတွေ့ခဲ့တာ ခင်များနဲ့ ခင်များသိပ်ချစ်ရတဲ့ နေလက်လွင်နဲ့ မင်္ဂလာဆောင်တဲ့ပွဲမှာ  တွေ့ခဲ့ပြီး ခင်များရဲ့ အပြုံးလေးတွေက သိပ်ကို လှလွန်းတယ်၊ခင်များချစ်တဲ့ ယောက်ျားကို ပြုံးပြနေလိုက်တဲ့အပြုံးက ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင်ကို လှတယ်၊ အဲ့အပြုံးကဘဲ ခင်များကို ပိုင်ဆိုင်စေဖို့ ကျွန်တော်ရဲ့ စိတ်ငုထ အဆုံးထိဆွဲခေါ်သွားခဲ့တာ"

My Brother in Law is Mine(Ongoing)Where stories live. Discover now