အတ္တနှင့် လရောင်တို့ ဒီနေ့မှာဘဲ လက်ထပ်စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ကြ၍ အကြင်လင်မယားအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
အတ္တက လရောင်အပြင်သွားသည်ကို အန်ကယ်နှင့်အန်တီကို မပြောပြရန်နှင် ဦးစန်းကို အပြစ်ပေးခြင်းမှ လွတ်ချင်လျှင် သူ့နှင့် လက်ထပ်ရမည်ဟုဆိုလာခဲ့သည်။
လရောင်အနေဖြင့် ကိုယ့်အပေါ်တွင် သားသမီးအရင်းတစ်ယောက်သဖွယ် ကောင်းပေးသည့် အန်ကယ်နှင့် အန်တီကို စိတ်မကောင်းမဖြစ်စေချင်ပါ။ ထို့အပြင် လရောင်ကို ကူညီပေးသည့် ဦးစန်းကိုလဲ ဒုက္ခမရောက်စေချင်ပါ။
အတ္တက လရောင်ကို လက်ထပ်ရန် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပြုလုပ်နိုင်ပါသေးသည်။ ထို့အတွက်ကြောင့်နောက်အနည်းငယ်ကြာလျှင်လဲ လရောင်အား အတ္တက ဘယ်လိုအကြောင်းအရာမျိုးနှင့် မဆို လက်ထပ်ရရန် ကြိုးစားလိမ့်မည်။ အကုန်လုံးစိတ်ဆင်းရဲပြီး လက်ထပ်ရမည့်အတူတူ ပြဿနာအလုံးစုံကို ဘယ်သူမှ မသိစေဘဲ လက်ထပ်လိုက်ခြင်းက လရောင်တို့အတွက် ပိုကောင်းမည်ဟု ခံစားမိ၍ လရောင် သူနှင့် လက်ထပ်မည်ကို လက်ခံခဲ့သည်။
သူက လရောင်တို့ လက်ထပ်ပွဲအားကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဟုဆိုသောမလည်း လရောင်က လက်မှတ်ထိုး၍ အကျဉ်ရုံးသာလုပ်ချင်သည်ဟု တောင်းဆိုထားသဖြင့် လရောင်၏ ဆုံးဖြတ်ကို သူက လိုက်နာပေးသည်။
လရောင်အနေဖြင့် ဘယ်လို မျက်နှာမျိုးနှင့် ကိုယ့်ယောက်ျား၏ အစ်ကိုဖြစ်သူနှင့် မင်္ဂလာပွဲကို ထပ်မံခမ်းခမ်းနားနားကျင်းပရမည်နည်း။ ခင်ပွန်းဆုံးထားသည်မှာ သုံးလကျော်သာရှိသေးသော်လည်း အစ်ကိုဖြစ်သူနှင့် လက်ထပ်လိုက်သည်ပင်လျှင် အပြင်လူများကြည့်လျှင် လွန်ကဲနေပြီဟု ခံစားရသည်။
လရောင်နှင့် အတ္တတို့ လက်ထပ်လက်မှတ်ထိုးမည်ဟု ပြောကြတော့ အန်ကယ်နှင့် အန်တီတို့က အံ့ဩနေကြသေးသည်။ ငြင်းထားပြီးသား လူတစ်ယောက်က ရုတ်တရပ်လက်မှတ်ထိုးမည်ပြောသည်က အလွန်အံ့ဩစရာကောင်းသွားခဲ့သည်ထင်ပါသည်။
အန်ကယ်နှင့် ဖေဖေကတော့ လရောင်ကို ဘာမှဝင်မပြောပေ။ မေမေကတော့ ကိုယ်ချစ်ရသူမဟုတ်လျှင်တောင် ကိုယ့်ရွေးချယ်ထားသည့် ကိုယ့်ခင်ပွန်းအား ရိုသေလေးစားရမည်ဟု ဆိုသည်။ အန်တီကတော့ လရောင်အား အတ္တကတစ်ခုခုဖြင့်ချိန်းခြောက်ထားသည်လားဟု မေးလာသ၍ လရောင်မှာ အငြင်းစကားဆိုရသေးသည်။
YOU ARE READING
My Brother in Law is Mine(Ongoing)
Dragosteအတ္တခရာ+နွေလရောင် Start Date - 1/6/2024 End Date - Written by PyoeOuYim "ခင်များကို ယောက်ဖလို့ ခေါ်ရမှာလား ခယ်မလို့ခေါ်ရမှာလား" အမျိုးသားကိုယ်ဝန်ဆောင်အကြောင်းပါမှာပါရှင့် အမျိုးသားကိုယ်ဝန်ဆောင်တာကို သဘောမကျတဲ့သူက နားလည်ပေးပါနော်။ စိတ်ကူးယဉ်ဇာတ်လမ်...