Part (8)Uni+Zaw

429 8 0
                                    

"နေခက် ညက လမ်းမှာ တိုက်ခိုက်ခံရလို့ ဆုံးသွားပြီ အန်ကယ်"

"ခွမ်း"

"သား လရောင် "

"မောင် မောင်က ဘာဖြစ်တယ်"

"ညက လမ်းမှာ တစ်ဖက်အဖွဲ့က ရုတ်တရပ် တိုက်ခိုက်တာ ခံလိုက်ရတယ် အဲ့ဒါ နေခက် ဒဏ်ရာ ရလာခဲ့တာ အခုမနက်အစောပိုင်းမှာဘဲ ဆုံးသွားပါပြီ "

လရောင် ခွန်းမွန်ဟိန်းစကားသံဆုံးသည်နှင့် ကြမ်းပြင်ပေါ်သို့ ထိုင်ချမိသွားသည်။လရောင် ဘာပြန်ပြောရမည်မသိအောင်ပင် ရင်ထဲမွန်းကြပ်မှုများက ဆို့တက်လာခဲ့သည်။ ‌ဒီတစ်ခေါက်နောက်ဆုံးဘဲ မောင်ဒီတစ်ခေါက်ပြီးရင် ဘယ်မှမသွားတော့ဘူးစိတ်ချဟု ပြောခဲ့သည့်သူက လရောင်နှင့် အဝေးဆုံးကို ထွက်သွားခဲ့ပြီ။

"သား လရောင် စိတ်ထဲတင်းမထားနဲ့နော် ငိုချင်တယ်မလား ငိုချလိုက်သား "

အန်တီက ဘေးနားတွင် ထိုင်ကာ ဖက်ပေးလာ၍ လရောင်၏ ကျောပြင်အား ပွတ်ပေးနေသော်လည်း လရောင်ရင်ဘတ်ထဲမှ ခံစားချက်က ပျောက်မသွားပေ။လရောင် မောင့်ကို ဆုံးရှုံးလိုက်ရ၍ နာကျင်ရသည်၊ ဝမ်းနည်းရသည်။သို့သော် လရောင်ထိုခံစားကို မည်သို့ ဖော်ပြရမည်ကို မသိတော့ပေ။ လရောင်စိတ်တွေလေးနေခဲ့တဲ့ အချိန်ထဲက မောင့်ကို လရောင် မသွားခိုင်းခဲ့သင့်တာ။

"ပါးပါး  "

"သား"

"ခင်များ အဝတ်အစားသွားလဲလိုက် ကလေးကို ကျုပ်ခဏခေါ်ထားပေးမယ် ခင်များ တစ်ကိုယ်လုံး ဟင်းရည်တွေပေနေတယ်"

လရောင် အတ္တပြောလာမှ ဟင်းရည်ပန်းကန်ကျကွဲသွားသည်ကို သတိရသွားသည်။

"ဟုတ်သား လရောင် ပန်းကန်ကွဲနေတဲ့အစတွေနင်းမိမယ်သား ဂရုစိုက်အုံး"

"ဟုတ်ကဲ့ အန်ကယ် မောင်က အခုဘယ်မှာရှိနေလဲမသိဘူး"

လရောင်အန်ကယ်ကို မေးလိုက်တော့ အန်ကယ်က ခွန်းမွန်ဟိန်းကို ကြည့်လိုက်သည်။

"ဆေးရုံကနေ စံအိမ်ကို သယ်လာပါပြီ ခဏနေရောက်မယ်ထင်ပါတယ် "

"အင်း သားလရောင် အိမ်မှာ ကလေးငယ်ရှိတယ်ဆိုတော့ သားက သားမိဘအိမ်ခဏပြန်နေမလား ဒီမှာ အန်ကယ်တို့ဘဲ စီစဉ်လိုက်မယ်"

My Brother in Law is Mine(Ongoing)Where stories live. Discover now