ညှိ့ငင်သောအချစ်🥀1

1.2K 28 3
                                    


   ညို့မှိုင်းလို့ကောင်းကင်ပြင်တခွင်လုံးမဲမှောင်နေသောမိုးသားတွေက မကြာခင်မိုးရွာမယ့်ဆိုတာသက်သေပြနေတယ်။
အမိမြေမဟုတဲ့နိုင်ငံရပ်ခြားဆိုတာဘယ်လောက်ပဲတိုးတက်နေတဲ့နိုင်ငံဖစ်နေပါစေကို့ရဲ့မွေးရပ်မြေလောက်တော့ပျော်ဖို့မကောင်းတာအမှန်။
မှန်တွေနဲ့ကာထားတဲ့ပြတင်ပေါက်ကနေတဆင့်မိုးစက်တွေကမှန်ကိုလာစင်တယ်
ဟော!!အတွေးတောင်မဆုံးသေးမိုးရွာလာပြန်ပီမိုးရာသီကတစုံတယောက်ကိုလွမ်းဆွတ်ဖို့ကောင်းသလောက် တစုံတယောက်ကြောင့်ရင်နာစရာတွေကို‌မိုးရေနဲ့အတူဆေးချလိုက်လို့ရရင်သိပ်ကောင်းမိမှာပဲဘယ်လောက်ပဲမေ့နိုင်ပီလိုပြောပြော၅နှစ်တောင်ရှိနေပီတစက္ကန့်မှထိုသူကိုမမေ့နိုင်သေး ထိုသူနဲ့ဝေးရာကိုထွက်လာခဲ့တာတောင်အိပ်မက်ထဲအတွေးထဲထိစိုးမိုးနိုင်လွန်းတာဘာကြောင့်လဲ?ချစ်နေသေးလို့လား?မဟုတ်ဘူးဒီအဖြေကမှန်မနေခဲ့ဘူးထိုသူကိုငါအရမ်းမုန်းတယ်။မုန်းတယ်။
*ကျန့် ကျန့်ကျန့်!!*
အတွေးကမ္ဘာထဲမှာနစ်နေတဲ့တစ်ဦးတည်းသောမောင်လေးကိုပခုံးမှကိုင်ပီခေါ်လိုက်တော့လန့်သွားတာထင်သည်။
*ဗျ.!ကျဲ ကျန့်ကိုဘာပြောတာလဲ*ရှောင်းကျန့်ကအတွေးကနေသတိပြန်လည်လာပီရွယ်လုကျဲကိုအမေးနဲ့တုံ့ပြန်သည်။(ရွယ်လုကျဲဆိုတာကကျန့်ကျန့်ရဲ့အမပါနော်)
*ကျန့်ကျန့် ဘာတွေးတွေနေတာလဲ ကျဲခေါ်နေတာကြာပီ အားလုံးပစ္စည်းတွေကားပေါ်တင်ပီပီ သွားရအောင်လေ လေယာဉ်နောက်ကျတော့မယ် သားလေးယွမ်းတောင်ကားပေါ်မှာရောက်နေပီ*ကျဲရဲ့စကားအဆုံးသားလေးနာမည်ကြားတာနဲ့အပြုံးကဝေဝေဆာဆာ
*ဘာမှမတွေးပါဘူးကျဲရယ် ကျန့်ကျန့်နဲ့သားလေးပြန်သွားတော့ကျဲတော့ပျင်းမနေနဲ့နော်ဖုန်းဆက်အုံးကျန်းမာရေးဂရုစိုက်တယောက်ထဲလဲစီးပွားရေးရှာမနေနဲ့ယောကျားယူအုံး*
*အမလေး..မယူတော့ဘူးနော်ကျေးဇူးရှင်တရုတ်ပြန်ရောက်ရင်လဲထမင်ပုံမှန်စားအုံးသားလေးကိုလဲဂရုစိုက်အုံးညတိုင်းvcallပြောဖို့မမေ့နဲ့ ခုတော့သွားကြမယ်*
*ဟုကျဲ သွားကြမယ်*
အောက်ထပ်သို့ဆင်းလာပီကားပေါ်မှာမုန့်စားရင်းထိုင်စောင့်နေတဲ့သားလေးကိုမြင်တော့
*သားသားရေ ပါးပါးလာပီ*
*ပါးပါး..သားတို့တရုတ်ပြည်သွားကြမယ်တဲ့ဒီဒီပြောတယ်*
ရှောင်းကျန့်လဲသားကိုချီပီတော့ကားအနောက်ခန်းမှာအတူထိုင်လိုက်သည်။
*ဟုတာပေါ့ သားသားနဲ့ပါးပါးတရုတ်ပြည်မှာနေကြမှာလေ*
*ဒီဒီကရော သားသားတို့နဲ့မလိုက်ဘူးလားဟင်*
*ဒီဒီက ဒီမှာပဲကျန်ခဲ့မှာလေပါးပါးတို့နဲ့မလိုက်ဘူး*
*သားသားရေ ဟိုရောက်ရင်ဒီဒီနဲ့ဖုန်းပြောအုံးနော်အလည်လေးဒီဒီသတိရနေမှာနော်*
*ဟုတ်ကဲ့ဒီဒီ ဒီဒီကိုချစ်တယ်*
*ဒီဒီလဲချစ်တယ် လိမ်လိမ်မာမာနေရမယ်နော်*
*ဒီဒီ byebye*
*Byebye*
အားလုံးနှုတ်ဆက်ပီကားလေးကခြံထဲကနေတရွေ့ရွေ့ထွက်လာခဲ့သည် ဦးတည်ရာကလေဆိပ်သို့....#

#Next
#စာဖတ်ချစ်သူတွေကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ💚♥️
#နောက်ပိုင်းဆက်မှာလဲလိုက်ပါဖတ်ရှုပါအုံးလို့😘

ညှိ့ငင်သောအချစ်🥀Where stories live. Discover now