ညှို့ငင်သောအချစ်🥀(9)

326 11 2
                                    

      နေရောင်ခြည်ရဲ့အလင်းရောင်ကြောင့်မနက်ခင်းအိပ်ယာနိုးလာတဲ့ရှောင်ကျန့်ကပုံမှန်နေ့ရက်တွေထက်စိတ်ကြည်လန်းဆန်းလို့နေတယ်။မနေ့ကမထင်မှတ်ပဲချစ်သူကောင်လေးအကြောင်းတွေးမိတော့တယောက်ထဲပြုံးပီအရှက်ပိုနေလေသည်။ချစ်သူလေးရဲ့စကားကြွယ်ပုံကိုနားထဲမှာကြားယောင်ရင်းရင်ခုန်နေမိသည်။ထိုချိန်တံခါးခေါက်သံကြောင့်အတွေးတွေကိုရပ်တန့်ပြစ်ရသည်။
*ဒေါက် ဒေါက် အာကျန့် နိုးပီလားထတော့လေကျဲမနက်စာပြင်ပီပီ*
*ဟုတ်ကျဲ့ နိုးပါပီ ခနနေဆင်းလာခဲ့မယ်10မိနစ်*လို့ပြောပီရေချိုးခန်းထဲပြေးဝင်သွားသည်။ရေချိုးပီလို့ဗီဒိုထဲကအဆင်ပြေလောက်မယ့်ဝတ်စုံတစုံကိုယူဝတ်လိုက်ပီဆံပင်ကိုလက်နဲ့ပဲပုံသွင်းပီအောက်ထပ်သို့ဆင်းလာသည်။ထမင်းစားခန်းထဲမှာကျဲကမနက်စာပြင်ပီထိုင်စောင့်နေသည်ကိုတွေ့တော့နှုတ်ဆက်လိုက်သည်။
*မောနင်းကျဲ*နှုတ်ဆက်ပီကျဲပြင်ထားပေးတဲ့ဖက်ထုပ်ပူပူလေးနဲ့ခေါက်ဆွဲကြော်ကိုထိုင်စားနေလိုက်သည်။ရှောင်ကျန့်ပုံစံကိုမျက်လုံထောင့်ထောက်လိုက်ကြည့်နေတဲ့ကျဲကခုထိဘာမှမစားရသေး
*အာကျန့်!ထူးဆန်းနေလားလို့ဒီနေ့*
*ဟမ်!အာ..ဘာထူးဆန်းလို့လဲကျဲကျန့်ကအမြဲတမ်းဒီလိုပဲဟာ*
*ကျန့်ကျန့်!!ကျဲကိုမလိမ်နဲ့ကောင်မလေးရနေတာလားမှန်မှန်ပြောစမ်း*ကျဲရဲ့စကားအဆုံးအိုးမလုံတဲ့ရှောင်ကျန့်ကတော့စားနေတာကိုတီးပါလေတော့
*အဟွတ်.ဟွတ် အမလေး ကျဲဘယ်ကကောင်မလေးရရမှာလဲ*
*အဲတော့ဘာဖစ်တာလဲအဲဒါ ငါမေးတာအကောင်းပါဟယ်အာကျန့်*
*တော်ပီ မစားတော့ဘူးသွားတော့မယ်သူငယ်ချင်းနဲ့ချိန်းထားလို့*ပြောပီထမင်းစားခန်းကနေထွက်သွားသည်။နောက်ကကျဲတော့ကြက်တူရွေးအတိုင်းပဲပူညံပူညံနဲ့ကျန်ခဲ့သည်။
*ကြီးရှန်း အာကျန့်ကကောင်မလေးရနေတယ်လို့မထင်ဘူးလားဒီနေ့မှထူးဆန်းနေလားလို့*
*မဟုပါဘူးသမီးထင်လို့ပါသားကျန့်ကအမြဲတမ်းဒီလိုပါပဲလေ*
*မဟုဘူးနော် တခုခုတော့တခုခုပဲ ထားပါ သမီးကအားကျန့်လေမကောင်းတဲ့သူနဲ့တွေ့မှာဆိုးလို့ပါသူငယ်ချင်းအပေါင်းသင်းကလဲအများကြီးမရှိဘူးလေကျန်းချန်ကလွဲရင်ဘယ်သူနဲ့မှပေါင်းတာမတွေ့တော့ လူတွေအကြောင်းသိပ်မသိတော့စိတ်ပူတယ်ကြီးရှန်း*
*သမီးစိတ်ချလို့ရပါတယ်သားကျန့်ကအဲလိုတွေမလုပ်ပါဘူးလိမ်မာတဲ့ကလေးပါကွယ်*
*ဘယ်လိုပဲပြောပြော ပါးနဲ့မားမဆံုးခင်ကသမီးကတိပေးထားတယ်အာကျန့်ကိုကောင်းကောင်းဂရုစိုက်ပီချစ်ပါ့မယ်လို့လေလမ်းမှားမှာဆိုးတယ်*
*သားကျန့်ကအနေအေးပါတယ်ကျောင်းလဲပုံမှန်သွားတယ်အားလပ်ရက်မှပန်းခြံသွားလေ့ရှိတယ်ဒီလောက်ပါပဲသမီးစိတ်ချလို့ရပါတယ်*
*ကြီးရှန်းကိုကျေးဇူးတင်ပါတယ်သမီးအစားအာကျန့်ကိုဂရုစိုက်ပေးလို့သမီးကအဝေးမှာပဲနေနေရတော့အာကျန့်ကိုလဲအဖော်မပြုပေးနိုင်ဘူးရှေ့တပတ်ဆိုအမေရိကားကိုပြန်ရတော့မယ်အလုပ်ကလဲပြစ်ထားလို့မရဘူးလေ*
*သမီးစိတ်ချပါ ကြီရှန်းတာဝန်ထားနော်ဟုတ်ပီလား*
*ကျေးဇူးပါကြီးရှန်း*

ဝမ်ရိပေါ်တယောက်ဆိုင်ကယ်ကိုမှီကာချစ်သူလာရာလမ်းကိုကြည့်ရင်းချစ်သူအလာကိုမျှော်နေသည်။ချိန်းထားအချိန်ထက်နောက်မကျပေမဲ့စောရောက်နေတာကပိုဖစ်နိုင်သည်အမှန်ပင်ခနအကြာတွေ့ပါပီအဝေးကနေပြုံးပြုံးနဲ့အပြေး‌ေလးရောက်လာသည့်ချစ်သူလေးရဲ့နှဖူးထက်မှာချွေးအနည်းငယ်ထွက်နေသည်မောနေသည်ထင်ရင်ခုန်နှုန်းတွေကမြန်လို့ဝမ်ရိပေါ်အရှေ့ရပ်ကာ
*မောင် စောင့်နေတာကြာပီလား*မောဟိုက်ခြင်းနဲ့အတူမေးလာသည်။ဝမ်ရိပေါ်ကဘာမှမပြောပဲဒီအတိုင်းရပ်မြဲရပ်နေဆဲ
*မောင်.!စောင့်နေတာကြာပီလားဟင် ကျန့်နောက်ကျသွားလို့တောင်းပန်းပါတယ်*
ဝမ်ရိပေါ်ကဘာမှမပြောပဲအိပ်ကပ်ထဲကပါဝါလေးတထည်ကိုထုတ်ယူကာနဖူးပေါ်ကချွေးစအသေးလေးကိုတယုတယသုတ်ပေးရင်း
*ကျန့် မောင်မင်းကိုချစ်တယ် အရမ်းချစ်တယ် တောင်မောင်ကပဲတောင်းပန်တဲ့လူဖစ်ရမှာကျန့်ဘာအမှားမှမလုပ်ထားဘူးတောင်းပန်ဖို့မလိုဘူး*
*ဒါမဲ့ ကျန့်နောက်ကျတယ်လေ*
*ကျန့်နောက်မကျဘူးမောင်စောရောက်တာပါကျန့်ကိုမောင်တနေရာခေါ်သွားစရာရှိတယ်*
*ဘယ်ကိုလဲမောင်*
*ကျန့်ရောက်ရင်သိရမယ်ပီတော့ကျန့်ကြိုက်လောက်မယ်လို့လဲမောင်ယုံတယ်*
*မောင်နဲ့ပတ်သက်သမျှအကုန်ကြိုက်ပါတယ်*
*လာမောင်ဦးထုပ်စောင်းပေးမယ်*
ရှောင်းကျန့်လဲဝမ်ရိပေါ်အနားတိုးလာကာဦးထုပ်ကိုဂရုတစိုက်နဲ့စောင်းပေးပီမိမိကိုယ်တိုင်လဲစောင်းလိုက်ကာဆိုင်ကယ်ကိုခွထိုင်လိုက်ပီအနောက်ကရှောင်ကျန့်ကိုထိုင်စေသည်။
*ကျန့်မောင်ခါးကို‌တင်းတင်းဖက်ထားနော်*
*အင်း*ရှောင်းကျန့်လဲဝမ်ရိပေါ်ရဲ့ခါးကိုတင်းတင်းဖက်လိုက်သည်အမှန်ကဆိုင်ကယ်စီးရတာကိုမကြိုက်ပေမဲ့ချစ်သူလေးနဲ့ဆိုတော့ပြောပြလို့မရတဲ့ရင်ခုန်သံနဲ့အတူစိတ်လှုပ်ရှားမှုလည်းပါတော့ပျော်မိတာအမှန်ပင်။
ဒီလိုနဲ့ဆိုင်ကယ်လေးကထိုနေရာကနေမောင်းထွက်သွားတာမြို့ပြင်ရဲ့တနေရာစီသို့.....

#မေ့နေကြပီလားချစ်တို့ရေနေမကောင်းဖစ်တာခုမှသက်သာလို့updateလာပေးတာပါ
#စာဖတ်သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ကျန်းမာရေးလဲဂရုစိုက်ကြပါနော်🥰♥️💚

ညှိ့ငင်သောအချစ်🥀Where stories live. Discover now