ညှိ့ငင်သောအချစ်🥀(7)

561 26 2
                                    

တနဂ်နွေရုံးပိတ်ရက်မှာမနက်ခင်းပိုင်းအစောကြီးနိုးနေသည့်ရှောင်ကျန့်ကသားလေးကိုသွားကြိုဖို့ရဖို့ပင်။ရေမိုးချိုးအဝတ်စားလဲလို့ပီးကာအိမ်ထောက်ထပ်သို့ဆင်းလာပီကြီးရှန်းပြင်ထားပေးတဲ့မနက်စာကိုစားပီကားသော့ယူကာအပြင်သို့ထွက်လာသည်။
*ဟဲလိုကျန်းချန်း*
*အင်းရှောင်ကျန့်ပြောလေ*
*ညနေကျရင် မင်းxxxxဟိုတယ်မှာငါ့ကိုစောင့်နေခဲ့ငါ့အစားခနဧည့်ခံထားပေးရုံးကဝန်ထမ်တွေနဲ့ငါမိတ်ဆက်ဖို့ပီရင်ငါအဲဒီကို‌လာခဲ့မယ်*ထိုသို့ကျန်းချန်ကိုဖုန်းဆက်လှမ်းပြောပီဖုန်းချကာသားလေးရှိတဲ့ကျောင်းသို့မောင်းထွက်လာခဲ့သည်။ခနအကြာကျောင်းဝင်းထဲဝင်လာပီကားကိုရပ်ကာနားနေဆောင်ဘက်သို့အနည်းငယ်လမ်းလျှောက်လာပီ တွေ့ပါပီအဆောင်တံခါးဝမှာမိမိကိုရပ်စောင့်နေတဲ့သားလေးကချစ်မဝနိုင်။မိမိကိုမြင်လို့လက်ဆန့်ကာအပြေးလေးဖက်ကာစီးကြိုတယ်
*ပါးပါး သားသားကပါးပါးကိုအရမ်းသတိရနေတာ😊*
*ပါးပါးလဲအရမ်းသတိရတာပေါ့ မွ.မွ.😘ပါးပါးရဲ့ချစ်မဝလေး*
*ပါးပါးလာကြိုမယ်လို့ ဆရာမပြောလို့ပါးပါးကိုထွက်စောင့်နေတာအဟီး😊☺️*
*အတတ်လေး😘မွ!*
*ဆရာမ ကျတော့်သားလေးကိုခေါ်သွားပီနော်*
*ဟုကဲ့ပါ သားလေးကပါးပါးလာကြိုမယ်ဆိုပီအရမ်းပျော်နေခဲ့တာ*
*အော် ဟုကဲ့ပါခင်မျ ဒါဆိုခွင့်ပြုပါအုံး သားသားဆရာမကိုနှုတ်ဆက်လိုက်ပါအုံး*
*ဆရာမ သားသားပါးပါးနဲ့အိမ်ခနပြန်လိုက်အုံးမယ်နော်သားသားပြန်လာရင်ဆရာမအတွက်ရေခဲ့မုန့်ဝယ်လာပေးမယ်bye bye👋*
*ဟုတ်ပါပီကွယ် ကောင်းကောင်းသွားကြပါ*ရှောင်ကျန့်တို့သားဖဆရာမကိုနှုတ်ဆက်ကာကျောင်းဝင်းမှအိမ်သို့ပြန်လာလိုက်သည်။လမ်းတလျှောက်သားလေးကကားမှန်ကနေတဆင့်ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့မမြင်ဖူးတဲ့နေရာတွေကသားလေးအတွက်ထူးဆန်းနေမှာအမှန်ပင်။အမေရိကားမှာပဲအနေများတဲ့သားလေးကတရုတ်ကိုပြန်ရောက်ရောက်ချင်းကျောင်းပဲသွားတက်ရတော့ဘယ်နေရာကဘယ်ရှိမှန်းမသိချေ။ရှောင်းကျန့်အနေနဲ့ကလဲသားလေးကိုအပြင်ပေးထွက်ဖို့ဆန္ဒမရှိခဲ့ပေ။ဒီလိုနဲ့ကားလေးကအိမ်သို့ပြန်ရောက်လာခဲ့သည်။အိမ်ရောက်လာချင်းပဲကစားစရာအခန်းသို့သာပြေးဝင်သွားသည်။ရှောင်းကျန့်လဲသားလေးစားဖို့အတွက်ကြီးကြီးရှန်းကိုမှာပီချက်ခိုင်းလိုက်ရသည်။
ကစားစရာအရုပ်တွေတခုပီတခုကစားနေတဲ့သားလေးအနားသွားကာ
*သားသား ပါးပါးစီလာပါအုံးချစ်တုံးလေးရဲ့*ရှောင်ကျန့်လဲသားလေးကိုခေါ်ကာပေါင်ချီပီထိုင်ခိုင်းလိုက်သည်။
*ပြောပါအုံးပါးပါးကို ကျောင်းတက်ရတာပျော်လားငယ်ချင်းတွေရောရပီလား*
*အရမ်းပျော်တယ်ပါးပါးငယ်ချင်းတွေကလဲအများကြီးပဲ ဆရာမကကဗျာလဲသင်တယ်သီချင်းဆိုတာလဲသင်ပေးတယ်ပါးပါးမှာငယ်ချင်းမရှိရင်သားတို့ကျောင်းလာတက်လေပါးပါးမပျင်းရတော့ဘူး*သားလေးကကလေးပီပီပါးပါးကိုရှင်းပြနေတော့
*အင်းပါးပါးသားလေးကလိမ္မာလိုက်တာ မွမွ😘 ဒီဒီသတိရနေတယ်သားသားကိုVCallပြောလိုက်အုံးလေ*
*ဟုတ်ပါးပါးညကျရင်ပြောမယ်*ရှောင်ကျန့်ကသားလေးနဲ့တနေ့ကုန်အချိန်ပေးပီအိမ်မှာပဲနေဖစ်သည်။ညနေပွဲတက်ချိန်ရောက်ခါးနီးမို့သားလေးကိုကြီးကြီးရှန်းနဲ့အပ်ထားခဲ့ရပီလိုအပ်တာကိုမှာကြားကာမိမိကတော့ ပွဲတက်ဖို့အတွက်ပြင်ဆင်ရသည်။
ညနေပိုင်းကုမ္မဏီကဝန်ထမ်းတွေကိုရုံးမှာပဲပါတီစားပွဲနဲ့မိတ်ဆုံတွေလုပ်ပေးလိုက်သည်။XZရဲ့CEOအနေနဲ့ပထမဦးဆုံးပွဲလုပ်ချင်းပင်။အလုပ်သမားဝန်ထမ်းတွေကိုအလုပ်ထဲမှာသစ္စာရှိမှုကြိုးစားရိုင်းပင်းကူညီမှုအစသဖြင့်အမှာစကားပြောကြားကာမန်နေဂျာစုန့်နဲ့ပဲအပ်ထားခဲ့ပီကိုယ်တိုင်က xxxxဟိုတယ်သို့သွားရပြန်သည်။ပွဲချိန်ကနီးလာပီမလို့ဧည်သည်တော်လုပ်ငန်းရှင်ကြီးများနဲ့တခြားသောရှယ်ယာရှင်ကြီးတွေလဲအများကြီးရောက်နှင့်ကြကုန်ပီ သတင်းတွေယူဖို့အလုအယက်နေရာယူထားတဲ့သတင်းမီဒီယာတွေလဲအများကြီးရောက်နေကြသည်။ကျန်းချန်တယောက်ချွေးတွေတောင်ထွက်နေပီအကြောင်းကတော့ရှောင်ကျန့်ကခုထိရောက်မလာသေးခြင်းပင်နာရီကိုကြည့်မိတော့ည8:00ဆိုတော့ပွဲစသင့်မလို့တံခါးဝမှာရပ်စောင့်နေတဲ့ကျန်းချန်ပါလေ။ခနအကြာရှောင်ကျန့်လဲရောက်လာပီပွဲထဲကိုဝင်လာလိုက်သည်။ပွဲစဖို့စင်ပေါ်တက်ကာ
*အားလုံးပဲမဂ်လာပါခင်မျ ကျတော့်နောက်ကျသွားလို့ အရင်ဦးဆုံးလူကြီးမင်းတို့ကိုဂါရဝပြုတောင်းပန်ပါရစေခင်မျ!ကျန်တော့်ကXZ Groups ကCEOရှောင်းကျန်းပါခင်မျ အရင်ဦးဆုံးပြောချင်တာကလူကြီးမင်းတို့ကိုကျေးဇူးတင်ပါတယ် ကျတော့်ကိုယုံကြည်ပေးလို့ကျတော့်ဒီနေ့မအုပ်ချုပ်ခင်တုန်းကရောခုချိန်ထိဒီလိုအခြေနေဖစ်အောင်အများကြီးကူညီဖူးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်လှပါတယ်ရှေ့ဆက်ပီလဲဒီထက်ပိုမို့ကောင်းမွန်အောင်အဆင့်မှီတိုးတက်အောင်ကျတော့်အများကြီးကြိုးစားသွားမှာပါယုံကြည်မှုမပျက်ပြားအောင်ကျတော့်ဒီထက်ဒီထက်အများကြီးကြိုးစားသွားမှာပါလို့ပြောချင်ပါတယ်ခင်မျအားလုံးပဲ စိတ်ကြိုက်လွတ်လပ်စွာပျော်နိုင်ပါတယ်ခင်မျ*ရှောင်းကျန့်လဲပြောပီစင်အောက်သို့ဆင်းလာလိုက်သည်။ဂုဏ်ယူကြောင်းလာပြောတဲ့လုပ်ငန်းရှင်ကြီးတွေနဲ့တိုက်ရိုက်တွေ့ဆုံစကားပြောနေချိန်
*ရှောင်ကျန့်!*
ရှောင်ကျန့်လဲအသံလာရာကိုလှည့်ကြည့်မိတော့ဝမ်ချောင်ဖစ်နေသည်
*ဟမ်!!ဝမ်ချောင်မင်းဘယ်လိုလုပ်ဒီမှာရှိနေတာလဲ*
*အာ..!မဆိုးဘူးပဲကို့အချစ်လေးကကိုကိုမှတ်မိတားပဲ*ဝမ်ချောင်မှခနဲ့သလိုပြောလိုက်ပီရှောင်ကျန့်လဲထိုစကားကြားကာအနားတိုးလာပီ
*ဝမ်ချောင် မင်းတော်လိုက်တော့မင်းကိုအလိုမရှိဘူးသွားတော့*ရှောင်ကျန့်ကလူတွေကြားမှာဆိုးလို့တိုးတိုးပြောလိုက်သည်ထိုအခြေနေကိုတွေ့သွားတဲ့သတင်းသမားတဦးကသတင်းရဖို့အသည်းသန်အပံုခိုးရိုက်နေလိုက်သည်။
*မဟုတ်တာပဲ ဘာလဲကို့သတိမရဘူးလား*
*ရွံလိုက်တာမင်းကို*နှစ်ယောက်သားပြောစကားတွေကိုဖျက်လိုက်တာက
*ကျန့်..!*
ရှောင်ကျန့်လဲအသံလာရာနောက်လှည့်ကြည့်မိတော့မထင်ထားဘူး ဝေးဝေးနေပါတယ်ဆိုမှတွေ့ဖစ်အောင်ကိုတွေ့နေရတယ်မုန်းလေပိုတွေ့ရလေစကားအတိုင်းပါပင်။
*ကျန့်..!*ဝမ်ရိပေါ်မှအပြုံးလေးနဲ့လက်ထဲမှအဖြူရောင်နှင်းဆီပန်းစီးလေးကိုရှောင်ကျန့်ထံကမ်းပေးရင်း
*ကျန့် နောက်ကျမှရောက်လာလို့တောင်းပန်ပါတယ် အောင်မြင်မှုအတွက်လဲဝမ်းသာပါတယ်*ဝမ်ရိပေါ်ရောက်လာတော့ပွဲထဲကလူတွေအကုန်လုံးအပါဝင်မီဒီယာများကလဲအပုံရိုက်နေကြသည်။ဒီအခြေနေကဘယ်လိုကြီးလဲရှောင်ကျန့်တယောက်ဘယ်လိုခံစားမျိုးကြီးလဲတွေဝေနေတဲ့အချိန်မှာခံစားချက်ကိုဘေးဖယ်ပီဝမ်ရိပေါ်ကမ်းပေးလာတဲ့ပန်းစီလေးကိုလက်မခံချင်ပဲလက်ခံလိုက်ရသည်။
*ဒီကMr.Wangနဲ့Mr.Xiaoတို့ဒီဘက်ခနကြွပါခင်မျဓါတ်ပုံလေးရိုက်ချင်ပါ*သတင်းသမားတဦးကလာပြောတော့
*မရ..!!ပါ*ရှောင်ကျန်းမှပြောဖို့အလုပ်
*ရပါတယ်ခင်မျ ကျန့်လာလေ*ဝမ်ရိပေါ်မှရှောင်ကျန့်လက်ကိုတွဲကာသွားမည်အလုပ်
*လွှတ် ငါ့ဘာသာသွားလို့ရတယ်*ဆိုပီအံကြိတ်ကာပြောနေပေမယ့်အပြုံးမပျက်တာကဝမ်ရိပေါ်ပါ ဓါတ်ပုံတွေအများကြီးရိုက်ပီချိန်မှာအင်တာဗျုးအနည်းဖြေဖို့မီဒီယာကခွင့်တောင်းလာတာမို့လက်မခံချင်တဲ့တယောက်နဲ့ရှေးတိုးချင်တဲ့တယောက်နဲ့
*Mr.Wangနဲ့Mr.Xiaoတို့ကအရင်တည်းကသိနေကြတာလားခမျ*
*ဟုတ်ပါတယ် ကျတော့်တို့အရမ်းကိုချစ်..*ဝမ်ရိပေါ်ကပြောမဲ့ကျန်တုန်းဖြတ်ပြောတာကရှောင်းကျန့်
*အရမ်းကိုခင်ကြတဲ့ငယ်ချင်းတွေပါ*
*နှစ်ယောက်သားပြန်ဆုံပီလုပ်ငန်းအတူတူလုပ်ကြဖို့ရှိပါသလားခင်မျ နှစ်ယောက်လုံးကအရမ်းကိုအောင်မြင်တဲ့စီးပွားရေးသမားဆိုတော့လေ*
*မရှိပါဘူး ..ဒါပဲနော်ကျတော့်အချိန်မရတော့လို့*ပြောပီထိုနေရာကနေထွက်သွားတဲ့ရှောင်းကျန့်နောက်ကိုအမှီအနောက်ကနေပြေးလိုက်ရသည်။ကားရပ်ထားတဲ့ကားပါကင်သို့ရောက်ကာကားတံခါးကိုဖွင့်မည်အလုပ်မှလက်ကောက်ဝတ်မှလှမ်းဆွဲခြင်းခံရပီတိုင်နဲ့ကပ်ချလိုက်ကာ
*ဝမ်ရိပေါ် အရူးလိုကောင်ငါ့ကိုလွှတ် လွှတ်စမ်း လွှတ်လို့*မမျှတဲ့အားကိုမနိုင်ပေမဲ့ရုန်းနေမိ
*ကျန့် ကျန့်မောင်ရှင်းပြတာခနနားထောင်ပါအုံးနော်*
*ဘာမှလာမပြောနဲ့ မင်းလို့လူကိုငါအရမ်းမုန်းတယ် မင်းကိုလဲဒီပွဲမှာငါ့ဘဝမှာအလိုမရှိလို့ ငါဖိတ်စာတောင်မဖိတ်တာကိုအရှက်မရှိလာရဲတယ် အရူးလိုကောင်မုန်းတယ်မင်းကို*
*ကျန့်ရယ်‌ေမာင်တောင်းပန်ပါတယ်အရာအားလုံးအတွက်‌ေမာင်မကောင်းတာပါကျန့်ကိုနာကျင်စေခဲ့လို့ မောင်တကယ်တောင်းပန်ပါတယ် တခါလောက်တော့အခွင့်ရေးပေးပါနော်*
*လွှတ်ငါ့ကိုဘာမှလာမပြောနဲ့ဘာအခွင့်ရေးမှမရှိဘူး မင်နဲ့လဲမပတ်သက်ချင်ဘူး*ပြောပီရုန်းကာ ကားထဲသို့ဝင်သွားပီလော့ချကာမောင်းထွက်သွားသည်။နောက်ကကျန်ခဲ့တဲ့ဝမ်ရိပေါ်မှာမျက်ရည်တွေနဲ့ရင်ထဲခံစားသမျှတိုင်ကိုလက်သီးနဲ့ထိုးကာသွေးများမြင်မကောင်းပေအခြေနေအရပ်အားလုံးကိုတနေရာမှာရပ်ကြည့်နေတဲ့ကျန်းချန်းကအနားလာကာ
*ဝမ်ရိပေါ် မင်းရပ်သင့်ပီ ထပ်ပီရှောင်ကျန့်ကိုမနှောက်ယှက်နဲ့တော့မပတ်သက်နဲ့တော့ရှောင်ကျန့်ကမင်းကိုမုန်းနေတာ အဲဒါတွေအကုန်မင်းကြောင့်ပဲလေ ထပ်ပီတော့မပတ်သက်ပါနဲ့တော့*
*ကျန်းချန် ငါကျန့်ကိုတောင်းပန်ချင်လို့ပါကွာငါမှားခဲ့တာတွေအတွက်သူပေးတဲ့အပြစ်ခံယူပါ့မယ်မင်းငါ့ကိုကူညီပါနော်ကျန်းချန်းငါကျန့်နဲ့တွေ့ချင်လို့ပါ*
*မင်းတွေ့ရောဘာလုပ်မှာလဲ သူကမင်းကိုမတွေ့ချင်ဘူးလေမင်းပဲမလိုချင်လို့ပြစ်ချထားခဲ့တာလေငါမကူညီနိုင်ဘူးမင်းထိုက်နဲ့မင်းကံပဲ*ကျန်းချန်ထိုသိုပြောပီထွက်လာလိုက်သည်။ကျန်ခဲ့ဝမ်ရိပေါ်မှာတော့အရူးတယောက်လိုပင်....#

#Next....
#နောက်ပိုင်းဆက်အတွက်အားပေးပါအုံးနော်
#နောက်ပိုင်းကျရင်နောက်ကြောင်းပြန်စပါမယ်အရမ်းခါးနေတော့ဖတ်ရတာပျင်းနေပီလားချစ်တို့🥰
သာသာရဲ့စာဖတ်သူအပေါင်းကျန်းမာချမ်းသားခြင်းတွေနဲ့နေ့ရက်တိုင်းကိုဖြတ်ကျော်နိုင်ပါစေ♥️💚

ညှိ့ငင်သောအချစ်🥀Where stories live. Discover now