ညှိ့ငင်သောအချစ်🥀(4)

574 29 1
                                    

   ဒီနေ့အတွက်ရှောင်းကျန့်အစောကြီးနိုးနေခဲ့သည်သားလေးကိုအပ်ဖို့လိုအပ်တာစုဆောင်းပီအိတ်ထဲထည့်သားလေးနိုးလာရင်ချိုးဖို့ရေနွေးရေအေးစပ်ထားပေးခဲ့ပီဝတ်ရမဲ့အဝတ်ကိုပါဗီဒိုထဲတခါတည်းထုတ်ထားလိုက်သည်။သားလေးအတွက်ဝေယျာဝစ္စတွေကိုယ်တိုင်လုပ်ပေးပီမိမိအတွက်လိုအပ်တဲ့စာရွက်စာတမ်းလက်တော့တွေကိုပါအလုပ်အိတ်ထဲထည့်ကာနာရီကိုကြည့်မိတော့6:00နာရီကိုပြနေပီရှောင်းကျန်းလဲရေမိုးချိုးဖို့သားလေးကိုအရင်နှိုးလိုက်သည်။
*သားသား ..သားသားရေထလို့ရပီမိုးလင်းပီလို့*အိပ်ပုပ်လေးကတော့လှုပ်တောင်မလှုပ်
*သားသား..ထတော့ပေမနေနဲ့လေကျောင်းသွားရအုံးမယ်လေ ပါးပါးသားလေးကလိမ္မာတယ်*အိပ်ယာနိုးနေပီသားကိုအိပ်ချင်ယောင်ဆောင်နေတဲ့အလည်လေးကမှိတ်ထားတဲ့မျက်လုံးတွေတောင်လှုပ်စိလှုပ်စိနဲ့ပြုံးယောင်သမ်းနေသေး။
*အင်းပေါ့လေ သားသားမှပါးပါးကိုမချစ်တော့တာ.ပါးပါးစကားဘယ်နားထောင်မလဲနော်*ရှောင်းကျန့်ကစိတ်မကောင်းဟန်လုပ်ပီတဖက်ကိုလှည့်လိုက်တော့အနောက်ကနေပီလက်နှစ်ဖက်နဲ့သိုင်းဖက်လိုက်ပီ
*ပါးပါး..!ပါးပါးကိုသားသားချစ်ပါတယ်သားနိုးနေတာကြာပီ ပါးပါးကိုစတာပါ☺️*
*သားလေးလိမ္မာတာပါးပါးသိတာပေါ့ပါးပါးလဲသားလေးကိုအရမ်းအရမ်းချစ်ပါတယ် ခုတော့ရေချိုးကြမယ် ညစ်ပတ်အိုးလေးဖစ်နေပီ လာပါးပါးချီမယ်*ပြောပြီသားလေးကိုရေချိုခန်းသို့..
သားဖနှစ်ယောက်ရေချိုးအဝတ်စားလဲပီကာအောက်ထပ်သို့ဆင်းလာလိုက်ပီသားလေးကထမင်းစားခန်းသို့ပြေးဝင်သွားသည်။ရှောင်ကျန့်ကနောက်ကနေလိုက်လာပီမနက်စာအတွက်ကြီးကြီးရှန်းကအဆင်သင့်ပြင်ပေးထားသည်။
*သားသားကြိုက်တဲ့ပေါင်မုန့်မီးကင်နဲ့နွားနို့ပူပူရပီ*
*ဝိုး..ကျေးဇူးတင်ပါတယ်*
*ဒါကသားကျန့်အတွက်ကော်ဖီ*
*ကျေးဇူးပါကြီးရှန်း*
*သားကျန့်နေ့လည်စာအိမ်ပြန်စားမှာလားကြီးရှန်းဘာပြင်ပေးရမလဲ*
*နေပါစေ.ကျတော်ပြန်မလာဘူးသားလေးကိုကျောင်းဝင်ပို့ပီကုမ္မဏီကိုတခါတည်းသွားမှာနေ့လည်စာပြန်မစားဘူးညနေစာအတွက်ပဲချက်ပါညနေသားလေးကိုဝင်ကြိုပီရင်ပြန်လာမှာ*
*အော် အေးပါကွယ်သားတို့စားပီရင်ထားခဲ့လိုက်ပါကြီးရှန်းအနောက်ဘက်ခန်းမှာရှိနေမယ်ပီရင်းလာသိမ်းလိုက်မယ်*
*ဟုကဲ့ကြီးရှန်း*
*ပါးပါး..ဒီနေ့ကျောင်းသွားရင်သားတယောက်ထဲပါးပါးလိုက်နေပေး*သားလေးကကလေးပီပီတခါမှခွဲမနေဖူးတော့မသွားချင်ပဲဂျီကျနေသည်။ရှောင်းကျန့်လဲနားလည်ပါတယ်သားလေးက4နှစ်သာပြောတာတခြားကလေးလို့လဲအဖော်မမက်တတ်ဘူးအနေအေးတယ်တယောက်ထဲကျောင်းမသွားချင်ဘူးတဲ့ဂျစ်တူးကျနေပြန်ပီ
*သားသားရယ် ကျောင်းရောက်ရ်ုငယ်ချင်းတွေရှိတယ်ဆရာမတွေလဲရှိတယ်သားပျော်သွားမှာပါသားလေးကလိမ္မာပါတယ်ပါးပါးစကားနားထောင်နော်*ရှောင်းကျန့်လဲသားခလးခေါင်းကိုပွတ်ပေးရင်းချော့ပြောနေရသည်။
*ဟုတ်ပါးပါး သားလိမ္မာပါ့မယ်*
မနက်စာစားသောက်ပီတော့အိမ်ကနေထွက်လာလိုက်သည် သားလေးကိုမြို့လယ်မှာရှိတဲ့ကိုယ်ပိုင်ကျောင်းတခုမှာကျောင်းဝင်အပ်ပီအားလုံးသေချာအောင်စီစဉ်လုပ်ပေးပီးမှမိမိရဲ့ကုမ္မဏီရုံးခန်းသို့သွားရသည်။
ပထမဦးဆုံးတရုတ်မှာအခြေချရုံးကိုကိုယ်တိုင်ဦးစီးရုံးထိုင်ဖစ်တော့ဝန်ထမ်းတွေနဲ့မိတ်ဆက်ဖို့အချိန်ကမရသေးပေအကြောင်းကတော့အရေးကြီးတဲ့ပရောဂျက်အတွက်စာပွဲနဲ့ခေါင်းမစောင့်ရုံတမယ်အမှားယွင်းမရှိအောင်လုပ်နေရသည်။
*ဥက္ကဌရှောင်း ဒီဖိုင်မှာလက်မှတ်ထိုးပေးပါအချက်လက်တွေပြည့်စုံပါပီခမျ*မန်နေဂျာစုန့်မှကမ်းပေးလာသောဖိုင်ကိုယူကာတချက်စစ်ဆေးပီ
*အင်း ဒါဆိုချိန်းထားတဲ့အချိန်ကဘယ်နနာရီလဲ*
*နေ့လည်2:00ပါခမျ*
*အင်းဒါဆိုငါတို့1နာရီစောသွားမယ်Mr.Ho,နဲ့တွေ့မှကိုဖစ်မယ်နောက်ကျလို့မဖြစ်ဘူးအဆင်သင့်ဖစ်နေအောင်လုပ်ထားပီရင်သွားကြမယ်*ရှောင်းကျန်းမှပြောပီမန်နေဂျာစုန့်လည်းလိုအပ်တာပြင်ဆင်ဖို့အခန်းအပြင်သို့ထွက်သွားသည်။

ညှိ့ငင်သောအချစ်🥀Where stories live. Discover now