ညှိ့ငင်သောအချစ်🥀(8)

469 20 1
                                    

#နောက်ကြောင်းပြန်စပါ့မယ်....

    လှပတဲ့ပန်းပေါင်းစုံတွေနဲ့ပန်းပေါင်းစုံတွေရဲ့အမွှေးရနံ့နဲ့အတူလူတို့ရဲ့စိတ်အစုံကိုအပန်းဖြေစေတဲ့နေရာကပန်းခြံပါပင်။အရပ်အရှည်ရှည်ပိန်သွယ်တဲ့ခနွာကိုယ်နို့နှစရောင်အသားရေပိုင်ဆိုင်ထားသူလေးကနှုတ်ခမ့်အောက့်ကမှည့်နက်လေးကပါသေး ချောမောတဲ့ရုပ်ရည်သာမကအသံပိုင်ဆိုင်ရာမှာလည်းပြောရက်စရာမရှိအောင်ချိုသာလွန်းပါတယ်။ပန်းခြံရဲ့တနေရာမှာတယောသံစဉ်တွေနဲ့အတူသာယာချိုသာလွန်းသည့်သီဆိုသံတွေကပန်းခြံမှာအပန်းလာဖြေသူတိုင်းအတွက်အေးမြလန်းဆန်းစေသည်။အဆိုရှင်မဟုတ်ပေမဲ့ဒီလိုpublishတွေနေရာမှာအမြဲလိုလိုဖျော်ဖြေလေ့ရှိသူမို့ပရိသတ်တော်တော်များများရှိသည်။webio accဆိုလဲfollowerသန်းနဲ့ချီရှိသူမို့ရှောင်းရှောင်ကျန့်ကိုမသိသူမရှိသလောက်ပါပင်။လူငယ်တွေကြားများရေပန်းစားသူတယောက်ပါပဲ။နေ့တိုင်းလိုလိုမဟုတ်ပေမဲ့အားလပ်ရက်လိုရက်မျိုးဆိုဖျော်ဖြေလေးရှိတယ်။
  ဒီနေ့လဲရှောင်းကျန့်ကပန်းခြံမှာတယောထိုးဖို့ပန်းခြံကိုရောက်နေခြင်းပင်။ထိုင်နေကျနေရာလေးမှာထိုင်ကာတယောကြိုးလေးကိုချိန်ညှိ့စေပီချိုသာတဲ့အသံနဲ့အတူသံစဉ်လေးတွေကပျံလွှင့်နေခဲ့သည့်မှာပန်းခြံတခုလုံးလိုပါပင်ထိုသီချင်းသံစဉ်ကိုကြားတော့ကောင်မလေးပရိသတ်တွေကအများအပြားအရှေ့မှာလာရပ်ရင်းliveလွှင့်သူကလွှင့်ဓါတ်ပုံရိုက်သူကရိုက်နဲ့ကြည့်ရှုနှုန်းကများနေဆဲပါပဲ။သီချင်းသံရပ်စဲလို့သီချင်းသံကုန်ဆုံးတော့မတ်တတ်ရပ်ကာပရိသတ်တွေကိုရှက်ပြုံးပြရင်းနှုတ်ဆက်သည်။ပရိသတ်ကောင်မလေးတွေကြားမှာနေကြာပန်းစီးလေးကိုကိုင်ကာအပြုံးတွေနဲ့ရှောင်ကျန့်အရှေ့နားလာရပ်ကာရှောင်ကျန့်လဲအံ့ဩမှုနဲ့အတူ
*အရမ်းချစ်တာမို့ လက်ခံပေးပါ*ဆိုပီပန်းစီးလေးကိုကမ်းပေးလာသည်။
*ဘ ဘယ်လို!!!*အံ့ဩမှုများနဲ့ဒါကဘယ်လိုအခြေနေလဲထိန်းမရတဲ့ရင်ခုန်သံများကလဲအနားရှိလူတောင်ကြားရလောက်တယ်။
*ကျတော်ကဝမ်ရိပေါ်ပါ ကျန့်ကောကိုအရမ်းချစ်တာမို့လက်ခံပေးပါ*ရှောင်ကျန်ကကိုယ်နဲ့လဲအပြင်မှာတခါမှမမြင်ဖူးဘူးပီတော့အေးတိအေးစက်နဲ့ ရည်းစားစကားလဲမပြောပါပဲချစ်ခွင့်ပန်တာလဲတမျိုးကြီးပီတော့ကြည့်ရတာရှောင်ကျန်ထက်လဲငယ်ပုံပဲဆိုတော့လူတွေအများကြီးနဲ့မို့ရှက်ကလဲရှက်တာမို့ဘာမှမပြောပဲခေါင်းငုပ်ရပ်နေမိသည်ကောင်မလေးတွေကလဲဝိုင်းအားပေးလက်ခုပ်တီးရင်းသံပြိုင်ဆိုကြသည်။
*လက်ခံလိုက်👏 လက်ခံလိုက် 👏လက်ခံလိုက်👏*
*မင်းကိုငါမသိဘူးလေ*
*နောက်ဆိုသိလာမှာပေါ့*ထိုသိုပြောကာပန်းစီးလေးကိုကမ်းပေးလိုက်သည်ရှောင်ကျန့်လဲမသိလိုက်ခင်မှာပဲပန်စီကိုလက်ခံလိုက်မိသည်။ဝမ်ရိပေါ်လဲရှောင်ကျန့်ရှက်နေမှန်းသိလို့ရှောင်ကျန့်လက်ထဲကတယောက်လေးကိုလက်လွှဲယူကာရှောင်ကျန်လက်ကိုတွဲကာထိုနေရာမှထွက်လာခဲ့လိုက်သည်။ရှောငိကျန်လဲဘာမှမပြောမိပါပဲဝမ်ရိပေါ်ခေါ်ရာသို့လိုက်လာခဲ့ရာသာယာလှပတဲ့တောင်းကုန်းလေးတခုသို့ရောက်လာခဲ့သညိ။ထိုလမ်းတလျှောက်အတွဲတွေထိုင်ဖို့ချထားတဲ့ထိုင်ခုံများလဲရှိသည်။သဘာဝအလှတွေနဲ့လေကောင်းလေသန့်တွေရရှိစေတော့လန်းဆန်းမှုအပြည့်ပါပဲ။
*ဒီနေရာလေးကလှလိုက်တာ*
*ကျန်ကောလောက်မလှဘူး*နှစ်ယောက်သားထိုင်ခုံမှာထိုင်ချရင်း
*မင်းငါ့ကိုဘယ်လိုသိတာလဲ*
*ကျ‌န့်ကောကိုသိဖို့အခက်ခဲမှမရှိတာ*
*ဒါဆို လိုင်းမှာတွေ့တာပေါ့ငါ့ကို*
*မဟုဘူးလို့ပြောရင်ယုံလား*
*ဟမ်!အာ့ ထားလိုက်ပါမင်းကိုကျေးဇူးတင်ပါတယ် ဒီနေရာကိုငါကြိုက်တယ်ခေါ်လာပေးတဲ့အတွက်*
*အဲ့အစား ချစ်တယ်လို့ပြောပေးပါလား*ဝမ်ရိပေါ်ရဲ့စကားကြောင့်ရှက်ပီတိတ်ဆိတ်နေတဲ့ရှောင်ကျန့်ရဲ့ရင်ခုန်သံကတော့လိမ်လို့မရပါပင်။ဝမ်ရိပေါ်ကတကယ်ပဲဘာဖစ်ချင်တာလဲ?
*မင်းငါ့ကိုရည်းစားစကားပြောနေတာလား*
*မဟုဘူး ချစ်တယ်လို့ပြော*
*မင်း!ဘယ်လိုကြီးလဲ*
*ကျတော့်ကကျန်ကောရည်းစားမဖစ်ချင်ဘူးချစ်သူပဲဖစ်ချင်တာ*
*ငါ..!ငါစင်းစားပါရစေလေ*
*တမိနစ်အချိန်ရမယ်*
*ဟမ်..!*
*ကဲ့ပြည့်သွားပီ ချစ်တယ်မလား*ဝမ်ရိပေါ်မှမစောင့်နိုင်တဲ့တမိနစ်ကိုအကြံနဲ့ရှောင်ကျန့်လဲငြင်းမရတဲ့အဆုံး
*ချစ်တယ်!ဝမ်ရိပေါ်ကိုချစ်ပါတယ်*ရှောင်ကျန့်ရဲ့စကားအဆုံးတင်းကြပ်စွာဖက်လိုက်သည်ကဝမ်ရိပေါ်
*ကျတာ့်လဲကျန်ကောကိုအရမ်းချစ်တာပဲဗျာ*
*မင်းကလူလည်ပဲ...ဝမ်ရိပေါ်*
*ကျတော်ကိုနာမည်မခေါ်ပဲရမလား*
*ဟမ်.!ဘယ်လိုခေါ်ရမလဲ*
*မောင်လို့ခေါ်လေ*
*မောင်!*
ထပ်ခေါ်ပါအုံးဗျာ နားဝင်ချိုတာ
*မောင် မောင်လို့☺️*
*ချစ်လိုက်တာကျတော့်လဲကျန့်ကောကိုကျန့်လို့ပဲတလုံးတည်းနဲ့ခေါ်မယ်*
*မောင်သဘော*
မြင်မြင်ချင်းအချစ်တဲ့ဆန်းကြယ်သား💚♥️

#Next....
#Helloချစ်တို့ရေ နေမကောင်းလို့ficလေးကိုတိုတိုနဲ့ရေးနိုင်လို့နားလည်ပေးပါနောက်ပိုင်းကျရင်စာအရှည်ရေးပေးပါ့မယ် ချစ်ဖတ်တဲ့ချစ်တို့လဲကျန်းမာရေးဂရုစိုက်ကြပါဘေးရန်ခပ်သိမ်းကင်းဝေးနိုင်ကြပါစေ🥰🥰

ညှိ့ငင်သောအချစ်🥀Where stories live. Discover now