ညှိ့ငင်သောအချစ်🥀(3)

611 25 1
                                    

   "ကလင်..ကလင်..ကလင်!!"
*ဟဲလို..မဂ်လာပါခင်မျ*ကျန်းချန်မှဖုန်းကိုင်လိုက်သည်။
*ကျန်းချန်..ငါပါရှောင်းကျန့်*
*ဟယ်!!ရှောင်းကျန့် ခုမှပြန်ဆက်သွယ်တယ်နော်နေကောင်းလားမင်းဘယ်မှာရှိနေတာလဲအဆင်ပြေလား*မတွေ့တာကြာပီဖစ်တဲ့ငယ်ချင်းအသံပြန်ကြားတော့ဝမ်းသာအားရနဲ့မေးခွန်းတွေတရစပ်မေးလိုက်သည်။
*ငါအခုအိမ်ပြန်ရောက်နေတယ်ညနေတွေ့ကြမလား*ရှောင်းကျန့်မှပြောသည်။
*အင်းတွေ့ကြမယ်လေ ဒါမင်းphလားညနေကျရင်ငါဆိုင်နေရာပို့ပေးလိုက်မယ်*
*Ok.ဒါငါphပါပဲညနေကျတွေ့မယ်bye👋*လို့ပြောပီဖုန်းချလိုက်သည်။မနက်ကမှရောက်လာတော့လူကပင်ပန်းနေပေမဲ့ခနသာနားလိုက်ပီအရေးကြီးတဲ့အလုပ်ကိစ္စအတွက်စီစဉ်နေရသည်။သားလေးကိုလဲကျောင်းအပ်ဖို့အတွက်မနက်ဖြန်ကအရမ်းကိုပင်ပန်းရအုံးမယ်ဒီလိုနဲ့တနေကုန်ဟိုလုပ်ဒီလုပ်နဲ့ညနေစောင်းနေပီရှောင်းကျန့်လဲနာရီကိုကြည့်မိတော့(5:30)ခွဲကိုပြနေသည်။တနေကုန်အလုပ်ရှုပ်ဟိုလုပ်ဒီလုပ်လုပ်ထားတော့လူကလဲနုံချိနေပီမလို့ရေချိုးဖို့မိမိအခန်းကိုတက်လာလိုက်သည်။ခနအကြာတော့ရေမိုးချိုးအဝတ်စားလဲကာအောက်ထပ်သို့ဆင်းလာလိုက်သည်။ဧည့်ခန်းမှာအရုပ်တွေနဲ့ကစားနေတဲ့သားလေးစီလျှောက်လာပီကြမ်းပေါ်မှာပဲထိုင်ချလိုက်သည်။
*သားသားရေ..ပါးပါးစီလာပါအုံး*သားလေးကိုချီကာပေါင်ပေါ်ထိုင်စေပြီ
*မနက်ဖြန်ကျရင်သားလေးကိုပါးပါးကိုတိုင်ကျောင်းအပ်ပေးမယ်ကျောင်းတက်ရမယ်နော်*သားလေးဆံပင်ကိုပွတ်ကာပြောလိုက်သည်။
*တက်မယ်ပါးပါးကျောင်းတက်ရင်သူငယ်ချင်းတွေအများကြီးရမှာလားဟင်ပါးပါး*
*ရပါတာပေါ့ငယ်ချင်းတွေအများကြီးရမှာပေါ့*
*ဟီး..ပျော်လိုက်တာသူငယ်ချင်းတွေနဲ့မုန့်တွေစားမယ်ကစားမယ်*
*စာလဲကျက်ရမယ်ဒါမှပညာတတ်ဖစ်မှာသားရဲ့*ရှောင်းကျန့်ကသားလေးခေါင်းကိုပွတ်ပေးရင်ပြောလိုက်သည်။
*သားလေးညစာစားတော့ကြီးကြီးရှန်းကပြင်ပေးလိုက်မယ်နော် ပါးပါးကိစ္စရှိနေသေးလို့အပြင်ခနသွားလိုက်အုံးမယ်*
*ဟုကဲ့..ပါးပါး မွ..မွ😘*ပြောပြီထမင်းစားခန်းကိုပြေးဝင်သွားသည်။
*သားသားမပြေးနဲ့ချော်လဲမယ်*ထိုသို့ပြောပီပြုံး၍ခေါင်းခါမိသည်ဒီသားလေးကိုမနိုင်ဘူးဆိုတဲ့သဘော။ဘာပဲပြောပြောသားလေးကအရာရာပဲ အလင်းရောင်မရှိမှောင်အိုက်နေတဲ့ဘဝလေးထဲကတခုထဲသောလမ်းပြကယ်အဖစ်ဆွဲခေါ်ခဲ့တာသားလေးပါပဲ နာကျင်ခဲ့ရတဲ့နှလုံးသားတစုံကသားလေးကြောင့်အသက်ပြန်သွင်းနိုင်ခဲ့တာမို့ချစ်သည်။အရာအားလုံးထက်ပိုချစ်သည်။ ရှောင်းကျန်းအတွေးတွေကိုဖျက်ကာကျန်းချန်းနဲ့တွေ့ဖို့အပြင်ထွက်လာလိုက်သည်။‌
  ရှောင်းကျန့်လဲကျန်းချန်ပို့ပေးတဲ့တည်နေရာတိုင်းထွက်လာသည်မှာခုဆိုcoffeeဆိုင်တဆိုင်သို့ရောက်နေပီဆိုင်ထဲဝင်လာလိုက်သည်။ဆိုင်လေးကအရမ်းမကြီးသလိုအရမ်းလဲမသေးဘူးဆိုင်ရဲ့ပြင်ဆင်မှုကလဲလူငယ်တွေကြားမှာတော်တော်ရေပန်းစားပုံပင်ဘာလို့ဆိုချထားတဲ့စားပွဲခုံတိုင်းအလိုလိုအတွဲကိုယ်စီထိုင်နေကြသည်။ဆိုင်ထဲကိုဝှေ့ဝဲကြည့်လိုက်တော့တွေ့ပါပီလူပျိုကြီကျန်းချန်း
*ကျန်းချန်း...!!*ရှောင်းကျန်းမှခေါ်လိုက်သည်။
*ရှောင်းကျန်...လာလာ*ကျန်းချန်းလဲလက်ပြနှုတ်ဆက်ကာခေါ်လိုက်သည်။
*ရှောင်းကျန့်..မင်းကွာအရင်ကထက်ပိုချောလာတယ်မတွေ့ရတာကြာပီမင်းအဆင်ပြေရဲ့လား*ကျန်းချန်မှမတွေ့တာကြာပီဖစ်တဲ့ငယ်ချင်းကိုစကားစပ်ဆိုသည်။
*ငါအဆင်ပြေပါတယ်ကွာ.ငါU.S.Aကနေပြန်ရောက်ရောက်ချင်းမင်းကိုဆက်သွယ်လိုက်တာပဲ သတိရတယ်*
*ငါလဲမင်းကိုအရမ်းသတိရနေတာမင်းကိုငါလိုက်ရှာတာဘယ်မှာမှမတွေ့ဘူးရိပေါ်ကိုလဲငါမေးတယ်..ဒါမဲ့..မ!!*ကျန်းချန်းရဲ့စကားမဆုံးခင်ရှောင်းကျန့်ကလက်ပြတားလိုက်သည်။
*တော်တော့!!ကျန်းချန်းအဲလူနာမည်ငါရှေ့မှာမပြောနဲ့ဘယ်တော့မှမပြောနဲ့*
*အေးပါကွာ..ငါမေ့သွားလို့ပါ.မနာက်ငါမပြောတော့ပါဘူးဒါနဲ့မင်းမနေ့ကပဲရောက်တာဆိုတော့မင်းဘာလုပ်မှာလဲလို့စိတ်ကူးထားလဲ*
*XZကငါကုမ္မဏီငါရုံးပြန်ထိုင်မလို့လေမန်နေဂျာနဲ့ပဲထားခဲ့တာဘယ်လောက်ကြာနေပီလဲငါအဲဒါကိုပြန်ဦးစီးနေပီဒီ‌ကိုပြန်မလာခင်ထဲကပဲ*
*Wow 😮!!ကောင်းတယ်XZကိုငါသိတာကြာပီဒါမဲ့ဘယ်သူကCEOဖစ်မှန်းဘယ်သူမှမသိကြဘူးဒီနေ့တော့ငါလောက်ကံကောင်းသူရှိပါအုံးမလား*
*ဟားး.ဒါနဲ့မင်းရောဘာတွေလုပ်နေလဲကျန်းချန်း!အဆင်ပြေလား*
*အင်းပြေပါတယ် ငါဒီဇိုင်းပုံစံငယ်လုပ်တယ်စီးပွားရေးအသေးစားတခုပါ*
*ကောင်းပါတယ် ဒါနဲ့မင်းငါ့ကုမ္မဏီမှာအလုပ်ဝင်မလား*
*မင်းအဆင်ပြေရင်ပီးတာပဲငါကတော့သဘောတူပီသားပါပဲ*ကျန်းချန်းကရှောင်းကျန့်ရဲ့ကမ်းလှမ်းချက်ကိုသဘောတူလိုက်သည်။ဒီလိုနဲ့နှစ်ယောက်သားစကားတပြောပြောနဲ့‌ရယ်လိုက်‌ေမာလိုက်coffeeသောက်နေလိုက်သည်။

တဖက်တွင်..

*စောင့်ရတာကြာပီလား ကိုတောင်းပန်ပါတယ်နောက်ကျသွားလို့*ဝမ်ရိပေါ်မှပြောရင်းထိုင်ခုံဆွဲပီဝင်ထိုင်လိုက်သည်။
*မကြာသေးပါဘူးဝမ်..မိန်းလဲခနကမှရောက်တာပါ*
*ဝမ်.!ဒီနေ့ကမိန်းရဲ့မွေးနေ့လေ သူငယ်ချင်းတွေအများကြီးနဲ့မလုပ်ချင်လို့ ဝမ်နဲ့နှစ်ယောက်ထဲပဲရှိချင်လို့ဘယ်သူကိုမှမဖိတ်ပဲဝမ်ကိုဖိတ်တာပါ*
*ဒါက မိန်းအတွက်မွေးနေ့လက်ဆောင်ပါအိမ်ရောက်ရင်ဖွင့်ကြည့်နော်*ဝမ်ရိပေါ်မှယူလာတဲ့ပါဆယ်ဘူးလေးကိုသူမထံကမ်းပေးလိုက်သည်။
*ဝမ်.ကျေးဇူးတင်ပါတယ်*
ဒီလိုနဲ့မုန့်စားနေရင်းမျက်စိရှေ့ကိုဖြတ်သွားတဲ့အရိပ်လေးတခုကိာတွေ့လိုက်သည်။
"ဟမ်..!!"ဒီလူဟုတ်ပါတယ်သူပါတလောကလုံးမှာမမေ့နိုင်ဆုံးကဒီလူသားပါဝမ်ရိပေါ်လဲစားလတ်စမုန့်တွေကိုချလိုက်ရင်းနောက်ကနေအမြန်လိုက်သွားသည်။
*ဝမ်..ဝမ်..ဝမ်ရိပေါ်*နောက်ကမိန်းရွယ်ရဲ့ခေါ်သံကိုမကြားလိုက်ထိုသူနောက်အပြေးလိုက်သွားပေမဲ့ကားပေါ်တက်သွားသည်ကိုမြင်၍အပြေးနောက်ကနေလိုက်သည်။'အပြေးကောင်းတုန်းပြေးထားအုံးပေါ့ယုန်ကောင်လေးရေမင်းကိုအမိဖမ်းနိုင်တဲ့နေ့မလွတ်တမ်းဖတ်ဆုတ်ထားမှာမို့ခုတော့ပုန်းနေလိုက်ပါ'ဝမ်ရိပေါ်မှအတွေးတွေကိုရပ်ကာအိမ်ပြန်လက်လျော့လိုက်ရသည်။
  ဒီနေ့အဖစ်ပျက်ကဘာမှန်းမသိတဲ့ရှောင်းကျန်းကတော့မနက်ဖြန်အတွက်လုပ်ရမဲ့အလုပ် လုပ်ငန်းစဉ်တွေကိုနံပါတ်စဉ်တပ်ပီစင်ူစားခန်းဝင်လာလိုက်တာတလမ်းလုံးပင်။နာကျင်စရာတွေဘယ်လောက်ရှိရှိပြိုလဲလို့မဖစ်ဘူး..#

#Next...
#အရှည်ကြီးရေးထားပါတယ်ကြိုက်ကြရဲ့လားမသိဘူး စာလုံးပေါင်းပြန်မစစ်ထားဘူးနော်ချစ်တို့
နောက်ပိုင်းအတွက်အားပေးပါအုံး🥰

ညှိ့ငင်သောအချစ်🥀Where stories live. Discover now