•5•

200 33 6
                                    

[ Unicode ]

အိမ်ရှေ့စံ။

မနေ့ကပါသည့် အိမ်မက်ထဲတွင်
ဗာနွန်ကြားခဲ့ရသော နာမ်မတစ်ခု။
လူအများစုဟာ သူကို ထိုသို့သာ ခေါ်ကြသည်။

ဟွမ်းချွန်းက အိမ်ရှေ့စံကလည်း ပျောက်ဆုံးနေသည်။

အမျိုးမျိုးသော အကြောင်းအရာတွေချိတ်ဆက်ကြည့်တော့ ဗာနွန်တဖြည်းဖြည်းနားလည်လာခဲ့သည်။
သူက ဟွမ်းချွန်းရဲ့အိမ်ရှေ့စံများ ဖြစ်နေလေမလား။

အကယ်၍
သူသာ ထိုသူဖြစ်နေခဲ့လျှင်
အရင်က သူ့ဘဝဟာ ဘယ်လိုတွေဖြစ်ခဲ့ရသည်လဲ။

အပြည့်အစုံပြန်မမှတ်မိသေး၍
ဗာနွန် ဆက်တွေးတိုင်း ခေါင်းကိုက်ရတုန်းပင်။

"ဗာနွန်"

"အ..အင်း ဘာလဲ"

ကြားလိုက်ရသည့် တံခါးဖွင့်သံနှင့်အတူ
ဆွန်းဂွမ်၏ အသံ။

"အပြင်သွားမယ်"

"ဟင်.. ဘယ်ကို.."

ဗာနွန့်စကားမဆုံးသေးပါပဲ
ပြန်လှည့်ထွက်သွားသူဟာ "မင်းကို မခေါ်ဘူး"
ဆိုသည့် အစကားအတိုင်း
စိတ်ကောက်နေသည်မှာ နှစ်ရက်တိတိပြည့်နေလေပြီ။

ဗာနွန်အိမ်ပြင်ထွက်လာတော့ ဆွန်းဂွမ်နှင့်မင်ဂယူက အပြင်တွင် စောင့်နေကြသည်။

"ဘယ်သွားမလို့လဲ"

"ငါတို့သွားနေကြ-"

"သွားမယ်"

ဗာနွန့်၏ အမေးကို ပြန်ဖြေဖို့ပြင်နေသည့်
မင်ဂယူ့ကို ဆောင့်ဆွဲကာ ထွက်သွားသူကိုကြည့်ရင်း ဗာနွန်ကြောင်နေမိသည်။
ညမှောင်နေပြီဖြစ်တာကြောင့် မလိုက်ချင်ပါသော်လည်း
စိတ်မချတာကြောင့်လည်း ဗာနွန်လိုက်သွားချင်ပါသည်။

စိတ်မချဘူးဆိုတာကို ဆွန်းဂွမ်ကိုသွားပြောရင်တော့
"စိတ်မချရအောင် ငါက မင်းအရင် ဒီမှာနေလာခဲ့တာပါနော်"ဟု ပြန်ဖြေမှာကိုလည်း ဗာနွန်အသိပင်။

"ဟင်.. ဆွန်းဂွမ်နီးတို့ ညကြီး ဘယ်သွားမလို့လဲ"

သွားနေသည့် လမ်းတွင်
ဝေါန်နူးဟျောင်းကို မြင်လိုက်တာကြောင့်
ဆွန်းဂွမ် စိတ်ပျက်စွာ အနည်းငယ် ငြီးငြူလိုက်မိသည်။

𝖶hisper of the 𝗁eart ( Hiatus )Where stories live. Discover now