•4•

204 39 24
                                    

[ Unicode ]

မနက်နိုး မျက်လုံးစဖွင့်ကတည်းက
ဆွန်းဂွမ် မြောက်ကြွမြောက်ကြွ ဖြစ်နေသည်မှာအမှန်။
ဘာလို့လဲဆို့တော့ ဟိုတနေ့ကမှ ဈေးထဲမှာ သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့လို့ပင်။

အဖော်မက်သည့်ဆွန်းဂွမ်အတွက် သူငယ်ချင်းတစ်ယောက်ရသည်မှာလည်း ပျော်စရာကောင်းလွန်းလှသည်။
ရေချိုးအင်္ကျီလဲကာ အိမ်ပြင်ထွက်လာတော့
အိမ်ရှေ့ကုတင်ပေါ်ထိုင်ကာ နောက်နေ့ဈေးတွင်သွားရောင်းရန် ဆန်မုန့်လုပ်ဖို့ ပြင်ဆင်နေသည့်
ဗာနွန်နှင့်အမေက ဆွန်းဂွမ်ကို ကြည့်လာသည်။

"ဘယ်သွားမလို့လဲ"

အမေကမေးလာတော့
ဆွန်းဂွမ်လည်း သွားဖြီးကာ ပြုံးပြလိုက်ရင်း
မျက်နှာချိုအရင်သွေးလိုက်သည်။

"ဟို.. အပြင်"

"မသွားနဲ့.. နင်ငါ့ကိုကူမလုပ်ပဲ အလေလိုက်နေတာတွေများနေပြီနော် ဘူးဆွန်းဂွမ်၊ ဒီနေ့တော့ ဗာနွန်နဲ့အတူတူ ဆန်မုန့်ကူလုပ်ပေးလိုက်၊ ပြန်လာရင် အကုန်ပြီးနေတာပဲလိုချင်တယ်"

အမေကထိုသို့ပြောပြီး မနေ့ကလုပ်ထားသည့် ဆန်မုန့်ဗန်းကို သယ်ကာ ခြံပြင်ကိုထွက်သွားတုန်း
ဆွန်းဂွမ် နှုတ်ခမ်းလေးတွေဟာလည်း ဆူတက်လာတော့သည်။
သူငယ်ချင်းကို သွားတွေ့ဖို့ ပျော်နေသည့်အပျော်တွေဟာလည်း လေတွင်ကြက်ပျောက်ငှက်ပျောက်။

ထွက်သွားသည့်အမေ့ကို မျက်စောင်းထိုးကာ ကြည့်နေသည့် အဖြူရောင်လုံးလုံးလေးဟာ
နှုတ်ခမ်းလေးတွေဆူတတ်လာသည်မြင်တော့ ဗာနွန် ခပ်ဟဟတစ်ချက်ရီလိုက်မိသည်။

ဘယ်အပြင်ကိုသွားဖို့များ ဒီလောက်တောင်ပြင်ဆင်ထားလဲမသိပါသော်ငြား
အမေကတားလိုက်တော့ စိတ်ကောက်ချင်နေသည့် ကောင်လေးက ခြေစောင့်ကာဗာနွန့်နားလာရင်း ကုတင်ပေါ်ထိုင်လာသည်။

သူ့ကိုလှည့်ကြည့်လာတဲ့ ဆွန်းဂွမ်မျက်လုံးလေးတွေဟာ သိပ်ကိုလင်းလက်နေပြီး
တောင်းဆိုမှုတွေအပြည့်ဖြင့်။
နှုတ်ခမ်းလေးဟာလည်း ချစ်စရာကောင်းစွာ
လိုလိုပိုပိုစူထွက်နေပြီး ဗာနွန့်ကိုအသနားခံသလို ကြည့်လာသည်။

𝖶hisper of the 𝗁eart ( Hiatus )Where stories live. Discover now