•3•

196 36 11
                                    

[ Unicode ]

"စစ်သူကြီးဆွန်းချောလ်ကိုပဲ အားကိုးရတော့မှာပေါ့.. အိမ်ရှေ့စံကိုသေချာရှာခဲ့ပါ"

အပြုံးတစ်ခုကိုမျက်နှာတွင်ချိတ်ရင်း ရီမောကာ ပြောလာသည့် မင်းကြီးဟာ အိမ်ရှေ့စံကို ရှာရန်အတွက် အရည်အချင်းပြည့်ဝသည့် စစ်သူကြီးကို အခြားမြို့တော်တွေဆီသွားရှာရန် အမိန့်ပေးလိုက်သည်။

စစ်သူကြီး ချွဲဆွန်းချောလ်ဟာ အတော်ဆုံး စစ်သူကြီးတွေထဲမှ တစ်ယောက်ဖြစ်ပြီး
အတိုက်အခိုက်လည်း အတော်ကိုကြွမ်းသည်ပင်။

"စိတ်ချပါ မင်းကြီး.. ကျနော်မျိုး အိမ်ရှေ့စံကို သေချာရှာခဲ့ပါ့မယ်"

ဆွန်းချောလ် မင်းကြီးနန်းဆောင်မှ ထွက်သွားပြီးသည့်အချိန်တွင် နန်းဆောင်ကတည်းက တစ်ကောက်ကောက်လိုက်လာသည့် အိမ်ရှေ့စံ၏ ကိုယ်ရံတော်ဟာ အခုလည်း ဆွန်းချောလ်ကိုနှောင့်ယှက်နေပြန်သည်။

"ကျနော့်ကို လိုက်ခွင့်ပေးပါ.. ကျေးဇူးပြုပြီး.."

"မင်းကငါ့အရည်အချင်းကိုစိန်ခေါ်နေတာလား! မလိုက်ခဲ့နဲ့ အလုပ်ရှုပ်တယ်"

သူ့ဘက်ကို စိတ်တိုတိုလှည့်ကြည့်ကာ ပြောလာသည့် စစ်သူကြီးကြောင့် ချန်းလည်း မျက်နှာကိုစီးသီးလောက်သိမ်ငယ်ပြလိုက်သည်။

"ကျနော့်ရဲ့အိမ်ရှေ့စံပျောက်နေတာကို.. ကျနော်လည်းကူညီပြီးရှာပေးချင်လို့ပါ စစ်သူကြီး၊ စဉ်းစားကြည့်ပါ ကျနော်ဘယ်လောက်ဝမ်းနည်းနေမလဲဆိုတာကို.. ရွှတ်ရွှတ်"

စစ်သူကြီးဆွန်းချောလ်က ချန်း အကြောက်ရဆုံးလူတွေထဲတွင်ပါသော်ငြား အိမ်ရှေ့စံကိုရှာဖို့အတွက်တော့ ချန်းကလိုက်ချင်ပါသည်။
အသနားခံကာ မရှိတဲ့မျက်ရည်ထုတ်ပြတော့ မျက်မှောင်ကြုံ့ကြည့်လာတာကြောင့် ရုပ်ကိုပြန်တည်လိုက်ရသည်။

"လိုက်ခဲ့ပြီးရင် ငါ့ကိုလာမရှုပ်နဲ့!"

ထိုသို့ပြောကာ စစ်သူကြီးထွက်သွားသည်နှင့် ချန်း ပျော်ရွှင်စွာ ထခုန်လိုက်သည်။
ချန်းနှင့်ရွယ်တူ အိမ်ရှေ့စံတစ်ယောက်ကို စောင့်ရှောက်ရသည်မှာ သူငယ်ချင်းလိုပင်ဖြစ်တာကြောင့် အိမ်ရှေ့စံကိုလည်း သံယောဇဉ်တွယ်နေတယ်လို့ပြောရင် မမှားပေ။

𝖶hisper of the 𝗁eart ( Hiatus )Where stories live. Discover now