•8•

220 37 6
                                    

[ Unicode ]

လမ်းတစ်ခုတွင်
ခြေဦးတည်ရာ လမ်းလျှောက်နေရင်း
မြောင်ဟို့ စိတ်ထဲ ရှုပ်ထွေးလို့နေသည်။
အမျိုးမျိုးသော အတွေးမျိုးစုံတွေကြောင့်
သက်ပြင်းချနေမိသည်မှာလည်း အခါခါ။

ဘာလို့များ အစ်ကိုက မြောင်ဟို့ကို မချစ်နိုင်ရတာလဲ။
သိချင်မိပါသည်။

"မင်းကြီးက သတင်းပေးတဲ့သူကို စစ်မေးဖို့ခေါ်ထားတယ်လို့ကြားတယ်"

"ဟုတ်တယ် အကြီးဆုံးမင်းသားကိုလည်း ကွက်မျက်လောက်တယ်ထင်တယ်.. သူ့ကိုထိန်းသိမ်းထားကြပြီလေ"

ကြားလိုက်ရသည့် လူနှစ်ယောက်ပြောနေသည့်စကားဟာ
မြောင်ဟို့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။

"ဟို.. တစိတ်လောက် ခင်ဗျားတို့ပြောနေတာတွေက တကယ်ပဲလား၊ အကြီးဆုံးမင်းသားကထိန်းသိမ်းခံထားရတယ်ဆိုတာကလေ.."

ချက်ချင်းပင် ထိုလူနှစ်ယောက်ဆီပြေးသွားရင်းမေးမိတော့
ခေါင်းငြိမ့်ပြလာသည်။
နှလုံးခုန်နှုန်းတွေထိုးတက်လာခြင်းနှင့်အတူ
နန်းတော်ကိုသာ ခြေကုန်သုတ်ပြေးမိသည်။

မဖြစ်ဘူး။
အစ်ကို့ကိုတော့ ဆုံးရှုံးလိုက်လို့မဖြစ်ဘူးလေ။

အရှိန်လွန်နေတဲ့ခြေလှမ်းတွေဟာ
နန်းတော်ထဲဝင်ဝင်ခြင်းပင် မင်းသားတော်ကို
အပြေးရှာမိသည်။
ထိန်းသိမ်းထားကြတယ်ဆိုမှတော့ မင်းသားတော် အစားရော စားရပါရဲ့လား စိတ်ပူမိသည်။

သူမရှိတဲ့နှစ်ရက်လောက်အတွင်း
ဖြစ်ပျက်သွားသမျှ မြောင်ဟို လိုက်မမှီနိုင်တော့ပေ။

"မင်း..မင်းသားတော်ကို ဘယ်နေရာမှထိန်းသိမ်းထားတာလဲ"

လမ်းမှာတွေတဲ့ စစ်သည်တစ်ယောက်ကို မေးတော့
မျက်နှာပျက်သွားတဲ့ ထိုစစ်သည်ပြောလာသည့်စကားဟာ
မြောင်ဟို့ကို တကယ်ပင်စိတ်ပျက်သွားစေသည်။

"ပြောလို့မဖြစ်လို့ပါ.."

"ဘာလို့ပြောလို့မဖြစ်ရမှာလဲ!! ငါကသူ့ရဲ့ကိုယ်ရံတော်.. ပြောစမ်းပါ.. မင်းသားတော် ဘယ်မှာလဲ!"

"ဆောမြောင်ဟို!! အဲ့ဒီ့သစ္စာဖောက်ကို အခုထိ ယုံကြည်နေတုန်းပဲလား"

𝖶hisper of the 𝗁eartWhere stories live. Discover now