•6•

226 38 16
                                    

[ Unicode ]

"ဟျောင်း..!"

ဂျွန်ဟွီး နန်းဆောင်တွင်တစ်ယောက်တည်းရှိနေတုန်း
အပြင်ဘက်မှ ကြားလိုက်ရသည့် အသံလေးကြောင့် ပြုံးကာ ဝင်လာမည့်သူကိုစောင့်နေလိုက်သည်။

ခဏအကြာ ဆံနွယ်အညိုရောင်တွေကို သပ်ရပ်စွာ ဖီးသင်ပြီး တစ်ဝက်ခွဲစီးထားကာ
အဖြူရောင်ပေါ်မှ အပြာရင့်ရောင်ပိုးသားခြုံထည်ကို ထပ်ဝတ်ထားသည့် အိမ်ရှေ့စံဟာ
ဂျွန်ဟွီးနန်းဆောင်ထဲသို့ ပိုင်စိုးပိုင်နင်းဝင်လာသည်။

"မနက်စောစောစီးစီး အိမ်ရှေ့စံလေးက ဘာလာလုပ်တာပါလဲ"

ခပ်ဟဟ ရယ်သံသွေးနေသည့်
ဂျွန်ဟွီးစကားဟာ
ညီငယ်လေးကို စနောက်ချင်သည့်သဘောသက်ရောက်သည်။

"ဓားသိုင်းမသင်ချင်လို့.. ရှောင်ထွက်လာတာ"

ထိုစကားကို ကြားသည့်အခါ
ဂျွန်ဟွီးအနေဖြင့် ခေါင်းမီးတောက်ရပြန်သည်။
ဟန်ဆိုလ်းအပေါ်ဆို စည်းကမ်းတင်းကြပ်သည့် ခမည်းတော်ကြောင့် အဆူခံရမည်ကိုလည်း မလိုလားပေ။

"အော်ဟော်.. ခမည်းတော်ဆူလိမ့်မယ်နော် ဟန်ဆိုလ်းရာ၊ ပြန်တော့"

ထိုင်ခုံပေါ်ထိုင်နေသည့် ဟန်ဆိုလ်းနားကိုသွားကာ
လက်မောင်းကနေ အတင်းဆွဲမရင်း
ပြောတော့ ပျင်းတိပျင်းရွဲ့နဲ့ထိုကောင်လေးက
ထိုင်ခုံပေါ်ကနေ တုပ်တုပ်တောင်မလှုပ်။

"အိမ်ရှေ့စံကြီးက ဘာလို့ဒီလောက်တောင်ပျင်းနေရတာလဲ.."

ဂျွန်ဟွီးရဲ့ထိုစကားကိုကြားတော့
မျက်စောင်းလေးဟာ ဂျွန့်ဘက်သို့ ချက်ချင်းရောက်လာသည်။

"ပျင်းတာထက်.. ကျနော်မှအိမ်ရှေ့စံမဖြစ်ချင်တာ၊ အဲ့ဒီ့ ဓားသိုင်းဆိုတဲ့ဟာတွေကိုလည်း ဝါသနာပါမနေဘူး..၊ အတော်အသင့်တတ်နေတာပဲကို"

ငြီးဆူဆူအသံလေးဖြင့် ပြောလာသည့် ဟန်ဆိုလ်းဟာ
တကယ်စိတ်ညစ်နေသည့်ပုံဖြင့် သက်ပြင်းချလိုက်တာကို မြင်လိုက်ရသည်။

ဂျွန်ဟွီးကိုယ်တိုင်လည်း ဟန်ဆိုလ်းရဲ့အခက်အခဲတွေကိုသိပါသည်။
ခမည်းတော်ရဲ့အချစ်ဆုံးသားဟူသည့်အတိုင်း အိမ်ရှေ့စံရာထူးကိုရခဲ့သော်ငြား ဟန်ဆိုလ်းကတော့ ထိုအရာတွေကို ဝါသနာမပါခဲ့ပေ။

𝖶hisper of the 𝗁eartWhere stories live. Discover now